၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ရခိုင် ANP ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်း တဦး တရားစွဲခံရ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာစံရွှေအောင် လှူဒါန်းသည့် ရေဘေးကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ရာတွင် သွား ရောက် ကူညီဆောင်ရွက်ခြင်း မပြုလုပ်ရန် တားဆီးခဲ့သည် ဆိုသည့် ခြိမ်းခြောက်မှု၊ အိမ်ကျော်နင်းမှု စသည့် စွပ်စွဲချက်များနှင့် တရားရင် ဆိုင်နေရခြင်း ဖြစ်ကြောင်း


Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ရခိုင်အမျိုးသား ပါတီ(ANP)မှ ပြည်နယ် လွှတ် တော် ကိုယ်စားလောင်း တဦးဖြစ်သူ ဦးလှအောင်ညွှန့်သည် ခြိမ်းခြောက်မှု၊ နေအိမ်ကျော်နင်းမှုတို့ဖြင့် မြို့နယ် တရားစွဲခံနေရကြောင်း သိရသည်။

ဦးလှအောင်ညွန့် တရားစွဲခံရခြင်းသည် မင်းပြားမြို့နယ် ပြည်တော်လှရပ်ကွက်မှ အမျိုးသမီးတဦး၏ နေအိမ်သို့ သွားရောက်၍ ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေး ပါတီ)မှ ဒေါက်တာ စံရွှေအောင် လှူဒါန်းသည့် ရေဘေးကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ရာတွင် သွားရောက် ကူညီဆောင်ရွက်ခြင်း မပြုလုပ်ရန်တားဆီးခဲ့သည် ဆိုသည့် ခြိမ်းခြောက်မှု၊ အိမ်ကျော်နင်းမှု စသည့် စွပ် စွဲချက်များနှင့် တရားရင် ဆိုင်နေရခြင်း ဖြစ်ကြောင်း မင်းပြားမြို့နယ် ရဲတပ်ဖွဲ့က ပြောသည်။

ဒေါက်တာ စံရွှေအောင် ဆိုသူသည် မင်းပြားမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ဦးလှအောင်ညွှန့်နှင့်ယှဉ်ပြိုင်မည့် ကြံ့ခိုင်ရေးပါတီဝင် တဦးဖြစ်သည်။

မင်းပြားမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူး မောင်မောင်ကျော်က“ဖြစ်တာကတော့ဗျာ။ အရပ်သားနဲ့ ဖြစ်တာပါ။ အိမ်ကျော်နင်းမှုပါ။ တရားလိုရဲ့အိမ်ကို ကျော်နင်းမှုပေါ့။ ခုနကပြောတဲ့အတိုင်းပေါ့။ သူ့(ဒေါက်တာစံရွေအောင်)ရဲ့အလှူကိုကို မယူဖို့၊ လိုက်လံ မကူညီဖို့၊ အဲဒီလို ကူညီရင် ဘာဖြစ်မယ်။ ညာဖြစ်မယ်ဆိုပြီး ကြိမ်းမောင်းတယ်ပေါ့။ အဲဒါလေးပါ။ အခု တရားရုံးမှာ အမှုရင်ဆိုင်နေပါတယ်”ဟု ပြောပြ သည်။

ANP ကိုယ်စားလှယ်လောင်း ဦးလှအောင်ညွန့်သည် မင်းပြားမြို့ ပြည်တော်အေး ရပ်ကွက်တွင် နေထိုင်သူတဦးဖြစ်ပြီး စက်တင်ဘာ လ ၃၀ ရက်က တရားလို ဒေါ်ဦးမြကြည် နေထိုင်ရာ ပြည်တော်လှ ရပ်ကွက်မှ မိတ်ဆွေတဦး၏ နေအိမ်သို့ သွားရောက်စဉ် တရားလို ဒေါ်ဦးမြကြည်၏ အမျိုးသားက ဦးလှအောင်ညွန့် အား အိမ်သို့ ခဏဝင်ခဲ့ပါဟု ခေါ်သည့်အတွက် ဝင်ရောက်ခဲ့ခြင်းသာ ဖြစ်သည်ဟု ဦးလှအောင်ညွန့်က ဧရာဝတီသို့ ပြောသည်။

ဦးလှအောင်ညွန့်က“သူတို့အိမ်ကို ဝင်သွားတော့ ကျနော်တို့ပါတီက ကယ်ဆယ်ရေး ဆန်တွေပေးလားလို့ မေးတယ်။ ကျနော်က လည်း ပေးတယ်လို့ ပြောတယ်။ ဒါဆိုရင် သူတို့ရပ်ကွက်မှာ ကယ်ဆယ်ရေးအတွက် ဆန်တွေလိုအပ်နေတယ်။ အဲဒီကယ်ဆယ်ရေး ကိစ္စလောက်ကိုပဲ ပြောခဲ့တာပါ။ ကျနော့်ကို အခုလိုမျိုး တရားစွဲမယ်လို့လည်း ထင်တောင် မထင်ဘူး။ ဘာမဟုတ်တဲ့ ကိစ္စနဲ့ တရားစွဲတာပါ”ဟု ပြောဆိုသည်။

မင်းပြားမြို့နယ် ရဲစခန်း၌ အောက်တိုဘာလ ၃ ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၆ ခြိမ်းခြောက်မှု၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၅၁ အိမ်ကျော်နင်းမှု စသည့် ပုဒ်မများနှင့် တရားစွဲတင်ခဲ့ပြီး အောက်တိုဘာလ ၆ ရက်နေ့တွင် မင်းပြားမြို့ တရားရုံး၌ ပထမ အကြိမ်အဖြစ် ရုံးထုတ်၍ တရားလိုပြ သက်သေများကို စစ်ဆေးခဲ့ကြောင်း၊ ဒုတိယအကြိမ် အဖြစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ထပ်မံ ရုံးချိန်းပေးထားကြောင်းလည်း ဆိုသည်။

မင်းပြားမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများမှာ အာဏာရ ကြံ့ခိုင် ရေး ပါတီမှ ဒေါက်တာ စံရွှေအောင်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီမှ ဦးထွန်းဦးကျော်၊ ချင်း အမျိုးသား ပါတီမှ ဦးကြာ အောင်၊ ရခိုင် အမျိုးသား ပါတီမှ ဦးလှအောင်ညွန့်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ဒေါက်တာ ခင်မောင်ဝင်း တို့ ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.