၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ကချင်အထူးဒေသ ၁ တွင် NLD အမတ်လောင်း ရိုက်နှက်ခံရပြီး ပစ္စည်းများ ဖျက်ဆီးခံရ

အကုန်လုံး ပရိုဂျက်တာတွေလည်း ရိုက်ခွဲလိုက်တယ်။ အောက်စက် တွေ လည်း ရိုက်ခွဲလိုက်တယ်။ ကိုယ်စားလှယ်လောင်းတွေပါ အထိုးခံလိုက်ရတယ်။ အလံတွေအကုန်လုံးဆွဲဖြဲ အလံ တွေရော ချိုး ကားတွေမှာ ပါတဲ့အလံတွေရော ဆိုင်ကယ်တွေဆိုလည်း တုံးလုံးပက်လက် အဲလိုတွေဖြစ်ခဲ့ရတယ်


Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်ရှိ ကချင်ပြည် ဒီမိုကရေစီသစ်တပ်မတော် (NDAK) ခေါင်းဆောင် ဦးစခုန်တိန့်ယိန်း ထိန်းချုပ်ထားသော  ကချင်အထူးဒေသ ၁ နယ်မြေတွင် မဲဆွယ်စည်းရုံးရေးလုပ်နေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ကိုယ်စားလှယ်လောင်းနှင့်ပါတီဝင်များ ရိုက်နှက်ခံရပြီး ပစ္စည်းများ ဖျက်ဆီးခံရ  သတင်း ရရှိသည်။

NLD ကိုယ်စားလှယ်လောင်းနှင့် ပါတီဝင်များကို ကချင်အထူးဒေသ ၁ နယ်မြေ၊ ကန်းဖန့်ကျေးရွာတွင် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရန် ပြင်ဆင်နေစဉ် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP)တံဆိပ်နှင့် မနောတိုင်တံဆိပ် ခေါင်း စည်း ထားသည့် လူ အယောက် ၃၀ ခန့်က အောက်တိုဘာ ၁၂ ရက် ညနေပိုင်းတွင် ရိုက်နှက်ခဲ့ပြီး ပစ္စည်းများကို ဖျက်ဆီး ခဲ့ကြောင်း ပါတီဝင်များက ပြောသည်။

“ကျနော်တို့ရဲ့ စက်တွေအကုန်လုံး ရိုက်ခွဲတယ်။ အကုန်လုံး ပရိုဂျက်တာတွေလည်း ရိုက်ခွဲလိုက်တယ်။ အောက်စက် တွေ လည်း ရိုက်ခွဲလိုက်တယ်။ ကိုယ်စားလှယ်လောင်းတွေပါ အထိုးခံလိုက်ရတယ်။ အလံတွေအကုန်လုံးဆွဲဖြဲ အလံ တွေရော ချိုး ကားတွေမှာပါတဲ့အလံတွေရော ဆိုင်ကယ်တွေဆိုလည်း တုန်းလုံးပက်လက် အဲလိုတွေဖြစ်ခဲ့ရတယ်။ အကုန်လုံး ရိုက်ချိုးဖျက်ဆီးလိုက်တဲ့အခါကျတော့ ကျနော်တို့ တခုမှလည်း ပြန်မရဘူး။ ဒီအတိုင်း ကိုယ်လွတ်ရုန်းပြီး ပြန်လာရတယ်” ဟု  အမျိုးသား လွှတ်တော်မဲဆန္ဒနယ်မြေ ၅ တွင်ဝင်ရောက်ယှဉ်ပြိုင်သည့် NLD ကိုယ်စားလှယ် လောင်း ဦးကျော်ကျော်ဦး က ရှင်းပြသည်။

ထိုသို့ အကြမ်းဖက်ရိုက်နှက်မှုအတွင်း NLD ပါတီဝင် ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကာ ပစ္စည်းတန်ဖိုး သိန်း ၃၀ ခန့် ဖျက်ဆီးခံခဲ့ရကြောင်း၊ ယခုဖြစ်စဉ်ကို NLD ရုံးချုပ်သို့တင်ပြပြီးနောက် ဥပဒေအတိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းက ပြောသည်။

ဦးစခုန်တိန့်ယိန်းထိန်းချုပ်သော ကချင်အထူးဒေသ ၁ နယ်မြေတွင် NLD ပါတီက မဲဆွယ်စည်းရုံးရေး မလုပ်ရန် ဦးစခုန် တိန့်ယိန်းက တားမြစ်ခဲ့သော်လည်း ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်၏ ညှိနှိုင်းချက်အရ မဲဆွယ်စည်း ရုံး ရေး လုပ်ဆောင်ရန် ပြန်လည်ခွင့်ပြုခဲ့ကြောင်း၊ သို့ရာတွင် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်စဉ် NLD ကိုယ်စားလှယ်လောင်း များ ရိုက်နှက်ခံရမှုသည် ဦးစခုန်တိန့်ယိန်း၏လူများ လက်ချက်ဟုယူဆဖွယ်ရာရှိကြောင်း  NLD ပါတီဝင် များက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဦးစခုန်တိန့်ယိန်းကို မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်းစက်ပိတ်ထားကြောင်း၊ ဦးစခုန် တိန့်ယိန်း၏ ကိုယ်ရေားအရာရှိဖြစ်သူထံသို့  ဖုန်းဆက်သွယ်မေးမြန်းရာ ဦးစခုန်တိန့်ယိန်း ခရီးသွားနေ၍ ဖြေကြား ပေးနိုင် မည်မဟုတ်ကြောင်း ဧရာဝတီသို့ ပြောသည်။

NLD ကိုယ်စားလှယ်လောင်း နှင့်ပါတီဝင်များ ရိုက်နှက်ခံရမှုသည် ဒုစရိုက်ဆန်ဆန်ဖြစ်သည့်အတွက် ရဲစခန်းတွင်အမှုဖွင့်ပြီး တရားစွဲဆိုရမည်ဖြစ်ကြောင်း မြစ်ကြီးနားခရိုင် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးကျော်စိုးအောင်က ပြောသည်။

“ကျနော်တို့မှာက ဥပဒေပြုအာဏာ၊ တရားစီရင်ရေးအာဏာမရှိဘူး။ ဒါက ရန်ဖြစ်တာပဲ။ ဥပဒေအရ ဆုံးဖြတ်ပြီးရင် တော့ ဒီလူတွေကို အရည်အချင်းပျက်ယွင်းတာတို့၊ ရွေးကောက်ပွဲပယ်တာတို့ အပြစ်ရှိရင်ရှိသလို ဆက်လက်အရေး ယူမယ်။ ဒါက နောက်အပိုင်းပေါ့” ဟု ၎င်းက ဆိုသည်။

ကချင်ပြည်နယ် အထူးဒေသ ၁ ထာဝရငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဦးစခုန်တိန့်ယိန်းသည် လက်ရှိ အမျိုးသား လွှတ် တော် ကိုယ်စားလှယ်ဖြစ်ပြီး လာမည့် ရွေးကောက်ပွဲတွင်လည်း ချီဖွေ၊ ဆော့လော်၊ အင်ဂျန်း ယန် စသည့် မြို့နယ် ၃ ခု အတွက် တသီးပုဂ္ဂလ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် မဲဆန္ဒနယ်မြေ အမှတ် ၅ တွင် ဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.