၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

သဲကုန်းမြို့တွင် NLD နိုင်ပြီ

ပြည်ခရိုင် သဲကုန်းမြို့နယ်အတွင်း လွှတ်တော်သုံးရပ်စလုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ စုစုပေါင်း မဲရုံပေါင်း ၁၉၃ ရုံတွင် ၁၇ ရုံသာရှုံးခဲ့ပြီး ကျန်မဲရုံများတွင် NLD အနိုင်ရရှိခဲ့ကြောင်း သဲကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်သန်းထံမှ သိရသည်။


Want create site? Find Free WordPress Themes and plugins.

ပြည်ခရိုင် သဲကုန်းမြို့နယ်အတွင်း လွှတ်တော်သုံးရပ်စလုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ စုစုပေါင်း မဲရုံပေါင်း ၁၉၃ ရုံတွင် ၁၇ ရုံသာရှုံးခဲ့ပြီး ကျန်မဲရုံများတွင် NLD အနိုင်ရရှိခဲ့ကြောင်းသဲကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်သန်းထံမှ သိရသည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်၏ စာရင်းများအရ ုပြည်သူ့လွှတ်တော်ကိုယ်စာလှယ်နေရာတွင် NLD ၅၁၁၅၉ မဲ နှင့် USDP မှ ၂၂၀၀၅ မဲ၊ အမျိုးသားလွှတ်တော်နေရာတွင် NLD ၅၃၉၉၄ နှင့် USDP ၁၃၁၇၆ တို့ဖြစ်ပြီး၊ တိုင်းဒေသကြီး မဲဆန္ဒနယ် (၁) တွင် NLD ၂၇၀၉၁ နှင့် USDP ၁၀၄၆၆ ၊ တိုင်းဒေသကြီးမဲဆန္ဒနယ်(၂)တွင် ၂၅၀၉၄ နှင့် ၁၂၀၇၉ တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါမဲစာရင်းများမှာ သဲကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်မှ ပုံစံ (၁၉)ဖြင့် ထုတ်ပြန်ထားသည့် စာရင်းဖြစ်သော်လည်း တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အတည်ပြုမှသာ တရားဝင် မဲစာရင်းဖြစ်မှာဖြစ်ကြောင်း သဲကုန်းမြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်သန်းက ဧရာဝတီသို့ပြောသည်။

ဆလိုင်း ကောင်းမြတ်မင်း သတင်းပေးပို့သည်။

Did you find apk for android? You can find new Free Android Games and apps.