မြန်မာ့ရွေးကောက်ပွဲကော်မရှင် (UEC) ကို အတွင်းရေးမှူး တစ်ဦး နှင့် ဥက္ကဌ အပါအဝင် အဖွဲ့ဝင် ၁၆ ဖွဲ့နှင့် ဖွဲ့စည်းထားသည်။ ဥက္ကဌ ဦးတင်အေးသည် ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်ကာ အာဏာရ USDP ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်ဖြစ်ပြီး ၂၀၁၂ တွင် ကော်မရှင်ဥက္ကဌ ရာထူးယူခဲ့ပြီးနောက် ပါတီမှ ထွက်ခွါခဲ့သည်။
နေပြည်တော်တွင် အခြေစိုက်သော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် လက်အောက်တွင် ပြည်နယ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် နှင့် အချို့သော ဒေသများတွင် ရပ်ကျေးအဆင့်အထိ ကော်မရှင် အဖွဲ့ခွဲ တစ်သောင်းငါးထောင် ကျော် ရှိသည်။ ရွေးကောက်ပွဲ နေ့၌ နိုင်ငံလုံးအနှံ့ မဲရုံပေါင်း လေးသောင်းခုနှစ်ထောင် တွင် မဲပေးနိုင်စေရန်အတွက် ၎င်းတို့က တာဝန်ယူဆောင်ရွက်ရသည်။
မဲပေးနိုင်သူ လူဦးရေ ၃၂ သန်းအထိ မဲပေးလာနိုင်သော အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင် မဲဆန္ဒရှင် စာရင်းများ ပြင်ဆင်ခြင်း၊ မဲဆန္ဒရှင်များကို ပညာပေးလှုပ်ရှားခြင်း၊ လိုအပ်ချက်များကို ထောက်ပံ့ပို့ဆောင်ခြင်း စသည်တို့ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC နှင့် ကော်မရှင်အဖွဲ့ခွဲများက တာဝန်ယူ ထားကြသည်။
အချို့သော ရပ်ကွက်များကို ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ချက်အရ စစ်တပ်နှင့် USDP နောက်ခံရှိသော ဦးတင်အေး သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ဘက်မလိုက်သော သမာဓိလူကြီး ဖြစ်နိုင် မဖြစ်နိုင် မေးခွန်းများ ထွက်လာသည်။ ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံရေးပါတီ ခေါင်းဆောင်များ တစ်ဒါဇင်ကျော်နှင့် အင်တာဗျူး သည့်အခါတွင် အချို့က ယနေ့အထိ လုပ်ဆောင်ခဲ့ချက်များကို ကြည့်၍ ဘက်မလိုက်ဘဲ တာဝန်ထမ်းဆောင် နိုင်သည်ဟု အကောင်းမြင်ကြကာ အချို့က ၎င်း၏ အမှီအခိုကင်းကင်း ရပ်တည်နိုင်စွမ်းကို ထေ့ငေါ့လှောင်ပြောင် ခဲ့ကြသည်။
Asian Barometer Survey က ယခုသီတင်းပတ်တွင် ထုတ်ပြန်လိုက်သည့် သုတေသန ရလဒ်အရ ပြည်သူများ ထဲမှ ၃၆ ရာခိုင်နူန်းက ရွေးကောက်ပွဲ ကော်မရှင်ကို ယုံကြည်ကြကာ ၃၂ ရာခိုင်နူန်းက အယုံအကြည် မရှိကြပေ။
