fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ဗိုလ်ချုပ်ကြီးနှင့် ဝန်ကြီးတချို့၏ မဲဆန္ဒနယ်စာရင်းများ ကြံ့ခိုင်ရေး ထုတ်ပြန်

ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး လှဌေးဝင်းသည် ရန်ကုန်တိုင်းဒေသကြီး အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် ၉ မှလည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေသည် ကိုကိုးကျွန်း မဲဆန္ဒနယ်မှ လည်းကောင်း


Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး(ကြံ့ခိုင်ရေး) ပါတီက ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ် တော် ကိုယ် စားလှယ်လောင်းစာရင်းတချို့ကို ထုတ်ပြန်လိုက်ပြီး ယင်းစာရင်းတွင် စီးပွားရေး လုပ်ငန်းရှင်တချို့၊ ဗိုလ်ချုပ်ကြီး တချို့နှင့် ဝန်ကြီး တချို့ နာ မည် ပါဝင်ကြောင်း သိရှိရသည်။

သမ္မတဦးသိန်းစိန်၏ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ရာ မဲဆန္ဒနယ်ဖြစ်သော နေပြည်တော် ဇဗ္မူသီရိမြို့နယ် မဲဆန္ဒနယ်တွင် ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း လျာထားခြင်းမရှိဘဲ သမ္မတဦးသိန်းစိန် အတွက် ချန်လှပ်ထားကြောင်း၊ သို့ရာတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ချက်မှာမူ သမ္မတဦးသိန်းစိန် ပေါ်တွင်သာ မူတည်ကြောင်း သိရှိရသည်။

တပ်မတော်အရာရှိကြီးများဖြစ်သည့် ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးလှဌေးဝင်း သည် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၉ မှလည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေသည် ကိုကိုးကျွန်းမဲဆန္ဒနယ်မှ လည်းကောင်း၊ သမ္မတရုံးဝန်ကြီး ဦးသိန်းညွှန့်သည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် မဲဆန္ဒနယ်မှ လည်းကောင်း ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဒုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ လည်း ကောင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းအတွက် မူလ မဲဆန္ဒနယ်ဖြစ်သော တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်နှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းအတွက် မူလ မဲဆန္ဒနယ်ဖြစ်သော ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့နယ် မဲဆန္ဒနယ်ကိုလည်းကောင်း ချန်လှပ်ထားကြောင်း၊ သို့ရာတွင် ရွေးကောက်ပွဲ ဝင်ပြိုင်ရေး၊ မပြိုင်ရေးမှာမူ ဦးစိုးသိမ်းနှင့် ဦးအောင်မင်းတို့၏ ဆုံးဖြတ်ချက်ပေါ်တွင် မူတည်နေကြောင်း ကြံ့ခိုင် ရေး ပါတီ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

စီးပွားရေးလုပ်ငန်းရှင်တချို့လည်း ကြံ့ခိုင်ရေးပါတီမှ ရွေးကောက်ပွဲဝင်ရန် ပြန်လည်ပါဝင်လာပြီး ဇေကမ္ဘာ ကုမ္ပ ဏီ ပိုင်ရှင် ဒေါက်တာခင်ရွှေသည် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၈ မှလည်း ကောင်း၊ အေဝမ်းကုမ္ပဏီပိုင်ရှင် ဦးရန်ဝင်းသည် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒ နယ် အမှတ် ၈ မှလည်းကောင်း ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်တွင်မူ ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြန်လည် ယှဉ်ပြိုင် တော့ခြင်း မရှိဘဲ ယခင် ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အများစု ပြန်လည် ပါဝင် လာကြောင်း သိရှိရသည်။

၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အများစုလည်း ၂၀၁၅ ရွေးကောက်ပွဲ တွင် ကြံ့ခိုင်ရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် ပြန်လည်ပါဝင်လာပြီး ထင်ရှားသူများမှာ ယခင် မွေးမြူရေးနှင့်ရေးလုပ်ငန်းဝန်ကြီးဟောင်း ဦးမောင်မောင်သိမ်းသည် ခရမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ယခင်အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဦးစိုးသာ သည် တွံ့တွေးမဲဆန္ဒနယ်မှလည်းကောင်း၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာသည် ဒဂုံမြို့နယ် မဲဆန္ဒနယ်မှလည်းကောင်း ပြန်လည်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးရွှေမန်းသည် ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ထားပြီးဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.