fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

အစိုးရ၏ မြစိမ်းရောင်ချေးငွေ ကြံ့ခိုင်ရေးပါတီပေးဟု မဲဆွယ်စည်းရုံး၍ အတိုင်ခံရ

တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၂ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ဦးမြင့်အောင်၏ ကြိုးပမ်း မှုဖြင့် မြစိမ်း ရောင် ချေးငွေကို ကြံ့ခိုင်ရေး ပါတီက ချပေးလိုက်ပြီ ဖြစ်ကြောင်း


Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်တွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ပေးအပ်နေသည့် “မြစိမ်း ရောင်” ချေးငွေများကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေး)က ထုတ်ပေးသည့် ပုံစံမျိုးဖြင့် မဲဆွယ်စည်းရုံး နေခြင်းကြောင့် သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားခံရကြောင်း သတင်း ရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၂ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ဦးမြင့်အောင်၏ ကြိုးပမ်းမှုဖြင့် တိုက်ကြီး မြို့နယ်၊ ကြို့ချောင်းကျေးရွာတွင် မြစိမ်းရောင် ချေးငွေ သိန်း ၃၀၀ ကို ကြံ့ခိုင်ရေး ပါတီက ချပေးလိုက်ပြီဟု ကျေးရွာ ဆယ်အိမ်မှူး ဦးသန်းဇော်ဦးက အသံချဲ့စက်ဖြင့် “ဝမ်းသာ စရာ သတင်း”ဟု အမည်တပ် ကြေညာခဲ့ကြောင်း ၊ အသံချဲ့ စက်ဖြင့် လိုက်လံ ကြေညာခဲ့မှု ကို အရေးယူပေးရန် မြို့နယ် ရွေးကောက် ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီတချို့က တိုင်ကြား ထား ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ် တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး(တစည)ပါတီ ဥက္ကဋ္ဌ ဦးမြင့်သိန်းက “အုပ်ချုပ်ရေးပိုင်းက ပါတီတခု အတွက် မဲဆွယ် ကြေညာတာမျိုး မလုပ်သင့်ဘူး။ ဒါဟာ ပြည်သူ တွေကို လိမ်ညာ လှည့်ဖြား ပြီး မဲဆွယ်နေတာ ဖြစ် တယ်”ဟု ဧရာဝတီသို့ ပြောသည်။

မြစိမ်းရောင် ချေးငွေကို ကျေးလက် အထောက်အကူပြု အဖွဲ့များက လုပ်ဆောင်ခြင်းသာ ဖြစ်ပြီး နိုင်ငံရေး ပါတီများနှင့် မသက် ဆိုင်ကြောင်း၊ ယခုကိစ္စမှာ ထင်ကြေးနှင့် ပြောဆိုခြင်းသာ ဖြစ်နိုင်ပြီး အုပ်ချုပ်ရေးပိုင်း က ပါဝင် ပတ်သက်မှု မရှိ ကြောင်း တိုက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်စိုးက ပြောသည်။

ဦးဇော်စိုးက“ဒီလိုအချိန်မှာ ထင်ကြေးနဲ့ ပြောတာတွေတော့ ရှိမှာပါပဲ။ ချေးငွေပေးတဲ့နေ့က ကြံ့ခိုင်ရေးက လူကြီးတွေ တက်ခဲ့တာကိုး။ ဒီချေးငွေဟာ ကျန်တဲ့ပါတီတွေနဲ့ ဘာမှမဆိုင်ပါဘူး”ဟု ပြောသည်။

မြစိမ်းရောင် ချေးငွေကို ကြံ့ခိုင်ရေးပါတီက ချပေးသည်ဆိုသော တိုင်ကြားစာသည် တိုက်ကြီးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ထံသို့ ရောက်ရှိနေပြီး ခရိုင်အဆင့်သို့ မရောက်ရှိသေးသဖြင့် သေချာစွာ မသိရှိသေးကြောင်း၊ နိုင်ငံရေး ပါတီများကြား ပြဿနာများကို ကော်မရှင် အနေဖြင့် အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန် မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေတွင် နိုင်ငံရေးပါတီများ အနေဖြင့် မဲဆွယ် စည်းရုံးရာတွင် နိုင်ငံတော်ပိုင် ပစ္စည်း၊ ငွေကြေးများ သုံးစွဲခွင့် မရှိကြောင်းနှင့် နိုင်ငံ ဝန်ထမ်းများ၏ အကူအညီ ရယူခြင်း မပြုရန် ပြဌာန်းထားပြီး သုံးစွဲရယူကာ မဲဆွယ်မှုများ ပြုလုပ်ပါက ပါတီ မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

Did you find apk for android? You can find new Free Android Games and apps.