fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
အင်တာဗျူး

အနိုင်ရ အမျိုးသမီး ပအို့ဝ် တိုင်းရင်းသားရေးရာ ဝန်ကြီး နှင့် တွေ့ဆုံခြင်း

ကျမတို့ လူမျိုးအတွက် လုပ်ဆောင်ရလို့ အဲဒါက အရမ်းဝမ်းသာတယ်။ ကျမတို့ လူမျိုးတွေရဲ့ နိမ့်ကျနေတဲ့ ပညာရေး တွေကိုလည်း မြှင့်တင်ပေးဖို့ ရည်ရွယ်ချက် ရှိပါတယ်။


Want create site? Find Free WordPress Themes and plugins.

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီကနေ မွန်ပြည်နယ် ပအို့ဝ် တိုင်းရင်းသား ရေး ရာ ဝန်ကြီးနေရာမှ အနိုင်ရခဲ့သူ ဒေါ်စံဝင့်ခိုင် ကို ဧရာဝတီ သတင်းဌာနမှ ဟေမာနွန်က တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြ လိုက် ပါသည်။

မေး။   ။ အမျိုးသမီးတဦးအနေနဲ့ တိုင်းရင်းသား ရေးရာ ဝန်ကြီးနေရာ အရွေးခံရတော့ ခံစားချက် ဘယ်လိုရှိလဲ။
ဖြေ။   ။ ကျမတို့ လူမျိုးအတွက် လုပ်ဆောင်ရလို့ အဲဒါက အရမ်းဝမ်းသာတယ်။ ကျမတို့ လူမျိုးတွေရဲ့ နိမ့်ကျနေတဲ့ ပညာရေးတွေကိုလည်း မြှင့်တင်ပေးဖို့ ရည်ရွယ်ချက် ရှိပါတယ်။

မေး။   ။ အန်တီရဲ့ ကိုယ်ရေး အကျဉ်းလေး ပြောပြပေးပါဦး။
ဖြေ။   ။ ကျမအသက် ၆၈ နှစ်ရှိပါပြီ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကြီး စတင်တည်ထောင်ကတည်းက အဖွဲ့ဝင်အဖြစ် ဆောင်ရွက် ခဲ့ပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုမှာလည်း စာသင်ရင်းနဲ့ ကျမထောင်ကျတယ်ပေါ့နော်။ အဲဒီတုန်းက အစိုးရက ကျောင်းတွေကို ပိတ် ထားတယ် ကျမတို့ဆရာတွေက စဉ်ဆက်မပြတ် ပညာရေးဆိုပြီးတော့ အဲဒီလိုလုပ်ဆောင်ရင်းနဲ့ပဲ ထောင် ၃ နှစ်ကျခဲ့ပါတယ်။ အဲဒါက ကျမရဲ့ နိုင်ငံရေးအစပေါ့နော်။ အဲဒီကတည်းကစပြီး ကလေးတွေရဲ့ပညာရေးတွေကို ကျမ တစိုက်မတ်မတ်ဆောင်ရွက် လာ ခဲ့တာ ဒီနေ့ဒီအချိန်ထိပါပဲ။ အခုဆို ပညာရေးကွန်ရက်ရဲ့ Coordinatorတဦးလည်း ဖြစ်ပါတယ်။

မေး။   ။ အမျိုးသားတွေနဲ့ တန်းတူ အလုပ်လုပ်ခွင့်ရတဲ့ အပေါ်မှာရော ဘယ်လိုမြင်လဲ။
ဖြေ။   ။ တန်းတူအလုပ်လုပ်ခွင့်ရရင် လုပ်လိုက်ရုံပဲလေ၊ အားငယ်မယ်၊ အားနွဲ့မယ် ဆိုတာ လုံးဝမရှိပါဘူး၊ လက်ရှိအမျိုးသမီးတွေမြင်နေရတာက အမျိုးသမီးဆိုပြီး အားနွဲ့နေလို့ပါ။ တကယ်တော့ အမျိုးသမီးရယ် အမျိုးသားရယ် မဟုတ်ပါဘူး။ လုပ်စရာရှိတာ လုပ်လိုက်တာပဲ။

မေး။   ။ မွန်ပြည်နယ်ထဲမှာ ရှိတဲ့ ပအို့ဝ် တိုင်းရင်းသားတွေအားလုံးက မဲထည့်ခဲ့တာရှိလား၊ ဘယ်လောက် မဲထည့်ခဲ့တာရှိလဲ။
ဖြေ။   ။ ပအို့ဝ် တိုင်းရင်းသား တော်တော်များများဟာ မှတ်ပုံတင်မှာကိုက တချို့မှားယွင်းနေတာရှိတယ်၊ ပအို့ဝ်က ဗမာဖြစ်နေတာ လည်းရှိတယ်၊ ကရင်ဖြစ်နေတာလည်း ရှိတယ်။ အဲဒီအခြေခံတွေကြောင့် ပအို့ဝ် တိုင်းရင်းသားအများစုဟာ ပအို့ဝ်အနေနဲ့ မဲမပေးနိုင် ခဲ့ပါဘူး။ ဗမာတိုင်းရင်းသား အတော်များများ ဖြစ်သွားပါတယ်။ ပြည်နယ်အနေနဲ့ ရောနှောပြီး နေထိုင်ကြကျတဲ့အတွက် အဲဒီလိုဖြစ်တယ်လို့ ကျမ ယူဆပါတယ်။

မေး။   ။ ကော်မရှင်က ထုတ်ပြန်တဲ့ စာရင်းမှာရော ပအို့ဝ် တိုင်းရင်းသားတွေက ဘယ်လောက်မဲထည့်ခဲ့တာတွေ့လဲ။
ဖြေ။   ။ ကျမကြည့်ရတာကတော့ တဝက်လောက်ပဲ မဲပေးခဲ့ပါတယ်။ သွားရေးလာရေး ခက်ခဲတာရယ်၊ ဗဟုသုတနည်းပါးတာရယ် အဲဒီလိုမျိုးတွေကြောင့်ပါ။   ။

Did you find apk for android? You can find new Free Android Games and apps.