၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

လူအုပ်ဖြင့် လိမ်လည်ပြီး မဲပေးရန် ကြံစည်မှု မန္တလေး တွင်ဖြစ်ပွား

ယနေ့နေ့လည်က မန္တလေးမြို့ မဟာမြိုင် အပိုင်း ၂ ၄၂လမ်းနှင့် ၆၅၊ ၆၆လမ်းအကြားရှိ မဲရုံအမှတ် ၅တွင် အဆိုရပ်ကွက်တွင် နေထိုင်ခြင်းမရှိသည့် လူပေါင်း ၁၀၀ ကျော်အား ကား ၆ စီးဖြင့် တင်ဆောင်လာပြီး မဲပေးရန် ကြိုးစားသူများကို ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့များက ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ကားတွင် မိန်းကလေးများလည်းပါဝင်ပြီး မြစ်ငယ် တိုးလ်ဂိတ်မှ အလုပ်သမားများနှင့် ၎င်းးတို့နှင့် နီးစပ်သူများကို ဦးသက်မြင့်နှင့် ဦးမင်းမင်းစိုးတို့ ဦးဆောင် ခေါ်ယူလာခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် ဤအရပ်တွင်နေထိုင်သူများမဟုတ်ပဲ မဲပေးခါနီးမှသာ နေထိုင်ရန် ပုံစံ ၃(က) လျှောက်ထားသူများ ဖြစ်ကြောင်း နေထိုင်ခွင် အကြုံးမဝင်သေးသည့်အတွက် NLD ပါတီမှ ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားကာ တရားစွဲဆိုရန် စီစဉ်နေသည်။

ယခုအခါ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်၏ ညှိနှိုင်းချက်ကို NLD ပါတီမှ ဦးသိန်းဦး၊ ဦးဇာနည်အောင်တို့က လက်မခံကြောင်း သိရသည်။