၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

လူထုထောက်ခံမှု များပြားနေဆဲ ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ခရီးစဉ်

တောင်ကုတ်မြို့ ပေါ် မဲဆွယ်စည်းရုံးရေး ဟောပြောပွဲတွင်လည်း လာရောက် ကြိုဆိုသူနှင့်ထောက်ခံသူ တသောင်းကျော်ရှိခဲ့ရာ ရခိုင်ပြည်သူများအကြား ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ရေပန်းစားနေဆဲဖြစ်သည်ကို သက် သေပြသနိုင်ခဲ့


Want create site? Find Free WordPress Themes and plugins.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာလ ၁၆ ရက်နေ့မှစတင်၍ ရခိုင် ပြည်နယ်၊ တောင်ကုတ်မြို့၊ သံတွဲမြို့နယ်နှင့် ဂွမြို့နယ်တို့တွင် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ စတင် ဆောင်ရွက် လျက် ရှိပြီး ယင်းခရီးစဉ်များတွင် သောင်းချီရှိသော ရခိုင်ပြည်သူလူထုက ထောက်ခံမှု ပြသခဲ့ကြပြီး ရခိုင်ပြည်နယ်တွင် NLD ရေပန်း မစားတော့ဟူသည့် ယူဆချက်များကို ချေဖျက်ပြသခဲ့သည်။

၂၀၁၂ ခုနှစ် နိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ စတင်ရာ ရခိုင်ပြည်နယ်တွင် NLD ၏ ရေပန်းစားမှု လျော့ ကျ သွားပြီဆိုသော ယူဆချက်များက ရခိုင်လူမျိုးများအကြားတွင်သာမက ပြည်တွင်းပြည်ပ နိုင်ငံရေး အသိုင်းအဝိုင်း တွင်ပါ ကြီးကြီး မားမား ထင်မြင်သုံးသပ်ယူဆခဲ့ကြပြီး အဓိကအားဖြင့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အဓိက ရုဏ်း ကာလ အတွင်း လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေး ဆိုသော စကားရပ်ကိုသာ ပြောဆိုခဲ့ကြောင်း၊ ရခိုင်တိုင်းရင်း သား များဘက်မှ ဘက်လိုက်ပြောဆိုခြင်းမရှိသကဲ့သို့ မွတ်စလင် လူနည်းစုများဘက်မှလည်း တစုံတရာ ဝေဖန်မှု မလုပ်ခဲ့ ကြောင်း၊ လူ့အခွင့်အရေးကို လေးစားလိုက်နာရန်နှင့် တရားဥပဒေစိုးမိုးရေး ဟူသော စကားရပ်ကိုသာ တွင်တွင် ကျယ် ကျယ် ပြောဆိုမှုကြောင့် ရခိုင်တိုင်းရင်းသားများက ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံမှု ကျဆင်းသွားပြီဟု ပြောဆို သုံးသပ်မှုများ တွင်တွင်ကျယ်ကျယ် ဖြစ်ထွန်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ခရီးစဉ် စတင် စီစဉ်ချိန်ကတည်းက လူမျိုးရေး၊ ဘာသာရေး စိတ်ပြင်းထန်သည့် တောင် ကုတ် မြို့ကို စတင်ရွေးချယ်ခဲ့ပြီး တောင်ကုတ်မြို့သည် ၂၀၁၂ ခုနှစ်အတွင်း ခရီးသည်တင် လိုင်းကားပေါ်မှ မွတ်စလင် ၁၀ ဦးကို ကားပေါ်မှ ဆွဲချကာ သတ်ဖြတ်ခဲ့သည့် မြို့လည်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ် မစတင်မီ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး ကိုလင်းလင်းနှင့် ဦးစိုးဝင်းတို့ တောင် ကုတ် မြို့ သို့ သွားရောက်ရာတွင် အာဏာပိုင်များက ကိုလင်းလင်းနှင့် ဦးစိုးဝင်းတို့သည် မွတ်စလင်များ ဖြစ်သည်ဟု သတင်း များထွက်ပေါ်နေ၍ လုံခြုံရေး အရ စိုးရိမ်ကြောင်း၊ ထို့ကြောင့် လုံခြုံရေးအရ တောင်ကုတ်မြို့သို့ မသွားရောက်ရန် အာဏာပိုင် များက ပန်ကြားမှု တရပ် ပေါ်ပေါက်ခဲ့သေးသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ခရီးစဉ်နှင့်ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်ခဲ့ပြီး လုံခြုံရေးအရ စိတ်ပူပန်မှု များစွာ ဖြစ် ပေါ်ခဲ့ရာ အထူးသဖြင့် အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်သည့် တောင်ကုတ်မြို့တွင် လာရောက်ကြိုဆိုထောက်ခံ မည့် သူ ရှိပါ့ မလား ဆိုသည့် မေးခွန်းများလည်း ထွက်ပေါ်ခဲ့သည်။