USDP အတွင်းရှိ ၎င်း၏ မိတ်ဆွေရင်းများ၊ လုပ်ဖော်ကိုင်ဖက် ဟောင်းများကို ချစ်ခင်သော်လည်း ယင်းသံယောဇဉ်က ၎င်း၏ သမာသမတ်ကျနမှုကို ထိခိုက်မည် မဟုတ်ကြောင်း ဦးတင်အေးက The Irrawaddy ကို ဇွန်လက ပြောကြားခဲ့ဖူးသည်။
ကော်မရှင်တွင် တိုင်းရင်းသား ကိုယ်စားလှယ် ပိုမို ပါဝင်စေသင့်သည်ဟု တောင်းဆိုမှုများကို သမ္မတဦးသိန်းစိန်၏ သဘောတူညီချက်နှင့်အတူ ယခုနှစ်အတွင်း ရွေးကောက်ပွဲကော်မရှင်တွင် မူရင်းအဖွဲ့ဝင် ၈ ဦးထက် ထပ်မံ ချဲ့လိုက်သည်။ အမျိုးသမီးတစ်ဦးပါဝင်သည့် အဖွဲ့ဝင်များကို နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲ၏ လွတ်လပ်မျှတမှု သေချာစေရန်အတွက် ခန့်အပ်တာဝန်ပေးထားသည်။
ယခုနှစ် အစောပိုင်းတွင် တိုင်းရင်းသား ကိုယ်စားလှယ် ၈ ဦးကို ကော်မရှင်သို့ ခန့်အပ်လိုက်ခြင်းအား သိရှိသူ နည်းပေသည်။ တစ်ဦးချင်းစီသည် မြန်မာ့ တိုင်းရင်းသား လူနည်းစု အုပ်စုများမှ ဖြစ်ကြကာ သက်ဆိုင်ရာ ပြည်နယ်များတွင် တာဝန်ပေးထားပြီး ရှမ်းပြည်နယ်တွင် ရှမ်း ကော်မရှင်အဖွဲ့ဝင် သုံးဦး ခန့်ထားသည်။
အဆိုပါ ၈ ဦး၏ သတင်းအချက်အလက်များ ရရှိပါက Irrawaddy အနေဖြင့် ထပ်မံဖော်ပြပေးသွားပါမည်။
– အသက် ၆၉ နှစ်အရွယ် ဦးအန်(န်)ဇော်ဇော် ကို ကချင်ပြည်နယ်သို့ တာဝန်ပေးထားပါသည်။
– အသက် ၆၉ နှစ်အရွယ် ဦးစောဘလှိုင် က ကရင်ပြည်နယ်သို့ တာဝန်ပေးခံရပါသည်။
– အသက် ၆၉ နှစ်အရွယ် ဦး စိုင်းခွန်ဝင်း ကို ကရင်နီပြည်နယ်သို့ တာဝန်ပေးထားပါသည်။
– အသက် ၆၉ နှစ်အရွယ် ဦးဟာကီး ကို ချင်းပြည်နယ်သို့ တာဝန်ပေးထားပါသည်။
– အသက် ၅၈ နှစ်အရွယ် ဦးမောင်မောင်ကြည် ကို ရခိုင် ပြည်နယ်သို့ တာဝန်ပေးထားပါသည်။
– အသက် ၇၄ နှစ်အရွယ် ဦးစိုင်းနွန်တောင်း ကို ရှမ်းပြည်နယ် တောင်ပိုင်း သို့ တာဝန်ပေးထားပါသည်။
– အသက်၅၁ နှစ်အရွယ် ဦးစိုင်းထွန်းသိန်း ကို ရှမ်းပြည်နယ် အရှေ့ပိုင်း သို့ တာဝန်ပေးထားပါသည်။
– အသက် ၆၄ နှစ်အရွယ် ဦးစိုင်းဆမ်ဝင်း ကို ရှမ်းပြည်နယ် မြောက်ပိုင်း သို့ တာဝန်ပေးထားပါသည်။
မူလအဖွဲ့ဝင် ၈ ဦးတွင် တိုင်းရင်းသား မျိုးနွယ်စု ကိုယ်စားလှယ်အဖြစ် ဦးညွန့်တင် တစ်ဦးသာ UEC တွင် ပါဝင်ပြီး မွန်ပြည်နယ်အတွင် ထပ်မံခန့်မည်ဟု ယူဆရသည်။