fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

မန္တလေးတွင် NLD နှင့်ကြံ့ခိုင်ရေး အပြိုင်အဆိုင် မဲဆွယ်စည်းရုံးရေးစတင်

အာဏရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)နှင့် အတိုက် အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)တို့သည် ပါတီအမှတ်တံဆိပ်များ အလှဆင်ထားသည့် အလှပြ ယာဉ်များဖြင့် မန္တလေးမြို့တွင် လှည့်လည်၍ အပြိုင်အဆိုင် မဲဆွယ် စည်းရုံးနေကြပြီ


Want create site? Find Free WordPress Themes and plugins.

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် စက်တင်ဘာလ ၈ ရက်နေ့မှစ၍ တရားဝင် မဲဆွယ်စည်းရုံးခွင့်ပြုလိုက်ပြီဖြစ်ရာ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး) တို့က အလှပြကားများဖြင့် အပြိုင်အဆိုင် မဲဆွယ်စည်းရုံးမှု စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။

အာဏာရ ကြံ့ခိုင်ရေးပါတီနှင့် NLD တို့က စက်တင်ဘာလ ၈ ရက်နေ့တွင် အလှပြကားများဖြင့် မန္တလေးမြို့တခွင် စတင် မဲဆွယ်စည်းရုံးကြပြီဖြစ်ပြီး နံနက် ၈ နာရီမှ စတင်၍ မန္တလေး မဟာမုနိ မြတ်စွာဘုရား၊ မန္တလေးတောင်နှင့် ဘိုးဘိုးကြီး နတ်နန်းတို့ကို သွားရောက်ဦးခိုက်ခြင်း၊ မန္တလေးမြို့ နေရာအနှံ့အပြားတွင် လှည့်လည်ခြင်းများ လုပ်ဆောင်ခဲ့ကြကြောင်း သိရှိရသည်။

ကြံ့ခိုင်ရေးပါတီ၏ ပြည်သူ့ဆက်ဆံရေး ဌာနမှုး ဦးတင်ထွန်းက“ကော်မရှင်ရဲ့ ခွင့်ပြုချက်အရ မြို့နယ် ပါတီရုံးနဲ့ လူစည်ကား ရာ နေရာ တွေမှာ ၃ ရက် လှည့်လည် ဖျော်ဖြေ စည်းရုံးရေး လုပ်သွားမှာပါ။ နောက်နေ့ တွေကတော့ မြို့နယ်ရုံးတွေ အစီ အစဉ် နဲ့ ဆက်လုပ် သွားမှာပါ”ဟု ပြောသည်။

ကြံ့ခိုင်ရေးပါတီ၏ မန္တလေးမြို့တွင်း မဲဆွယ်စည်းရုံးရာတွင် ကြံ့ခိုင်ရေး ပါတီဝင်အင်အား ၂၀၀၊ အလှပြယာဉ် အပါအဝင် ယာဉ်အစီးရေ ၉၀ ခန့်ဖြင့် မဟာမုနိမြတ်စွာဘုရား၊ မန္တလေးကျုံးဘေးမှ မန္တလေးတောင်၊ ဘိုးဘိုးကြီးနန်းတို့မှ တဆင့် အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်မြို့နယ် ပါတီရုံးများသို့ လှည့်လည် ဖျော်ဖြေကြောင်း သိရှိရသည်။

NLD ကမူ စက်တင်ဘာ ၈ ရက်မှ ၁၃ ရက်အထိ မန္တလေးမြို့ပေါ်တွင် မဲဆွယ်စည်းရုံးရေးများ ဆက်တိုက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ NLD က မဲဆွယ်စည်းရုံးရေးတွင် အသုံးပြုသည့် အလှပြယာဉ်သည် ဗိုလ်ချုပ်နှစ်တရာပြည့်ပွဲတွင် အသုံးပြုခဲ့သည့် ယာဉ်ဖြစ်ပြီး ယာဉ်အလှဆင်ခြင်းအား မန္တလေးမြို့မ တေးဂီတအသင်းကြီးမှ  NLD ပါတီအား အားပေးထောက်ခံသည့် အသင်းသူအသင်းသားများက ကူညီပေးခြင်းဖြစ်သည်ဟုလည်း သိရသည်။

မန္တလေး တိုင်း NLD ဥက္ကဌ ဦးတင်ထွဋ်ဦးက “ပါတီဝင် အင်အားကတော့ ၁၅၀ ပါ။ ယာဉ်အစီးရေကတော့ မရေနိုင်အောင် ပါပဲ။ ကျနော် တို့ ခွင့်ပြုချက် တင်ထားတာ ငါးစီးခြောက်စီးပဲ။ ဒါပေမဲ့ ပရိသတ်က ထင်ထားတာထက်များပြီး လိုက်အား ပေးကြတယ်”ဟု ပြောသည်။

စက်တင်ဘာ ၈ ရက်နေ့ မဲဆွယ်စည်းရုံးရေး အစီအစဉ်ကို မန္တလေးတိုင်း NLD က ဦးစီးကျင်းပပြီး နောက် ရက်များတွင် ကိုယ်စားလှယ်လောင်းများက သက်ဆိုင်ရာ မဲဆန္ဒနယ်အတွက် အသေးစိတ် စီစဉ်သွားမည်ဟု သိရသည်။

USDPနှင့် NLD ပါတီတို့သည် မန္တလေးတိုင်းတွင် ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တိုင်းဒေ သကြီး လွှတ်တော်မဲဆန္ဒနယ် နေရာပေါင်း ၉၅ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း ချမ်းအေးသာစံမြို့နယ်မှ NLD ကိုယ်စားလှယ်လောင်း ဦးဝင်မြင့်သည် ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ချခံရသဖြင့် NLD သည် မဲဆန္ဒနယ်ပေါင်း ၉၄ နေရာတွင်သာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရတော့မည်ဖြစ်ကြောင်း သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.