fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
အင်တာဗျူး

“မဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ်ချက်ကို လက်ခံမယ်” ဟု သမ္မတဦးသိန်းစိန် ပြော

မနိုင်ခဲ့ဘူးဆိုရင်လည်း မနိုင်တဲ့အတိုင်းပဲပေါ့။ အဘ ပြောတဲ့ မိန့်ခွန်းထဲမှာလည်း ပါပါတယ်။ ခုနက လိုပေါ့။ ဘာပဲဖြစ်ဖြစ် ပြည်သူတွေရဲ့ မဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ်ချက်ကို လက်ခံရမှာပေါ့။ အဓိကက တိုင်းပြည် တည်တည် ငြိမ်ငြိမ် အေးအေးချမ်းချမ်းရှိဖို့ တိုင်းပြည် ဖွံဖြိုးတိုးတက်ဖို့ပဲ ဘယ်သူပဲ လုပ်လုပ်


Want create site? Find Free WordPress Themes and plugins.

ဇမ္ဗူသီရိမြို့နယ်ထဲက ဇေယျသိဒိ္ဓရပ်ကွက် မဲရုံ အမှတ် ၅ မှာ မဲပေးဖို့ မနက် ၁၁း၀၅ နာရီမှာ သမ္မတကြီးရောက်လာပါတယ်။ ရောက်စမှာ လူထုကြားထဲ ခေတ္တခဏ တန်းဝင်စီပြီး အားလုံးက အရင်သွားစေချင်တဲ့အတွက် အရှေ့ကို ခဏလေးပဲ ရောက်သွားပြီး မဲရုံတွင်းမှာ မဲပေးခဲ့ပါတယ်။ မဲမပေးခင် အချိန်ခဏလေးမှာ ဧရာဝတီ သတင်းထောက်ရဲ့ မေးမြန်းမှုကို ခုလို ဖြေကြားသွားပါတယ်။

မေး။   ။ တကယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မနိုင်ခဲ့ဘူးဆိုရင် သမ္မတကြီး ဘာဆက်လုပ်သွားမလဲ။
ဖြေ။    ။ သမီးရယ် မနိုင်ခဲ့ဘူးဆိုရင်လည်း မနိုင်တဲ့အတိုင်းပဲပေါ့။ အဘ ပြောတဲ့ မိန့်ခွန်းထဲမှာလည်း ပါပါတယ်။ ခုနက လိုပေါ့။ ဘာပဲဖြစ်ဖြစ် ပြည်သူတွေရဲ့ မဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ်ချက်ကို လက်ခံရမှာပေါ့။ အဓိကက တိုင်းပြည် တည်တည် ငြိမ်ငြိမ် အေးအေးချမ်းချမ်းရှိဖို့ တိုင်းပြည် ဖွံဖြိုးတိုးတက်ဖို့ပဲ ဘယ်သူပဲ လုပ်လုပ်။

မေး။    ။ သမ္မတကြီးအနေနဲ့ နောက်လာမယ့်အစိုးရကို (လုံးဝအကြီးအကျယ် နိုင်သွားတဲ့အစိုးရ သို့မဟုတ် ပူးပေါင်း ဆောင်ရွက်ရတဲ့ အစိုးရ) ဘယ်လိုအစိုးရမျိုး ဖြစ်လာမယ် ထင်ပါသလဲ။
ဖြေ။    ။ အဲဒါကျ ရွေးကောက်ပွဲ အခြေအနေပေါ် မူတည်ပါတယ်။ ရွေးကောက်ပွဲရလဒ် အဆုံးအဖြတ်၊ ရွေးကောက်ပွဲ ရလဒ်၊ ဒီအပေါ်တွေပေါ် မူတည်ပါတယ်။

ကြားကာလ အစီအစဉ်နဲ့ ပတ်သက်လို့ အမေးကိုတော့ မဖြေပေးခဲ့ပါဘူး။

Did you find apk for android? You can find new Free Android Games and apps.