၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

မဲပုံးများ အိမ်ယူ၍ ကြိုတင်မဲကောက်သူ အုပ်ချုပ်ရေးမှူးကို တိုင်ကြားထား

ဘယ်လို အကြောင်းနဲ့မှ ရပ်/ကျေး အုပ်ချုပ်ရေးမှူးအိမ်မှာ ကြိုတင်မဲပုံး ထားခွင့်မရှိဘူး။ အဲဒါက ပြစ်ဒဏ်ကျူးလွန်တာ ဖြစ်သွားပြီ။ ဥပဒေအရ ကျိန်းသေပေါက် အရေးယူခံရမှာဖြစ်တယ်။ နောက်ပြီးတော့ ရပ်/ကျေး ကော်မရှင်တွေလည်း အသုံးမကျတဲ့အတွက် သူတို့လည်း အရေးယူခံရမှာ သေချာနေပြီ


Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ တောင်တန်းကုန်းအုပ်စု မြင်းကကွင်းကျေးရွာ၌ အုပ်ချုပ်ရေးမှူး ဦးသိန်းရွှေက ၎င်း၏နေအိမ်၌ ကြိုတင်မဲပုံးများ ထားရှိ၍ နိုဝင်ဘာလ ၆ ရက်ညပိုင်းနှင့် ၇ ရက်နေ့များတွင် ကျေးရွာသားများအား ကြိုတင်မဲပေးခိုင်းခြင်းကြောင့် တိုင်ကြားထားကြောင်း သိရသည်။

“အုပ်ချုပ်ရေးမှူး ဦးသိန်းရွှေက သူ့အိမ်မှာ ကြိုတင်မဲပေးခိုင်းတယ်။ ရွာထဲကလူတွေကို သူ့အိမ်ကိုခေါ်ပြီး ပေးခိုင်းတာ။ နောက်ပြီးတော့ ကြံ့ခိုင်ရေးပါတီက စည်းရုံးရေးအဖွဲ့တွေကို ဆိုင်ကယ်နဲ့ လူတွေ လိုက်ခေါ် ခိုင်းပြီးတော့ ပေးခိုင်းတာဖြစ်တယ်။ မဲပုံးကို ကုတင်ခြေရင်းမှာ ထားတယ်။ မဲပေးရတဲ့လူက ကုတင်ပေါ်မှာ တံဆိပ်တုံး ထုရတယ်။ ရေနွေးတင်တဲ့ စားပွဲခုံပေါ်မှာလည်း ထုခိုင်းတယ်။ မဲပေးတဲ့နေရာမှာလည်း ကြံ့ခိုင်ရေးပါတီဝင်တွေက ကူညီပေးနေတာ တွေ့ရတယ်” ဟု မြင်းကကွင်းကျေးရွာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ကိုသီဟနိုင်က ဧရာဝတီကို ပြောသည်။

မြင်းကကွင်းကျေးရွာ၌ ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးရှိသော်လည်း အုပ်ချုပ်ရေးမှူး ဦးသိန်းရွှေက မဲပုံးများကို ၎င်းနေအိမ်သို့ ယူဆောင်၍ ကြိုတင်မဲပေးခိုင်းခြင်းဖြစ်ပြီး လက်ရှိ အချိန်အထိ ကြိုတင်မဲ ၆၀ ကျော် ရရှိထားပြီး ဖြစ်ကြောင်း ဒေသခံရွာသားများက ပြောသည်။

ယင်းဖြစ်ရပ်အား NLD ပါတီ၏ ပုသိမ်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် မြင်းကကွင်းကျေးရွာ NLD ပါတီတို့က ပုသိမ်မြို့နယ်နှင့် ဧရာဝတီတိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့ထံ တိုင်ကြားထားပြီး တိုင်းကော်မရှင်ကလည်း ထိရောက်စွာ အရေးယူသွားမည်ဟု ပြောသည်။

“ရပ်/ကျေး အုပ်ချုပ်ရေးမှူး ဦးသိန်းရွှေဟာ ကြိုတင်မဲပေးမယ့်လူကို ဘာကိစ္စနဲ့မှ ခေါ်ခိုင်းစရာ အကြောင်းမရှိဘူး။ နောက်ပြီးတော့ ဘယ်လို အကြောင်းနဲ့မှ ရပ်/ကျေး အုပ်ချုပ်ရေးမှူးအိမ်မှာ ကြိုတင်မဲပုံး ထားခွင့်မရှိဘူး။ အဲဒါက ပြစ်ဒဏ်ကျူးလွန်တာ ဖြစ်သွားပြီ။ ဥပဒေအရ ကျိန်းသေပေါက် အရေးယူခံရမှာဖြစ်တယ်။ နောက်ပြီးတော့ ရပ်/ကျေး ကော်မရှင်တွေလည်း အသုံးမကျတဲ့အတွက် သူတို့လည်း အရေးယူခံရမှာ သေချာနေပြီ” ဟု ဧရာဝတီတိုင်း ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က ဧရာဝတီကို ပြောသည်။

မြင်းကကွင်း အုပ်ချုပ်ရေးမှူး ဦးသိန်းရွှေ၏လုပ်ရပ်မှာ ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည့်အတွက် မြင်းကကွင်းကျေးရွာ NLD ပါတီက တရားလိုပြုလုပ်၍ ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုသွားရန် ပြင်ဆင်နေကြောင်း သိရသည်။

မြင်းကကွင်းကျေးရွာ၌ မဲရုံအမှတ် ၁၇၈ နှင့် ၁၇၉ တို့ တည်ရှိပြီး ပေးပိုင်ခွင့်ရှိသူပေါင်း ၃၂၄၃ ဦးရှိကြောင်း ပုသိမ်မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးထံမှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.