Burma Votes 2015

ဒီမိုကရေစီရေးရာ ကိစ္စရပ်များသည် မြန်မာပြည်အတွက် စိမ်းနေဆဲ ဖြစ်သည်။ ဒီမိုကရေစီနည်းကျဟူသော စကားလုံးကို အသုံးပြုခြင်းအား အရပ်သားပါဟု ဆိုနေသည့် အစိုးရ ကို ရက်ရက်ရောရောကြီး ပေးထားလိုက် ပြီဖြစ်ကြောင်း တော်တော်များများက ဆိုကြပေမည်။ သို့ပါသော်လည်း နှစ်ပေါင်း ၅ဝကျော်အတွင်း ယခုလောက် လွတ်လပ်မှုကို တိုင်းပြည်က မမြင်ခဲ့ရရိုး အမှန်ဖြစ်ကာ လက်ရှိ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အလွန် အရေးပါသည့် စမ်းသပ် စစ်ဆေးမှု အဖြစ် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲက သက်သေပြ ပေလိမ့်မည်။

နိုင်ငံရေးပါတီများ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နှင့် အရပ်ဘက်လူ့အဖွဲ့အစည်း အစုအဖွဲ့များ သည် မကြာသေးခင် လများက မဲဆန္ဒရှင်ပညာပေးရေး Voter Education လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြပြီး ဖြစ်သည်။ သတင်းအချက်အလက်များ ကျနကောင်းမွန်စွာ ရရှိထားသော မဲဆန္ဒရှင်များ ဖြစ်စေရန် ဧရာဝတီကလည်း ၄င်း၏ ကဏ္ဍကို ဝင်ရောက်လုပ်ဆောင်ပေးခြင်း ဖြစ်သည်။



Files