အောက်တိုဘာလ ၁၆ ရက်နေ့ တောင်ကုတ်မြို့သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်ရာတွင် သံတွဲမြို့မှ တောင်ကုတ်မြို့ အထိ လမ်းတလျှောက် ကြိုဆိုသူ များပြားခဲ့ပြီး တောင်ကုတ်မြို့ ပေါ် မဲဆွယ်စည်းရုံးရေး ဟောပြောပွဲတွင်လည်း လာရောက် ကြိုဆိုသူနှင့်ထောက်ခံသူ တသောင်းကျော်ရှိခဲ့ရာ ရခိုင်ပြည်သူများအကြား ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ရေပန်းစားနေဆဲဖြစ်သည်ကို သက်သေပြသနိုင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အနိုင်ရပါက မြန်မာနိုင်ငံသည် မွတ်စလင် နိုင်ငံ ဖြစ်လာမည်လောဆိုသော မေးခွန်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ခရီးစဉ်တွင် အမေးများဆုံးသော မေးခွန်းဖြစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ရခိုင်လူထု၏ သံသယကို ဖျောက်ဖျက်နိုင်မည့် ဟောပြောမှုများဖြင့် ပြန်လည် ဖြေကြားခဲ့သည်။

ဒေသခံ ၂၀၀၀ ခန့်တက်ရောက်သော အောက်တိုဘာလ ၁၇ ရက်နေ့ ရခိုင်ပြည်နယ်သံတွဲမြို့ ဒိုးဒေါင်ရပ်ကွက် ဦးဖိုးဆိတ် အားကစား ကွင်းတွင် ပြုလုပ် သည့် မဲဆွယ်ဟောပြောပွဲတွင် ရခိုင်ဒေသခံတစ်ဦး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အာဏာ ရရှိလျှင် မွတ်စလင် နိုင်ငံဖြစ်သွားမည်ဆိုသည့် ဒေသအတွင်း ဝေဖန်ပြောဆိုနေကြသည့် ကိစ္စအပေါ် ရှင်းလင်းပေးရန် တောင်းဆိုခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ဥပဒေမဲ့ စွပ်စွဲမှုအဖြစ် ပြန်လည် ဖြေဆိုခဲ့သည်။

“ ဒီစကားတွေဟာ လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်အောင် ပြောတဲ့စကားသာ ဖြစ်ပါတယ်။ ဒါတွေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက်ရာလည်း ရောက်ပါတယ်။ ကျမသတ္တိရှိရှိမေးရဲတယ်။ ကျမတို့ အဖွဲ့က ဘယ်တုန်းကမှ ဥပဒေ ကိုချိုးဖောက်ပြီး လုပ်ခဲ့တာ ရှိခဲ့ဖူးလို့လဲ ။ ကျမတို့အဖွဲ့ချုပ်က ပြည်သူလူထုကိုလိမ်လည် လှည့်ဖြား ပြီး ဘယ်တုန်းက စည်းရုံး ခဲ့ဖူးလို့လဲ ။ ကျမအနေ နဲ့ စိန်ခေါ်ပါ တယ်။ ပြောခဲ့တဲ့သူတွေဟာ တကယ်သတ္တိရှိတယ် ဆိုလို့ရှိရင် တရားဝင် စာထုတ်ပြီးစွပ်စွဲပါ။ တရားဥပဒေ ဘောင်အတွင်းကနေ ရင်ဆိုင်ပါမယ် ” ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အာဏာရရှိပါက မွတ်စလင် နိုင်ငံဖြစ်သွားမည်ဆိုသော ပြောဆိုမှုများသည် အဖွဲ့အစည်း တခုက ရည်ရွယ်ချက်ရှိရှိ လွှင့်ထုတ်နေသော ဝါဒဖြန့်မှု ဖြစ်ကြောင်း၊ ထို့ပြင် ထိုသို့ ဝါဒဖြန့်မှုသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သော်လည်း အာဏာပိုင်များက တစုံတရာ အရေးယူမှုမရှိဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

