၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ကျားဖြူပါတီမှ ကိုယ်စားလှယ် ၂ ဦး နုတ်ထွက်၊ တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်မည်

လာမည့် ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ (ကျားဖြူပါတီ – SNDP) ကိုယ်စားလှယ် ၂ ဦးသည် ပါတီမှ နုတ်ထွက်ပြီး တသီးပုဂ္ဂလ အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။


Want create site? Find Free WordPress Themes and plugins.

လာမည့် ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ(ကျားဖြူပါတီ – SNDP) ကိုယ်စားလှယ် ၂ ဦးသည် ပါတီ မှ နုတ်ထွက်ပြီး တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

ထိုကိုယ်စားလှယ် ၂ ဦးမှာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဝန်ကြီး ဦးစိုင်းနော်ခမ်းနှင့် လွိုင်လင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်ဇောသန်း တို့ဖြစ်ကြသည်။

၎င်းတို့ ၂ ဦးကို SNDP ပါတီဗဟိုက ရွေးချယ်မှု မပြုဘဲ ကိုယ်စားလှယ်လောင်း နေရာတွင် လူစားထိုး ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း SNDP က ပြောသည်။

SNDP ပါတီမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းအောင်မြင့်ခိုင်က“ကျနော်တို့ ကိုယ်စားလှယ်လောင်းတွေကို ဗဟိုကနေ ရွေးချယ်တာ မဟုတ် ပါဘူး။ အောက်ခြေကနေ တက်လာတဲ့စာရင်းကို အခြေခံပြီး ကိုယ်စားလှယ်လောင်းတွေကို ရွေးတာဖြစ်ပါတယ်။ အဲဒီအထဲက တယောက်စ နှစ်ယောက်စတော့ ပါလာပါတယ်။ ဒါပေမယ့် အောက်ခြေကသူတို့ကို မကြိုက်တဲ့အတွက် မတင်လာဘူး”ဟု ဧရာဝတီ ကို ပြောပြသည်။

လွိုင်လင်မြို့နယ် တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးစိုင်းကျော်ဇောသန်း ကလည်း ၎င်း ဝင်ရောက်ယှဉ်ပြိုင်ရမည့် လွိုင်လင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နေရာ၌ လူစားထိုးထားသည်ကို သိရှိရ၍ တသီး ပုဂ္ဂလ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ပြောသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးစိုင်းနော်ခမ်းကလည်း သီပေါမြို့နယ် တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်ဟု ဆိုသည်။
“တသီးပုဂ္ဂလ ဆိုရင်တော့ လွယ်တော့မလွယ်ဘူး။ ပါတီရှိရင်တော့ ပါတီပုံရိပ် ရှိတာပေါ့။ တသီးပုဂ္ဂလကတော့ ပုဂ္ဂိုလ်ရေး လေးစား မှုနဲ့ပါ”ဟု နမ့်စန်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းသူရိန်ဦးက ဧရာဝတီကို ပြောသည်။
စိုင်းသူရိန်ဦးသည် ယခင်က SNDP ပါတီမှ ဖြစ်ပြီး နောက်ပိုင်းတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(ကျားခေါင်းပါတီ – SNLD) သို့ ပြောင်းသွားခဲ့သူ ဖြစ်သည်။

ယခုကျင်းပနေသည့် လွှတ်တော်သက်တမ်းအတွင်း SNDP ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄ ဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၂ ဦးနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၆ ဦးတို့နုတ်ထွက်ပြီး SNLDသို့ ပြောင်းသွားကြောင်းလည်း သိရ သည်။
လာမည့် ရွေးကောက်ပွဲတွင် SNDP ပါတီကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တဦးလျှင် SNDP ပါတီမှ ထောက်ပံ့ကြေးငွေ ကျပ် ၁၀ သိန်း ပေးသွားမည်ဟု သိရသည်။
နောင်လာမည့် လွှတ်တော်သက်တမ်း ၂၀၁၆-၂၀၂၀ အတွင်း လွှတ်တော်ကိုယ်စားလှယ် အဖြစ် တာဝန်ထမ်းဆောင်ရသည် ဖြစ်စေ၊ ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ရသည်ဖြစ်စေ တခြားပါတီ အဖြစ်သို့ ပြောင်းလဲမည် ဆိုပါက SNDP ပါတီ၏ ထောက်ပံ့ကြေးငွေ အဆ ၅၀၊ ကျပ်သိန်း ၅၀၀ ကို ပြန်လည်ပေးလျော် ရမည်ဟု ကတိကဝတ်ပြုထားကြကြောင်း SNDP ပါတီ အဖွဲ့ဝင်များက ပြောဆို သည်။

SNDP ပါတီသည် လာမည်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ၂၁၀ လျာထားပြီး ရှမ်းပြည်နယ် တပြည်နယ်လုံး အပါအဝင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.