fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

အသုံးစရိတ် ကျပ်သိန်း ၁ သောင်းကျော် ရှိဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ပြောဆို

ကျနော် အခုလှုဒါန်းပေးကမ်းနေတာ သိန်းပေါင်း ၁ သောင်းကျော်ပါပြီ။ အလှူတွေ လုပ်တယ်။ လမ်းတွေ လုပ်တယ်။ လျှပ်စစ်မီးတွေ လုပ်ပေးတယ်။ နောက်ပြီး ဆေးကုပေးတယ်။ မျက်စိ ကုပေးတယ်။ အဓိကက ကျနော့်ရဲ့ ကိုယ်ပိုင်ငွေနဲ့ လုပ်နေတာပါ။


Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် မဲဆန္ဒနယ်၌ ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ၎င်း မဲဆွယ်စည်းရုံးရာ၌ လှူဒါန်းပေးကမ်းနေသည့် ငွေကြေးပမာဏမှာ ကျပ် သိန်းပေါင်း ၁ သောင်းကျော် ရှိပြီဖြစ်ကြောင်း ပြောဆိုသည်။

“ကျနော် အခု လှူဒါန်းပေးကမ်းနေတာ သိန်းပေါင်း ၁ သောင်းကျော်ပါပြီ။ အလှူတွေ လုပ်တယ်။ လမ်းတွေ လုပ်တယ်။ လျှပ်စစ်မီးတွေ လုပ်ပေးတယ်။ နောက်ပြီး ဆေးကုပေးတယ်။ မျက်စိ ကုပေးတယ်။ အဓိကက ကျနော့်ရဲ့ ကိုယ်ပိုင်ငွေနဲ့ လုပ်နေတာပါ။ အခု ရွေးကောက်ပွဲမှာ ကျနော်စီးနေတဲ့ကား၊ ကျနော့်ဝန်ထမ်း ကျနော့် တယ်လီဖုန်းကအစ ကျနော်ကိုယ်ပိုင်ပဲ ဖြစ်ပါတယ်” ဟု ယနေ့တွင် ဒီပဲယင်းမြို့နယ်၊ အေးသာယာရွာ၌ ပါတီအောင်နိုင်ရေး စည်းရုံးရေး ဟောပြောစဉ်အတွင်း ဝန်ကြီးဦးဝင်းမြင့်က ပြောဆိုခြင်း ဖြစ်သည်။

ဒီပဲယင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ ပါတီပေါင်း ၅ ခုမှ ကိုယ်စားလှယ်များ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ကြံခိုင်ရေးပါတီမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဝင်းမြင့်အောင်၊ အမျိုးသား တိုးတက်ရေးပါတီမှ ဦးဝင်းအောင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ ဦးမျိုးမြင့်အောင်၊ မြန်မာနိုင်ငံ တောသူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးစိုးနိုင်ဝင်းတို့က ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ယနေ့ ပါတီအောင်နိုင်ရေး စည်းရုံးရေး ဟောပြောပွဲ၌ ဦးဝင်းမြင့်က “ဦးသိန်းစိန် အစိုးရ တက်လာတာ ၅၅ လ ရှိပါပြီ။ ဒီအတွင်းမှာ ဆန်တန်ချိန် ၅ သန်း ပို့ပြီးတော့ မနှစ်က ဆန်တန်ချိန် ၁ ဒသမ ၈ သန်း၊ နှစ် ၅၀ အတွင်းမှာ အများဆုံးပို့ခဲ့တယ်။ စပါးဈေးဟာ တိုင်းဒေသအလိုက် အမျိုးအစားအလိုက် နေရာဒေသအလိုက် စပါးတင်း ၁၀၀ ကို ၄ သိန်းကနေ ၁၂ သိန်းအထိ ရှိလာပြီဖြစ်ပါတယ်။ လယ်သမားဘ၀ မြှင့်တင်ဖို့ တောင်သူလယ်သမား ပြည်ထောင်စု ဝန်ကြီးဖြစ်တာ နှစ် ၆၀ အတွင်းမှာ ကျနော် တယောက်ပဲ ရှိပါတယ်” ဟု ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.