၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ဒီမိုကရေစီ အစိုးရတရပ် တည်ထောင်ရေး NLD ကို မဲပေးရန် ဒေါ်အောင်ဆန်းစုကြည် ပြော

ဒီမိုကရေစီ လမ်းဖွင့်ပေးမည့် အစိုးရတရပ် တည်ထောင်နိုင်ရေး အတွက် လာမည့် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို မဲထည့်ရန် ဒေါ်အောင်ဆန်း စုကြည်က ယနေ့ ကယားပြည်နယ် မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွင် ပြောကြားသည်။


Want create site? Find Free WordPress Themes and plugins.

ဒီမိုကရေစီ လမ်းဖွင့်ပေးမည့် အစိုးရတရပ် တည်ထောင်နိုင်ရေးအတွက် လာမည့်ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုမဲထည့်ရန် ဒေါ်အောင်ဆန်းစုကြည် က ယနေ့ ကယားပြည်နယ် မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွင် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကယားပြည်နယ် ခရီးစဉ်သည် ဒုတိယအကြိမ် ခရီးစဉ်ဖြစ်ပြီး ယနေ့ စတင်သည့် ခရီးစဉ်၌ ကယား ပြည် နယ် ဒီမော့ဆိုမြို့၊ ဖရူဆို မြို့ နှင့် ဘောလခဲ မြို့များတွင် မဲဆွယ်ခရီးစဉ်ကို သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ တာဝန် ထမ်းဆောင်နိုင်ရန် ဒီမိုကရေစီလမ်း ဖွင့်ပေးမည့် အစိုးရတရပ် တည်ထောင်ရေးအတွက် NLD ကိုယ်စားလှယ် လောင်းများကို မဲပေးဟု ဆိုသော်လည်း ကယားပြည်နယ် ကိုယ်စားလှယ်လောင်းများအား ပြည်သူများကို ထုတ်ပြခြင်းကိုမူ မတွေ့ရှိရ ပေ။

ဒေါ်အောင်ဆန်းစုကြည် က“ကျမတို့အဖွဲ့ချုပ် အလံကို မဲပေးပါ။ ကိုယ်စားလှယ် တယောက်ချင်းစီ မဲမပေးပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ တယောက်ချင်း ကိုယ်စား လှယ်တွေဟာ နိုင်ငံအစိုးရ ဖွဲ့နိုင်တဲ့ အဆင့် မရှိပါဘူး။ ပါတီကြီးတွေကသာ ပါတီကြီးများ သေသေချာချာ နိုင်မှသာလျှင် အစိုးရ ကို ဖွဲ့ပိုင်ခွင့် ဖွဲ့နိုင်မယ့် အခြေအနေ ရပါမယ်။ ကျမတို့ အဖွဲ့ချုပ်ကိုယ်စားလှယ် အားလုံးကို မဲပေးပါ”ဟု ယနေ့ သွားရောက်သည့် ဒီမော့ဆိုမြို့ ဟောပြောပွဲတွင် ပြောကြားသည်။

တိုင်းရင်းသားနယ်မြေတွင် ယခုကဲ့သို့ ရွေးကောက်ခံချင်းသည် တိုင်းရင်းသားများ၏အခွင့်အရေးကို နည်းသွားစေချင်း မဟုတ်ကြောင်း၊ ဗဟို အစိုးရဖွဲ့ပြီး တိုင်းရင်းသားများ၏ အခွင့်အရေးများကို ပြည့်ဝစွာ ဆောင်ရွက်ပေးလိုကြောင်း၊ ကာကွယ်ပေးလိုကြောင်း ကို လည်း ဒေါ်အောင်ဆန်းစုကြည် က ထပ်မံပြောဆိုသည်။

တိုင်းရင်းသား နယ်မြေတွင် တခြားပါတီများလာရောက် အရွေးခံခြင်းနှင့်ပတ်သက်ပြီး ကယန်းအမျိုးသား ပါတီ အထွေထွေ အတွင်း ရေးမှူး ဦးနန်းရီ က“တိုင်းရင်းသားတွေနဲ့ ပူးပေါင်းချင်ရင် တိုင်းရင်းသားပါတီကို အသိအမှတ်ပြုဖို့ လိုတယ်။ ကျနော့်အထင်ကတော့ သူ မဲဆွယ် စည်းရုံးရေး သက်သက်လောက်ပါပဲ။ ကျနော်တို့ ကြံ့ခိုင်ရေးကို မစိုးရိမ်ရတော့ဘူး။ ကျနော်တို့ NLD ကိုရှုံးမယ်။ သူတို့ ကိုယ်တိုင် ဝင်ပြိုင်တော့ ကျနော်တို့ အင်အားတွေကို ချို့တဲ့အောင်လာလုပ်တာပဲ”ဟု ဧရာဝတီသို့ ပြောသည်။

NLD မဲဆွယ် စည်းရုံးရေး ဟောပြောမှုကို လာရောက်နားထောင်သော ဖရူဆိုမြို့ တွင်နေထိုင်သည့် အသက် ၃၀ အရွယ် အမျိုးသမီး တဦးကမူ“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကျမတို့ ဘယ်သူ့ကို မဲပေးရမှန်းမသိသေးဘူး။ ရွေးကောက်ပွဲ ဆိုတာလည်း သိပ်မသိဘူး။ နားမလည်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကယားပြည်နယ် မဲဆွယ် စည်းရုံးရေးခရီးစဉ် စတင်သည့် စက်တင်ဘာ ၁၀ ရက်တွင် ဒီမော့ဆိုမြို့၊ ဖရူဆိုမြို့နှင့် ဘောလခဲ မြို့များသို့ သွားရောက်ခဲ့ပြီး ဘောလခဲတွင် ညအိပ်နားမည်ဖြစ်ကြောင်း၊ စက်တင်ဘာ ၁၁ ရက်တွင် ဖားဆောင်းမြို့သို့ သွားရောက်ပြီး လွိုင်ကော်မြို့တွင် ညအိပ် နားမည်ဖြစ်ကြောင်းနှင့် စက်တင်ဘာ ၁၂ ရက်တွင် ရှားတောမြို့သို့ သွားရောက် မည် ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.