fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ဓားခုတ်ခံရတဲ့ ဦးနိုင်ငံလင်း မဲဆွယ်စည်းရုံးရေး ပြန်ဆင်း

သာကေတမြို့နယ်အတွင်းမှ အနှေးယာဉ်ဆိုက္ကား အစီး ၃၅၀ ခန့်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာပျောက်ကင်းမှု မရှိသေးသည့် ဦးနိုင်ငံလင်း သည် ကားဖြင့်လိုက်ပါကာ ပြည်သူလူထုကို နှုတ်ဆက်သည်ကိုလည်း တွေ့ရသည်။


Want create site? Find Free WordPress Themes and plugins.

မဲဆွယ်စည်းရုံးရေး ဆင်းစဉ် ဓားဖြင့်တိုက်ခိုက်ခံခဲ့ရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီမှ ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းသည် ယနေ့ ရန်ကုန်တိုင်း သာကေတမြို့နယ် ၅ ရပ်ကွက်အတွင်း ဆိုက္ကားများဖြင့် လှည့်လည်သည့် မဲဆွယ် စည်းရုံးရေး တွင် ပြန်လည်ပါဝင်ခဲ့သည်။

သာကေတမြို့နယ်အတွင်းမှ အနှေးယာဉ်ဆိုက္ကား အစီး ၃၅၀ ခန့်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာပျောက်ကင်းမှု မရှိသေးသည့် ဦးနိုင်ငံလင်း သည် ကားဖြင့်လိုက်ပါကာ ပြည်သူလူထုကို နှုတ်ဆက်သည်ကိုလည်း တွေ့ရသည်။

သာကေတမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်း က“NLD ကို မနိုင်စေချင်တဲ့သူတွေ၊ မုန်းနေသူ တွေက ကျနော်တို့ အောင်မြင်တာတွေကြောင့် ကြောက်နေတာဖြစ်နိုင် ပါတယ်၊ ဒီနေရာမှာ တခါတည်းပြောချင်တာက NLD အာဏာ ရလို့ ဘယ်သူမှ မနစ်နာစေရဘူးလို့ အာမခံတယ်”ဟု ပြောသည်။

ယနေ့ လှည့်လည်မဲဆွယ်ရာတွင် ပါဝင်ခြင်းသည် စိုးရိမ်နေသည့် ပြည်သူများထံ ပြန်လာခြင်းသာဖြစ်ပြီး ထပ်မံတိုက်ခိုက်ခံရမည်ဟု မထင်ကြောင်း၊ မဲဆွဲစည်းရုံးရေးအတွင်း တိုက်ခိုက်မခံရမီ ခြိမ်းခြောက်ပြောဆိုမှုများ ကြားသိရသော်လည်း တကယ်ဖြစ်မည်ဟု မထင် ခဲ့ကြောင်းလည်း ဦးနိုင်ငံလင်းက ပြောကြားသည်။

ဦးနိုင်ငံလင်းသည် အောက်တိုဘာ ၂၉ ရက်နေ့ ည ၉ နာရီခန့်က အလှပြယာဉ်ဖြင့် မဲဆွယ်စည်းရုံးရေးဆင်း နေစဉ် သာကေတမြို့နယ် မာန်ပြေ ၈ လမ်းထိပ်တွင် ဓားရှည်ကိုင်ဆောင် ၃ ဦး၏ တိုက်ခိုက်ခြင်းခံခဲ့ရခြင်းဖြစ်ပြီး ပါတီဝင် နှစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ဆေးကုသမှု ခံခဲ့ရသည်။

NLD ပါတီဝင်များအား ဓားဖြင့်တိုက်ခိုက်ခဲ့သည့်  ဇော်လတ်၊ ထက်အောင်နိုင်၊ မျိုးမင်းနိုင် တို့ကို (ပ)၆၀၉/၂၀၁၅၊ ပြစ်မှု ပုဒ်မ ၃၂၆ (ချွန်ထက်သည့် အရာဖြင့် အပြင်းအထန် နာကျင်စေမှု)၊ ပုဒ်မ ၃၂၃(တုံးသော အရာဖြင့် ထိခိုက်နာကျင်စေမှု)၊ ပုဒ်မ ၂၉၄(ဆဲဆိုမှု)၊ ပုဒ်မ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း သာကေတမြို့ နယ် ရဲစခန်းက ပြောသည်။

အမှုနှင့်ပတ်သက်၍ တရားလိုဘက်မှ သက်သေ ၉ ဦးအား ရဲစခန်းတွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး တိုက်ခိုက်ခဲ့သူ ၃ ဦးအား ရွေးကောက်ပွဲပြီးမှသာ ရုံးတင်စစ်ဆေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သာကေတ ရဲစခန်းက ပြောသည်။

ယနေ့ပြုလုပ်သည့် မဲဆွယ်ပွဲတွင် ကိုယ်စားလှယ်လောင်းများ၏ လုံခြုံရေးနှင့်ပတ်သက်၍လည်း သာကေတ မြို့နယ် ရဲစခန်းက လိုက် ပါ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည့် ဦးနိုင်ငံလင်းသည် လာမည့်ရွေးကောက်ပွဲတွင် NLD ပါတီ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် သာကေတမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.