fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ဧရာဝတီတိုင်းရှိ လွှတ်တော် ၃ရပ်၌ NLD ပါတီ ရာနှုန်းပြည့်အနိုင်ရနေ

ဧရာဝတီတိုင်းဒေသကြီးရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် အမှတ် ၂ တို့တွင် အမျိုးသားဒီမိုကစေီအဖွဲ့ချုပ် NLD ပါတီက ရာနှုန်းပြည့်အနိုင်ရခဲ့ပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး NLD ပါတီအောင်နိုင်ရေးအဖွဲ့ အတည်ပြု ပြောဆိုသည်။


Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီးရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် အမှတ် ၂ တို့တွင် အမျိုးသားဒီမိုကစေီအဖွဲ့ချုပ် NLD ပါတီက ရာနှုန်းပြည့်အနိုင်ရခဲ့ပြီဖြစ်ကြောင်းဧရာဝတီတိုင်းဒေသကြီး NLD ပါတီအောင်နိုင်ရေးအဖွဲ့ အတည်ပြု ပြောဆိုသည်။

“ဧရာဝတီတိုင်းထဲက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော် အမှတ် ၂ မဲဆန္ဒနယ်အကုန်လုံးမှာ ကျနော်တို့ အဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိခဲ့ပြီလို့ ပြောလို့ရပါတယ်။ အဓိကကတော့ မဲဆန္ဒနယ်တခုရဲ့ မဲပေးနိုင်သူအားလုံးအနက်မှာ ထက်ဝက်ကျော်မဲတွေ ရရှိခဲ့ပြီဖြစ်လို့ နိုင်ပြီလို့ ကျနော်တို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ တခဲနက် အားပေးထောက်ခံပေးတဲ့ ပြည်သူများအားလုံးကို ကျေးဇူးအထူး တင်ပါတယ်လို့ ပြောလိုပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး NLD ပါတီအောင်နိုင်ရေး ဥက္ကဋ္ဌ ဦးစည်သူအောင်က ဧရာဝတီကို ပြောသည်။

ယနေ့ မနက် ၁၂ နာရီအချိန် ရရှိထားသည့်စာရင်းများအရ ဧရာဝတီတတိုင်းလုံးရှိ မဲဆန္ဒနယ် ၉၂ ခုတွင် NLD ပါတီက ပြည်သူ့လွှတ်တော်တွင် ၂၆ နေရာ၊ တိုင်းလွှတ်တော် အမှတ် ၁ တွင် ၂၅ နေရာ၊ တိုင်းလွှတ်တော် အမှတ် ၂ တွင် ၂၆ နေရာနှင့် အမျိုးသားလွှတ်တော် ၁၂ နေရာစသဖြင့် စုစုပေါင်း မဲဆန္ဒနယ် ၈၉ ခုတွင်အနိုင်ရရှိနေကြောင်း သိရသည်။

ဧရာဝတီတိုင်းတခုလုံး၌ မဲဆန္ဒနယ် စုစုပေါင်း ၉၂ နေရာတွင် NLD ပါတီက ၈၉ နေရာ အနိုင်ရခဲ့ပြီ ဖြစ်သည့်အတွက် မဲဆန္ဒနယ်အားလုံး၏ ၉၆ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ မဲရလာဒ် မပြတ်သားသေးဘဲ အကြိတ်အနယ်ဖြစ်နေသည့် မဲဆန္ဒနယ် ၃ ခုမှာ ငပုတောမြို့နယ် တိုင်းဒေသကြီး လွှတ်တော် အမှတ် ၁ ၊ ကရင်နှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး မဲဆန္ဒနယ်များ ဖြစ်သည်။

ယခု ၂၀၁၅ ရွေးကောက်ပွဲ၌ NLD ပါတီ ကိုယ်စားလှယ်လောင်းများမှာ ကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင်များနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်သည့် ဦးဌေးဦး၊ ဦးသန်းထွန်း၊ ဗဟိုအတိုင်ပင်ခံ ဦးတင်ထွတ်၊ ဦးစိုးနိုင်၊ သမ္မတရုံးဝန်ကြီး ဦးသိန်းညွန့်၊ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်၊ အားကစားဝန်ကြီး ဦးတင့်ဆန်း၊ ဦးခင်ရီ၊ ဦးသန်းဌေးတို့ကို ကျော်ဖြတ် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.