fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ကျောင်းကုန်းမြို့ မဲရလဒ်များ မထုတ်ပြန်နိုင်သေး

အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီးစီးသည်မှာ ၂ ရက်ကြာ ရှိပြီဖြစ်သော်လည်း ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်၌ ရွေးကောက် ပွဲ ကော်မရှင် အဖွဲ့ခွဲက မဲရုံ အသီးသီး၏ ဆန္ဒမဲစာရင်း ပုံစံ - ၁၆ နှင့် ကိုယ်စားလှယ်လောင်းများ ရရှိသည့် ဆန္ဒမဲစာရင်း ပုံစံ ၁၉ များ ထုတ်ပြန်မပေးသည့်အတွက် ရွေးကောက်ပွဲ ရလဒ်များ ကြေညာနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။


Want create site? Find Free WordPress Themes and plugins.

အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီးစီးသည်မှာ ၂ ရက်ကြာ ရှိပြီဖြစ်သော်လည်း ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်၌ ရွေးကောက် ပွဲ ကော်မရှင် အဖွဲ့ခွဲက မဲရုံ အသီးသီး၏ ဆန္ဒမဲစာရင်း ပုံစံ – ၁၆ နှင့် ကိုယ်စားလှယ်လောင်းများ ရရှိသည့် ဆန္ဒမဲစာရင်း ပုံစံ ၁၉ များ ထုတ်ပြန်မပေးသည့်အတွက် ရွေးကောက်ပွဲ ရလဒ်များ ကြေညာနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။

“အခုချိန်အထိ မြို့နယ်ရုံးက ပုံစံ ၁၆ (မဲရုံ အသီးသီး၏ ဆန္ဒမဲစာရင်း) ထုတ်ပေးတာ မရှိဘူး။ မနေ့ကလည်း တောင်းတယ်။ ဒီနေ့မနက်လည်း လာတောင်းတယ်။ မြို့နယ်ကော်မရှင်ကလည်း မပြီးသေးလို့ မပေးနိုင်သေးဘူးလို့ချည်းပဲ ပြောနေတယ်။ တမြို့နယ် လုံးက မဲရုံတွေမှာ မဲတွေလည်း ရေတွက်ပြီးသွားတာ ကြာလှနေပြီ။ အခုချိန်အထိ ပုံစံ ၁၆ တောင် ထုတ်ပြန်မပေးနိုင်တဲ့ အခြေ အနေ ဆိုတော့ ဒီအခြေအနေဟာ အတော်ကို စိုးရိမ်စရာကောင်းနေပြီ”ဟု NLD ပါတီ ကျောင်းကုန်း၊ သာပေါင်းနှင့် ကန်ကြီးထောင့်မြို့နယ် ၃ ခု ပူးပေါင်းထားသည့် အမျိုးသားလွှတ်တော် အမှတ် ၂ ကိုယ်စားလှယ် စခင်ဇော်လင်းက ဧရာဝတီကို ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က စုပေါင်းတွက်ချက်ထားသည့် ဆန္ဒမဲစာရင်းများအရ ကျောင်းကုန်းမြို့နယ်တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် အမှတ် (၂) တို့တွင် NLD က အနိုင်ရရှိနေပြီး တိုင်းဒေသကြီးလွှတ်တော် အမှတ် (၁) တွင် ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိခဲ့သည်။

ကျောင်းကုန်းမြို့ အခြေအနေအား NLD ပါတီက ဧရာဝတီတိုင်း ကော်မရှင်သို့ တင်ပြခဲ့ရာ တိုင်းကော်မရှင်က ပုသိမ်ခရိုင် ရွေးကောက် ပွဲ ကော်မရှင်အဖွဲ့ကို ကျောင်းကုန်းမြို့သို့ စေလွှတ်၍ စစ်ဆေးပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.