“အဲဒီမေးခွန်းဟာလေ ကျွန်မ တစ်နိုင်ငံလုံးမှာ အမေးခံရတယ်။ ရခိုင်မှာတင် မဟုတ်ဘူး။ အဲဒီတော့ ဒီဟာ က တစုတဖွဲ့ က နေပြီး တော့ တနိုင်ငံလုံး အတိုင်း အတာဖြင့် စနစ်တကျ ဝါဒဖြန့်ချီရေး လုပ်နေတယ်လို့ ကျွန်မ ဒီလိုပဲ မြင်ပါ တယ်။ ဒီမိုကရေစီ အစိုးရ ဆိုတာ လုပ်ချင်တိုင်း လုပ်လို့ ရတာ မဟုတ်ဘူး။ ပြည်သူ့ရဲ့ ဆန္ဒကို ဆန့်ကျင်ပြီးတော့ ဘာမှလုပ်လို့ ရမှာ မဟုတ်ပါဘူး ဆိုတာ ပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာလ ၁၆ ရက်နေ့ တောင်ကုတ်မြို့တွင် ပြောဆိုခဲ့သည်။

လူထုထောက်ခံမှုများပြားသည်ဟုဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် အခက်အခဲနှင့် အနှောင့်အယှက် များရှိနေဆဲဖြစ်သည်ဟု ရခိုင်ဒေသခံ NLD ပါတီဝင်များက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း သံတွဲ နှင့် တောင်ကုတ်မြို့များတွင် ဒေသ အာဏာပိုင်များက တရား ဥပဒေ စိုးမိုးရေး အပါအဝင် ရွေးကောက်ပွဲနှင့် သက်ဆိုင်သော ဒေသန္တရ အမိန့်တရပ်ကို ထုတ်ပြန်ကြေညာကြောင်း သိရှိရသည်။

ထိုအမိန့် ထုတ်ပြန်ရခြင်းသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် မသက်ဆိုင်ဘဲ ဒေသ ၏ လိုအပ်ချက်အရ ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလူမော်က ဧရာဝတီသို့ ပြောသည်။

ပြည်သူများ အနေဖြင့် တရားဥပဒေ စိုးမိုးမှုကို ပျက်ပြားအောင် မလုပ်ဆောင်ရန်၊ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အဖျက် အမှောင့် လုပ်ငန်း မလုပ်ဆောင်ကြရန်၊ ကျေးရွာ၊ ရပ်ကွက်များတွင် သတ်မှတ်ပြဌာန်းထားသည့် ဥပဒေ၊ စည်းမျဉ်း စည်းကမ်း များကို လိုက် နာကြရန်အတွက် ဖြစ်သည်ဟုလည်း ၎င်းက ရှင်းပြသည်။

အဆိုပါ ဒေသန္တရအမိန့်ကို တောင်ကုတ်မြို့တွင် အောက်တိုဘာလ ၁၄ ရက်က ထုတ်ပြန် ကြေညာခဲ့ပြီး သံတွဲမြို့၌ အောက် တိုဘာလ ၁၅ ရက်နေ့က ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။

ယင်းဒေသန္တရ အမိန့်ဆိုသည်မှာ သက်ဆိုင်ရာ ဒေသ အုပ်ချုပ်ရေး အာဏာပိုင်များက တရားဥပဒေစိုးမိုးမှုနှင့် တည်ငြိမ် အေးချမ်းမှုကို ရှေးရှုပြီး ဒေသ၏ လိုအပ်ချက်အရ ထုတ်ပြန်သောအမိန့် တခုသာ ဖြစ်ကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များက ပြောဆိုကြသည်။

