၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

တောင်ကြီး ခရိုင်အတွင်း NLD အနိုင်ရနေ

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် အတွင်းရှိ မြို့နယ် ၁၀မြို့နယ်ဖြစ်သည့် တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ညောင်ရွှေမြို့နယ်၊ ဟိုပုံမြို့နယ် တွင် အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်နှင့်တိုင်းရင်းသားရေးရာ၊အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ အနိုင်ရနေရာ


ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် အတွင်းရှိ မြို့နယ် ၁၀မြို့နယ်ဖြစ်သည့် တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ညောင်ရွှေမြို့နယ်၊ ဟိုပုံမြို့နယ် တွင် အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်နှင့်တိုင်းရင်းသားရေးရာ၊အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ အနိုင်ရနေရာ ကလောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးခံသည့် ကြံ့ခိုင်ရေး အတွင်းရေးမှူး ဦးတင်နိုင်သိန်းနှင့် ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံသည့် ယဉ်ကျေးမှု ဝန်ကြီး ဦးအေးမြင့်ကြူ ရှုံးနေကြောင်းသိရသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ပင်းတယမြို့နယ်တွင် NLD မှ ပြည်နယ်မဲဆန္ဒနယ်အမှတ်(၂) တွင်ရှုံးနိမ့်နေပြီး ကျန် လွှတ်တော်ဖြစ်သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်မဲဆန္ဒနယ်(၁) တွင် အနိုင်ရနေသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ရွာငံမြို့နယ်တွင် ရှမ်းပြည်နယ် ဝန်ကြီး ချုပ် ဦးစဝ်အောင်မြတ်က ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)တွင် အနိုင်ရနေပြီး ကျန် မဲဆန္ဒနယ်တွင် NLD မှ အားသာနေသည်။

ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသည့် ဆီဆိုင်မြို့နယ် နှင့်ပင်လောင်း မြို့နယ်တွင် ပအိုဝ့် အမျိုးသားအဖွဲ့ချုပ် (PNO) က အနိုင်ရနေသည်။

ရှမ်းတိုင်းရင်းသား ပါတီ ၂ပါတီ ဖြစ်သည့် ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) တို့ အနိုင်မရရှိကြောင်းကြားသိရသည်။ ကျန်နေရာဖြစ်သည့် ဖယ်ခုံ နှင့် ရပ်စောက်မြို့နယ်မှာ မသိရှိသေးပေ။

လက်ရှိတွင်လည်း တောင်ကြီးမြို့ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွင် ကြိုတင်မဲ ကို ရေတွက်နေဆဲဖြစ်သည်။

ဧရာဝတီ သတင်းထောက် နန်းဆိုင်နွမ် ပေးပို့သည်။