fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ကျောင်းကုန်း မဲပြဿနာပြေလည်၊ NLD နှင့်ကြံ့ခိုင်ရေး ၂ နေရာစီ အနိုင်ရ

မဲရုံမှူးတွေဟာ မဲရလဒ်ကို ပြင်ဆင်ခြင်းမဟုတ်ဘဲ၊ မဲလက်မှတ်အရေအတွက်တွေကိုသာ ပြင်ဆင်တာပါလို့ အများရှေ့မှာ ဝန်ခံထွက်ဆိုသွားပါတယ်။ ဒီနေရာမှာ မမှန်မကန် လုပ်ကြောင်း အထောက်အထားတစုံတရာ ကျနော်တို့ဘက်က ထင်ရှား အောင် မပြနိုင်ဘူး


Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော် အမှတ် ၁ မဲဆန္ဒနယ် တို့၏ ရွေးကောက်ပွဲရလာဒ်အပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်တို့အကြား အငြင်းပွားနေမှုများ ပြေလည်သွားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

NLD ပါတီမှ ဧရာဝတီတိုင်းခေါင်းဆောင်များနှင့် မြို့နယ်၊ ခရိုင်၊ တိုင်းရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ ကျောင်းကုန်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံး၌ နိုဝင်ဘာလ ၁၁ ရက်နေ့က တွေ့ဆုံညှိုနှိုင်းခဲ့ရာ ပြေလည်မှု ရရှိသွားခြင်းဖြစ်သည်။

“မဲရုံမှူးတွေဟာ မဲရလဒ်ကို ပြင်ဆင်ခြင်းမဟုတ်ဘဲ၊ မဲလက်မှတ်အရေအတွက်တွေကိုသာ ပြင်ဆင်တာပါလို့ အများရှေ့မှာ ဝန်ခံထွက်ဆိုသွားပါတယ်။ ဒီနေရာမှာ မမှန်မကန် လုပ်ကြောင်း အထောက်အထားတစုံတရာ ကျနော်တို့ဘက်က ထင်ရှား အောင် မပြနိုင်ဘူး ဖြစ်ခဲ့တယ်။ ဒါကြောင့် ကော်မရှင်ကထုတ်ပြန်တဲ့ ရလာဒ်ကိုလည်း ကျနော်တို့ လက်ခံလိုက်ပါပြီ။ ချိပ် ပိတ် ထားတဲ့ မဲထုပ်တွေ  ကိုလည်း ပြန်ဖွင့်ပေးဖို့ လုပ်နေပါပြီ”ဟု ဧရာဝတီတိုင်း NLD ပါတီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးညွန့် က ဧရာဝတီကို ပြောသည်။

ဆွေးနွေးညှိုနှိုင်းမှု အဆင်ပြေသွားသည့်အတွက် အငြင်းပွားမှုဖြစ်နေသည့် ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ တို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့ပြီး အမျိုးသား လွှတ်တော်နှင့် တိုင်းလွှတ်တော် အမှတ် ၂ တို့တွင် NLD ပါတီက အနိုင်ရကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။

မဲရလဒ်များအနေဖြင့် ပြည်သူ့လွှတ်တော်၌ ကြံ့ခိုင်ရေးပါတီမှ ဦးသိန်းထွန်းက NLD ပါတီမှ ဦးဗဟိန်းကို ၃၉၉ မဲအသာဖြင့် လည်းကောင်း၊ ကြံ့ခိုင်ရေးပါတီမှ ဧရာဝတီတိုင်းလွှတ်တော် ဒု ဥက္ကဋ္ဌ ဒေါက်တာထိန်ဝင်းက NLD ပါတီမှ ဦးအောင်ကျော်နိုင် ကို ၁၆၉၁ မဲအသာဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြောင်း မြို့နယ်ကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် အမျိုးသားလွှတ်တော်၌ NLD ပါတီမှ စခင်ဇော်လင်းနှင့် တိုင်းလွှတ်တော် အမှတ် ၂ တွင် ဦးခင်မောင်ဇော်တို့က ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီမှအမတ်လောင်းများကို မဲထောင်ဂဏန်းအသာဖြင့်  အသီးသီး အနိုင်ရခဲ့ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.