ဦးလူမော်က“ကျနော်တို့ရဲ့ ဒေသအခြေအနေအရ ထုတ်သင့်တယ်ထင်လို့ ထုတ်လိုက်တာပါ။ မြို့ပေါ်က အထောက် အကူပြု ကော် မတီ အဖွဲ့တွေ၊ ဒေသခံ လူထုတွေနဲ့ တိုင်ပင်ပြီး ထုတ်ရခြင်း ဖြစ်ပါတယ်။ အားလုံး တည်တည်ငြိမ်ငြိမ် အေးအေး ချမ်းချမ်း ဖြစ်ဖို့ ရည်ရွယ်တာပါ”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ် မဲဆွယ်စည်းရုံးရေး ခရီးစဉ်နှင့်ပတ်သက်ပြီး စစ်တွေမြို့နေ ဦးသိန်းရွှေနှင့် သံတွဲမြို့ ကျိုက် တော ရပ်ကွက်နေ ဦးစံတင်တို့ ၂ ဦးသည် အောက်တိုဘာ ၁၃ ရက်နေ့ ရက်စွဲဖြင့် ဒေါ်အောင်ဆန်း စုကြည်ကို ဆန္ဒပြရန် သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ လျှောက်ထားခဲ့ကြောင်း၊ သို့သော်လည်း ဆန္ဒပြရန် ၅ ရက် ကြိုတင်ခွင့်ပြုချက် လိုအပ်သည့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်ခွင့် ဥပဒေကြောင့် ခွင့်ပြုခဲ့ခြင်း မရှိကြောင်း သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူး ခင်ဇော်က ပြောဆိုသည်။

ရဲမှူးခင်ဇော်က“ကျနော်တို့ အခု ထုတ်လိုက်တဲ့ ဒေသန္တရအမိန့်က ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နဲ့ မဆိုင်ပါဘူး။ မဲဆွယ် စည်းရုံး တာ။ ရွေးကောက်ပွဲ လုပ်တာတွေနဲ့ ဘာမှ မဆိုင်ဘူးဗျ။ ဒေသအတွင်းမှာ လုံခြုံရေးရယ်၊ တည်ငြိမ် အေးချမ်း ရေးရယ်၊ တရား ဥပဒေ စိုးမိုးရေးအတွက် ထုတ်တာပါ။ လုံခြုံရေးအခြေအနေ စိုးရိမ်စရာဖြစ်လို့တော့ မဟုတ်ဘူး။ ပိုပြီး အေးအေးချမ်းချမ်း ဖြစ်အောင်လို့ ပါ။ ဒေါ်စု ခရီးစဉ်အတွက်လည်း ကျနော်တို့ ရဲတပ်ဖွဲ့က လုံလောက်တဲ့ အင်အားနဲ့ လုံခြုံရေး ယူထားပါတယ်”ဟု ပြောသည်။

NLDပါတီမှ သံတွဲခရိုင် ဥက္ကဋ္ဌ ဦးဝင်းနိုင်ကမူ ယခုကဲ့သို့ ဒေသဆိုင်ရာ အမိန့်ထုတ်လိုက်ခြင်းသည် NLD ၏လှုပ်ရှားမှု ရပ်တန့် သွားစေရန် အရှိန် လျှော့လိုက်သည့် သဘော သက်ရောက်ကြောင်း ပြောဆိုသည်။

“ဒေသန္တရ အမိန့်ထုတ်တယ် ဆိုတာ သူတို့လုံခြုံရေးအတွက် ထုတ်တာရှိမှာပေါ့။ ကျနော်တို့ အခက်အခဲတော့ ဖြစ်တာ မရှိပါ ဘူး။ ဒါပေမယ့် လည်း သူတို့က နှစ်ပေါက်တစ်ပေါက် ရိုက်တာပေါ့ဗျာ။ ကျနော်တို့ပါတီက လူတွေရဲ့ လှုပ်ရှားမှုတွေကို ရပ်တန့်သွားအောင် တနည်းအားဖြင့် အရှိန်လျှော့လိုက်တာပေါ့”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ရခိုင်ခရီးစဉ်မှာ မပြီးဆုံးသော်လည်း ရခိုင်လူထု၏ ထောက်ခံမှုများကြောင့် နိုင်ငံရေးအရ အောင်မြင်သော ခရီးစဉ်တခုအဖြစ် NLD ပါတီနှင့် နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.