၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

စင်ကာပူနှင့် တောင်ကိုရီးယား ကြိုတင်မဲများတွင် NLD အများစုရရှိဟု စစ်တမ်း တချို့ကဆို

စင်ကာပူနှင့် တောင်ကိုရီးယား နိုင်ငံများရှိ မြန်မာ သံရုံးများတွင် ၂၀၁၅ ရွေးကောက်ပွဲအတွက် မြန်မာနိုင်ငံသားများ၏ ကြိုတင်မဲပေး မှုများကို စစ်တမ်းကောက်ယူလျက်ရှိရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က မဲအများစု ရရှိနေကြောင်း သိရ သည်။


Want create site? Find Free WordPress Themes and plugins.

စင်ကာပူနှင့် တောင်ကိုရီးယား နိုင်ငံများရှိ မြန်မာ သံရုံးများတွင် ၂၀၁၅ ရွေးကောက်ပွဲအတွက် မြန်မာနိုင်ငံသားများ၏ ကြိုတင်မဲပေး မှုများကို စစ်တမ်းကောက်ယူလျက်ရှိရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က မဲအများစု ရရှိနေကြောင်း သိရသည်။

အောက်တိုဘာလ ၁၅ ရက်နှင့် ၁၆ ရက် က စင်ကာပူနှင့် တောင်ကိုရီးယား နိုင်ငံများရှိ မြန်မာ သံရုံးများတွင် ကြိုတင်မဲ ပေးမှုများကို ကြိုတင်မဲ စစ်တမ်း ကောက်ယူရေး အဖွဲ့များက ကောက်ယူခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာနိုင်ငံသား မဲဆန္ဒရှင်များကို အောက်တိုဘာ ၁၃ ရက် မှ ၁၉ ရက်အထိ ကြိုတင်မဲပေးနိုင်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

စင်ကာပူနိုင်ငံ၌ စစ်တမ်း ကောက်ယူရာတွင် ကြိုတင်မဲပေးသည့် မဲဆန္ဒရှင် အများစုကို ကောက်ယူနိုင်ခဲ့ပြီး ၉၀ ရာခိုင်နှုန်းသည် NLD ကို မဲပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံသား တချို့က အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) တို့ကို မဲပေးကြောင်း ပြောကြားခဲ့ပြီး စစ်တမ်းဖြေဆိုရန် ငြင်းဆန်သူများလည်း ရှိကြောင်း စင်ကာပူရောက် မြန်မာနိုင်ငံ သားတဦးက ဧရာဝတီသို့ ပြောသည်။

စင်ကာပူနိုင်ငံတွင် ကြိုတင်မဲ ပေးခွင့်ရသူ ၂၂၀၀၀ ကျော်ရှိရာ ယနေ့အထိ မဲလာပေးသူ ၄၅၀၀ ခန့်ရှိကြောင်း သိရသည်။

စင်ကာပူနိုင်ငံရှိ မြန်မာနိုင်ငံသားများ အနေဖြင့် ကြိုတင်မဲပေးရန်အတွက် မဲစတင်ပေးရမည့် ရက်မတိုင်မီ ညပိုင်းကတည်းက လာရောက် တန်းစီသူများ ရှိခဲ့ပြီး ကြိုတင်မဲပေးရာတွင် နှောင့်နှေးမှုများရှိသဖြင့် မဲပေးနိုင်မည့်ရက်ကို ထပ်မံတိုးမြှင့်ပေးရန် တောင်ဆို ထားကြောင်း စင်္ကာပူနိုင်ငံ ကြိုတင် မဲစစ်တမ်းကောက်ယူရေး အဖွဲ့ဝင် စေတနာ့ ဝန်ထမ်း တဦးက ပြောသည်။

စင်ကာပူ စစ်တမ်းကောက်ယူမှုကို မဲပေးသူများ အဆင်ပြေစေရေးအတွက် သံရုံးနှင့် ပူးပေါင်း ကူညီ လုပ်ဆောင်နေသူများ ဖြစ်သော စေတနာ့ ဝန်ထမ်း (Volunteer) များက စုပေါင်း ကောက်ယူနေခြင်းဖြစ်သည်ဟု ဆိုသည်။

