၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ရှုံးနိမ့်သည့်အတွက်အေးချမ်းစွာ ဖယ်ပေးမည်ဟု ဧရာဝတီတိုင်းအစိုးရပြောဆို

ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့်အတွက် ပြည်သူလူထု၏ အဆုံးအဖြတ်ကို ကျေနပ်စွာလက်ခံပြီး မိမိတို့၏ရာထူးများမှ အေးချမ်းစွာ ဖယ်ပေးသွားမည်ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောဆိုလိုက်သည်။


ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့်အတွက် ပြည်သူလူထု၏ အဆုံးအဖြတ်ကို ကျေနပ်စွာလက်ခံပြီး မိမိတို့၏ရာထူးများမှ အေးချမ်းစွာ ဖယ်ပေးသွားမည်ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောဆိုလိုက်သည်။

“ကျနော်ကတော့ ရွေးကောက်ပွဲရလဒ်ကို ရင်မခုန်တော့ပါဘူး။ ကျနော်တို့ အကောင်းဆုံး လုပ်ပေးခဲ့ပြီပဲဗျာ။ ရှုံးတော့လည်း ဖယ်ပေးရုံပဲ ရှိတာပေါ့။ ပြဿနာ မရှိပါဘူး။ ရွေးကောက်ပွဲ ရလဒ်တွေ ထုတ်ပြန်လာတဲ့အခါမှာလည်း ကျနော်တို့က လက်ခံမှာပါ။ အေးအေးချမ်းချမ်းနဲ့ပဲ ပြည်သူလူထုရဲ့ အဆုံးအဖြတ်ကို လက်ခံပါတယ်လို့ ပြောလိုပါတယ်” ဟု ဧရာဝတီတိုင်း အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုက ဧရာဝတီကို ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးသိန်းအောင် ဦးဆောင်၍ ဘဏ္ဍာရေး၊ သစ်တော၊ စည်ပင်၊ လူမှုရေး စသည့် အစိုးရဝန်ကြီး ၁၁ ဦးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု၍ သက်ဆိုင်ရာ မွေးရပ်ဒေသအသီးသီး၌ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ်လောင်းများကို ရှုံးနိမ့်ခဲ့ကြသည်။

ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင် သစ်တောနှင့် သတ္ထုတွင်းဝန်ကြီး ဦးစိုးမြင့်က “ဒါက ပြည်သူ့အဆုံးအဖြတ်ပဲဗျာ။ ကျနော်တို့ လက်ခံရမှာပေါ့။ ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလမှာတော့ ပြည်သူတွေအတွက် ကျနော်တို့ အကောင်းဆုံး လုပ်ခဲ့တယ်လို့ ခံယူပါတယ်။ အခုကတော့ ပြည်သူဆုံးဖြတ်တဲ့အတိုင်း နောက်အစိုးရကို အာဏာလွှဲပြောင်းပေးမယ်။ သူတို့ ဆက်လုပ်သွားကြပေါ့ဗျာ” ဟု ပြောဆိုသည်။