၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ဦးကျော်သူ ရွေးကောက်ပွဲ ဝင်ရန် စဉ်းစားနေ

တကယ်လို့ ပါတီ တခုခုကနေ ဝင်ရောက်မယ် ဆိုရင်တော့ လူထုနှလုံးသား ထဲက ပါတီကနေ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်


Want create site? Find Free WordPress Themes and plugins.

အကယ်ဒမီဆုရှင် ရုပ်ရှင်မင်းသားတဦး ဖြစ်ခဲ့ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ဦးဆောင်နေသူ ဦးကျော်သူက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ဖြစ်ပါက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သို့မဟုတ် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တို့မှ ဝင်ရောက်မည်ဟု သိရသည်။

ဦးကျော်သူက ပါတီတခုခု ကိုယ်စားပြု၍ ယှဉ်ပြိုင်ရန် သို့မဟုတ် တသီးပုဂ္ဂလ အနေဖြင့် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ချက် မချရသေးသော်လည်း ပါတီတခုခုကို ရွွေးချယ်ရမည်ဆိုပါက လူထုနှလုံးသား ပါတီတခုမှ ဝင်ရောက် ရွေးချယ် ခံမည်ဖြစ်ကြောင်း ဇွန်လ ၁ ရက်နေ့က ဧရာဝတီသို့ ပြောသည်။

ဦးကျော်သူက “တကယ်လို့ ပါတီတခုခုကနေ ဝင်ရောက်မယ်ဆိုရင်တော့ လူထုနှလုံးသားထဲက ပါတီကနေ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

ဦးကျော်သူ၏ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်က သူ၏ ခင်ပွန်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် တဦးမဟုတ်ဟု ဆိုသည်။

NLD ပါတီ ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က “ပါတီ အနေနဲ့ ကိုယ်စားလှယ်လောင်း စာရင်းတွေ မတောင်းသေးပါဘူး။ သူ့အနေနဲ့ ပါတီကို အဆိုပြုထားတာလည်း မရှိသေးပါဘူး။ ဒါပေမယ့် သူ့မြို့နယ်မှာတော့ သူပြော ဆိုထာတာမျိုး ရှိချင်ရှိမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သူ ဦးလှဆွေကမူ “အရည်အချင်းကို ဒီလိုနည်းနဲ့ စမ်းသပ်တဲ့ သူ့ရဲ့ သတ္တိကို တကယ်လေးစားပါတယ်” ဟု မှတ်ချက်ပြုခဲ့သည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်ရာတွင် ဦးကျော်သူ ပါဝင်ခဲ့ပြီး အများ၏ လေးစားမှုကို ရရှိခဲ့ကာ မြန်မာ လူငယ်များကိုလည်း လူမှုရေးကိစ္စများတွင် စိတ်ဝင်စားလာအောင် တွန်းအား ပေးနိုင်ခဲ့သည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) က လူမျိုးဘာသာ ဆင်းရဲချမ်းသာ အဆင့်အတန်း မရွေး ကူညီပေးနေသည့် လူမှုရေး အဖွဲ့အစည်းတခု ဖြစ်ပြီး သူ၏ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးမှုများအတွက် နိုင်ငံတကာ ဆုများ ချီးမြှင့်ခံခဲ့ရသည်။

Did you find apk for android? You can find new Free Android Games and apps.