တောင်ကိုရီးယားနိုင်ငံ ကြိုတင်မဲ စစ်တမ်းကောက်ယူရေးအဖွဲ့ တာဝန်ခံ ဦးဝင်းလှိုင်က“မဲလာပေးတဲ့သူ ၉၀ ရာခိုင်နှုန်းက NLDကိုပဲ ပေး ခဲ့တယ်လို့ ပြောပါတယ်။ ဒီနေ့(အောက်တိုဘာ ၁၆ ရက်) စစ်တမ်းကောက်တာ လူ ၅၀ ရတယ်။ ၄၈ ယောက်က NLD ကို ထည့်ခဲ့တယ်။ ၂ ယောက် ကတော့ USDP”ဟု ဧရာဝတီကို ပြောပြသည်။

တောင်ကိုရီးယား စစ်တမ်းကောက်ယူရေး လုပ်ငန်းအဖွဲ့သည် ကိုရီးယားရောက် မြန်မာနိုင်ငံသားများဖြင့် ဖွဲ့စည်းထားပြီး စစ်တမ်း ကောက် ယူရေး အတွက် ကိုရီးယား အာဏာပိုင်များ၏ ခွင့်ပြုချက်ရယူ၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ မဲပေးခွင့်ရသူ ၃၇၈၈ ဦးရှိရာ အောက်တိုဘာလ ၁၆ ရက်အထိ ကြိုတင်မဲ လာပေးသူ ၁၂၀ ခန့်သာ ရှိသေးကြောင်း ကိုရီးယား နိုင်ငံရောက် မြန်မာတချို့က ပြောသည်။

ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ မြန်မာသံရုံး၊ ဘရူနိုင်းနိုင်ငံရှိ မြန်မာသံရုံးနှင့် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ မြန်မာသံရုံးများတွင်လည်း အောက်တို ဘာလ ၁၆ ရက်မှ စတင်၍ ကြိုတင်မဲများ ပေးနေပြီ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရသည်။

ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သည့် ကြိုတင်မဲစာရင်းများတွင် အမည် ကျန်ရစ်ခဲ့မှုများနှင့် မှားယွင်းမှုများ ရှိခဲ့ပြီး မဲပေးခွင့်ရှိသူ တချို့သည်လည်း မဲလက်မှတ် အပြည့်မရရှိမှုများ ကြုံတွေ့ရကြောင်း စင်ကာပူနှင့် တောင်ကိုရီးယားနိုင်ငံရှိ မဲဆန္ဒရှင်များက ပြောသည်။

တောင်ကိုရီးယာနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အောက်တိုဘာ ၁၆ ရက် ထုတ်ပြန်ချက်တွင် ကြိုတင်မဲ ပေးရန် ပုံစံ ၁၅ လျှောက်ထားခဲ့ သူများ အနေဖြင့် ပြည်ပရောက် မဲပေးပိုင်ခွင့် စာရင်းချုပ်တွင် ပါဝင်သော်လည်း သံရုံးမှထုတ်ပြန်သည့်စာရင်းတွင် မပါရှိနိုင်ခြင်း၊ သံရုံး စာရင်းတွင် ပါဝင်သော်လည်း မဲလက်မှတ် အပြည့်အစုံ မရခြင်းတို့ကို ကြုံတွေ့ရနိုင်ကြောင်း သတိပေးထားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနသို့ နိုင်ငံ ၃၆ နိုင်ငံရှိ သံရုံး ၄၄ ရုံးမှ ပေးပို့လာသော ပုံစံ ၁၅ လျှောက်ထားသူ အရေအတွက်သည် ၃၄၀၀၀ ကျော်ရှိပြီး ရွေးကောက်ပွဲ ကော်မရှင်မှ စိစစ်ပြီး အောက်တိုဘာ ၁၀ ရက်နေ့က ပြန်လည်ပေးပို့လာသည့် စာရင်းအရ သုံးသောင်းနီးပါးသာရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန စီမံကိန်းနှင့် စီမံရေးရာဋ္ဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဇင်မာသိန်းက ဧရာဝတီသို့ ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.