၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

မဲစာရင်း၌ မိသားစုဝင်မဟုတ်သည့် အမည်များပါနေလျှင် ပယ်ဖျက်ခွင့် လျှောက်ထားနိုင်ဟု ဆို

၂၀၁၅ ရွေးကောက်ပွဲ အတွက် တနိုင်ငံလုံးအဆင့် မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ကြေညာရာတွင် သေဆုံးသူများ၊ မိသားစုဝင် မဟုတ် သည့် အမည်စာရင်းများ ပါဝင်နေမှုအပေါ် တာဝန်ခံနိုင်ပါက ပယ်ဖျက်ခွင့် လျှောက်ထားနိုင်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောသည်။


Want create site? Find Free WordPress Themes and plugins.

၂၀၁၅ ရွေးကောက်ပွဲ အတွက် တနိုင်ငံလုံးအဆင့် မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ကြေညာရာတွင် သေဆုံးသူများ၊ မိသားစုဝင် မဟုတ် သည့် အမည်စာရင်းများ ပါဝင်နေမှုအပေါ် တာဝန်ခံနိုင်ပါက ပယ်ဖျက်ခွင့် လျှောက်ထားနိုင်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောသည်။

“မဲစာရင်းထဲမှာ ပါနေပြီး မရှိတဲ့သူ သေချာရင် စာလာတင်ပါ။ ချက်ချင်း ပယ်ဖျက်ပေးမယ်။ ဒါပေမယ့် တင်တဲ့သူကတော့ တာဝန် ယူ ရလိမ့်မယ်။ တကယ်လို့ ဖျက်လိုက်တဲ့သူက မဲပေးခွင့်ရှိသူ ဖြစ်လာတာမျိုး ဖြစ်နိုင်တယ်။ ကော်မရှင်မှာ ဖျက်ပိုင်ခွင့် မရှိဘူး။ စာရင်း ပိုထည့်ထားတာလည်း မဟုတ်ဘူး”ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွန်ကြားရေးမှူး ဦးသောင်းဟန်က ပြောဆိုသည်။

နေပြည်တော် ကောင်စီနယ်မြေ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်သည့် သတင်းစာ ရှင်း လင်းပွဲတွင် မဲစာရင်းများ၌ အိမ်ထောင်စုစာရင်းဝင် မိသားစု မဟုတ်သည့် အမည်စာရင်းများ ပါဝင်နေသည်ကို တွေ့ရှိနေရသည်ဟု မဲဆန္ဒရှင်များက ပြောဆိုနေမှုများအပေါ် ညွန်ကြားရေးမှူး ဦးသောင်းဟန်က တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက်အတွင်း ထုတ်ပြန်ကြေညာခဲ့သည့် ဆန္ဒမဲပေးခွင့်ရှိသူ စာရင်းတွင် မပါဝင်သူများက ပုံစံ ၃ ဖြင့် ထပ်မံလျှောက်ထားလာကြသဖြင့် မဲစာရင်း အရေအတွက်များလည်း တိုးမြင့်လာကြောင်း သိရ သည်။

“တနိုင်ငံလုံး အနေနဲ့တော့ ပြောလို့မရသေးဘူး။ လှိုင်သာယာမြို့နယ် တခုတည်းမှာတင် လူ ၂၈၀,၀၀၀ ကျော် ကနေ ၅၁၀,၀၀၀ ကျော်အထိ စာရင်းတိုးလာတယ်။ မဲစာရင်း မှန်ကန်မှု ဘယ်လောက်အထိ ရှိလာပြီလဲဆိုတာတော့ နိုဝင်ဘာ ၂ ရက်မှာ စာရင်းထုတ်ပြန်ပြီးမှ ပြောလို့ရမယ်”ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွန်ကြားရေးမှူးချုပ် ဦးတင်ထွန်းက ပြောသည်။

နိုဝင်ဘာ ၂ ရက်တွင် တနိုင်ငံလုံး အတိုင်းအတာအားဖြင့် မဲပေးခွင့်ရှိသူ အတည်ပြုစာရင်းကို အပြီးသတ် ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး မဲဆန္ဒရှင် သက်သေခံ လက်မှတ်များ ထုတ်ပေးသွားမည် ဖြစ်ကြောင်းနှင့် ထိုရက်မတိုင်မီ မဲပေးခွင့်ရှိသူ စာရင်းတွင် ပါဝင်၊ မပါဝင် ကို သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်များ၌ သွားရောက်စုံစမ်းမေးမြန်းပြီး မပါဝင်သေးပါက လျှောက်ထားနိုင်သေးကြောင်း ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။

မိသားစုဝင် မဟုတ်သည့် အမည်စာရင်းများ ပါဝင်နေမှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် (၁၀) ရပ်ကွက် ဓမ္မရာဇာ (၂) လမ်းနေ မဲဆန္ဒရှင် ဦးဝင်းနိုင်က “ပြည်သူတယောက် အနေနဲ့ အရမ်းကို စိုးရိမ်ရမယ့်ကိစ္စပဲ။ မသမာမှု မလုပ်ချင်ဘူးဆိုရင် စောစောစီးစီးကတည်းက မှန်မှန်ကန်ကန် လုပ်ထားလိမ့်မယ်လို့ထင်တယ်။ တမင်တကာ မှားတာလား။ မမှားမှားအောင် လုပ်နေတာ လား။ ဒါတွေက မရိုးသားဘူးလို့ မြင်တယ်”ဟု ဧရာဝတီကို ပြောဆိုခဲ့သည်။

လာမည့်နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတွင် ပါတီ ၉၂ ပါတီမှ ကိုယ်စားလှယ်လောင်း ၆၀၇၂ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.