fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ကယား ကြံ့ခိုင်ရေးပါတီမှ ပြည်နယ်ဝန်ကြီး ၃ ဦးနုတ်ထွက်မှု သမ္မတရုံး ဝန်ကြီးတွေနဲ့ ဆက်စပ်နေသလား

ပါတီတွင်းမှာ ဆိုရင် အမတ်လောင်းတွေ များပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ လုပ်ဖို့ တင်ပြတာ တွေလည်းရှိတယ်။ အဲဒီလိုလုပ်ဖို့ တင်ပြတဲ့ အခါကျတော့ ဖြစ်ချင်တဲ့ လူငယ်တွေကိုလည်း နေရာပေးတဲ့ အနေနဲ့ ထွက်ပေးတာ ဖြစ်ပါတယ်။


Want create site? Find Free WordPress Themes and plugins.

သမ္မတရုံးဝန်ကြီးများဖြစ်သည့် ဦးစိုးသိန်းနှင့်ဦးအောင်မင်းတို့က ကယားပြည်နယ်ရှိ မဲဆန္ဒနယ်များမှ ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်လိုကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ) ဗဟို ထံသို့ တင်ပြခဲ့ရာ ကြံ့ခိုင် ရေးပါတီက ငြင်းပယ်ခဲ့ ပြီးနောက် ကယားပြည်နယ်ကြံ့ခိုင်ရေးပါတီမှ ပြည်နယ်ဝန်ကြီး ၃ ဦး နုတ်ထွက်မှု ပေါ်ပေါက် လာ ကြောင်း သတင်းရရှိသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီကို ကိုယ်စားပြု၍ ကယားပြည်နယ် မဲဆန္ဒနယ်များတွင် အနိုင်ရရှိပြီး ပြည်နယ် လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရကာ ကယားပြည်နယ်အစိုးရ ဝန်ကြီးများဖြစ်လာကြသည့် ပြည်နယ် ဝန်ကြီး ၃ ဦးသည် ကယားပြည်နယ် ကြံ့ခိုင်ရေးပါတီမှ ဇူလိုင်လ ၃ ရက်နေ့တွင် နုတ်ထွက်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ကယားပြည်နယ်ကြံ့ခိုင်ရေးပါတီမှ နုတ်ထွက်သွားကြသည့် ပြည်နယ်ဝန်ကြီး ၃ ဦးမှာ ဖရူဆိုမြို့နယ်၊ ပြည်နယ်မဲဆန္ဒနယ် အမှတ် ၁ မှ ရွေးကောက်ခံခဲ့ရပြီး ပြည်နယ်လျှပ်စစ်နှင့် စက်မှု ဝန်ကြီးဖြစ်လာသူ ဦးစောဟူးဟူး၊ ဘော်လခဲမြို့နယ်၊ ပြည်နယ် မဲဆန္ဒနယ် အမှတ်၂ မှ ရွေးကောက်ခံခဲ့ရပြီး ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဖြစ်လာသူ ဦးချစ်လှ၊ ဘော်လခဲ မြို့နယ်၊ ပြည်နယ်မဲဆန္ဒနယ် အမှတ်၂ မှ ရွေးကောက်ခံခဲ့ရပြီး ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဖြစ်လာ သူ ဦးအောင်နိုင်ဦးတို့ ဖြစ်ကြောင်း သိရှိရသည်။

“နောက် ၃ ၊ ၄ လဆိုရင် ရွေးကောက်ပွဲလုပ်တော့မယ်။ အဲဒီအတွက် ပါတီ အောင်နိုင်ရေး ဆောင်ရွက်ရမယ်။ အဲဒီအခါ ကျ တော့ ပေးအပ်တဲ့တာဝန်ကို ကျနော်အနေနဲ့ လုပ်နိုင်မယ်မထင်ဘူး။ အဲဒီအတွက် တောင်းထွက်လိုက်တာဖြစ်ပါ တယ်။ နောက် တခုက ခုပါတီတွင်းမှာဆိုရင် အမတ်လောင်းတွေများပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေလုပ်ဖို့ တင်ပြတာ တွေ လည်းရှိတယ်။ အဲဒီလိုလုပ်ဖို့တင်ပြတဲ့အခါကျတော့ ဖြစ်ချင်တဲ့လူငယ်တွေကိုလည်း နေရာပေးတဲ့အနေနဲ့ ထွက်ပေး တာဖြစ်ပါတယ်။ ကိုယ့်သဘောနဲ့ကိုယ်ထွက်တာပါ” ဟု ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှက ဧရာဝတီကို ပြောသည်။

ပြည်နယ်ဝန်ကြီး ၃ ဦး နုတ်ထွက်မှုသည် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့ ကယားပြည်နယ်မဲဆန္ဒနယ်မှ ၂၀၁၅ ရွေးကောက်ပွဲ ဝင်မည့် ကိစ္စနှင့်ပတ်သက်မှု မရှိဟု ပြည်နယ်ဝန်ကြီးများက ပြောဆိုကြသည်။

“ဘာမှဆက်စပ်မှု ပတ်သက်မှုလည်းမရှိပါဘူး။ သူတို့ရဲ့ဖိအားတို့ ဘာတို့လည်း မရှိပါဘူး။ ဦးတို့သဘောနဲ့ပဲ ထွက်တာ ပါ” ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှက ပြောသည်။

နုတ်ထွက်သွားသည့် ဝန်ကြီးများအနေဖြင့် လက်ရှိအချိန်ထိ မည်သည့်ပါတီကိုမှ ဝင်ရောက်ရန် အစီအစဉ် မရှိသေး သော် လည်း ရွေးကောက်ပွဲနီးကပ်လာသည့်အချိန်တွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒရှိပါက ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကာ ပြည်သူ့ အကျိုး စီးပွား များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ကြံ့ခိုင်ရေးပါတီဝင် ပြည်နယ်ဝန်ကြီး ၃ ဦးသည် ဇူလိုင်လ ၃ ရက်နေ့တွင် နုတ်ထွက်စာတင်သည့်အပေါ် ကြံ့ခိုင်ရေးပါတီ ဗဟိုဌာနချုပ်က အကြောင်းတစုံတရာ တုံ့ပြန်ခြင်းမရှိဘဲ ခွင့်ပြုခဲ့ကြောင်း၊ ကြံ့ခိုင်ရေးပါတီဗဟိုဌာနချုပ်က နုတ်ထွက်သွား သည့် ပြည်နယ်ဝန်ကြီး၏ မဲဆန္ဒနယ်များတွင် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းကို မူလကတည်းက လျာထားပြီးဖြစ်ကြောင်း သိရှိရသည်။

“တုံ့ပြန်ခြင်းဘာမှမရှိပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့ကလည်း နေရာလေးတွေ လျာထားတဲ့အပေါ်မှာ မူတည် ပြီးတော့မှ ကျနော်တို့ကိုလည်း ခွင့်ပေးလိုက်တာပေါ့” ဟု ပြည်နယ်လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစောဟူးဟူးက ဧရာဝတီကို အတည်ပြု ပြောသည်။

ကြံ့ခိုင်ရေးပါတီမှ ပြည်နယ်ဝန်ကြီး ၃ ဦး နုတ်ထွက်မှုကိစ္စနှင့်ပတ်သက်၍ ကြံ့ခိုင်ရေးပါတီဗဟိုဌာနချုပ်မှ တာဝန်ရှိသူများကို ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း တာဝန်ခံဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.