၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

တောင်ကြီး NLD တနေရာထဲသာနိုင်

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) တနေရာတည်းသာ အနိုင်ရကြောင်း တောင်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တရားဝင်ကြေညာလိုက်ပါသည်။


Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) တနေရာတည်းသာ အနိုင်ရကြောင်း တောင်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တရားဝင်ကြေညာလိုက်ပါသည်။

NLDမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေသည် ပြိုင်ဘက်ပါတီ ဖြစ်သည့် ကြံ့ခိုင်ရေးပါတီကို ထက်ဝက်ကျော်ဖြင့် နိုင်ခဲ့ကြောင်းသိရသည်။

ကျန် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) ၊ ပြည်နယ်မဲဆန္ဒနယ် အမှတ်(၂) ကို ကြံ့ခိုင်ရေး ပါတီမှ အနိုင်ရခဲ့သည်။

တောင်ကြီးမြို့တွင် ပြည်တွင်းပြည်ပ ကြိုတင်မဲ ပြသာနာဖြစ်ခဲ့သည့် နေရာတခုလည်း ဖြစ်သည်။

“ ကြိုတင်မဲ ပြဿနာနဲ့ ပတ်သတ်ပြီး ကျနော်တို့ ပါတီဝင်ကို တိုင်ပင်ပြီးတော့ ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ဗမာတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်း ဦးတင်မောင်တိုးက ဧရာဝတီသို့ပြောသည်။

ကြိုတင်မဲ နှင့်ပတ်သတ်ပြီးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပါတီ ၄ခုဖြစ်သည့် NLD၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(SNDP)၊နှင့် ပြည်ထောင်စု ပအိုဝ့်အမျိုးသားအဖွဲ့ချုပ် (UPNO) မှ လက်မှတ်ထိုးကာ ကန့်ကွက်စာ ပို့သွားမည်ဟုလည်း ဦးတင်မောင်တိုးက ပြောသည်။

ပြည်ပ မှဝင်ရောက်လာသည် ဟုဆိုသည့် ကြိုတင်မဲများသည် အများစုတွင် ပြည်နယ်၊တိုင်း မြို့နယ် မဲဆန္ဒနယ် အမှတ်များ ရေးသားထားခြင်းမရှိသည့်အပြင် တချို့ ကြိုတင်မဲ များသည် ကော်မခြောက်သေးသည်ကို တွေ့ရသည်။

တောင်ကြီးမြို့တွင် ကြိုတင်မဲ ပြသာနာနှင့်ပတ်သတ်ပြီး EU ရွေးကောက်ပွဲစောင့်ကြည့် ရေး အဖွဲ့၊ ANFREL (Asia Network for free elections) အဖွဲ့အစည်း၊ တို့ တစိုက်မတ်မတ်စောင့်ကြည့်ခံရသည့် နေရာတခုလည်းဖြစ်သည်။

တောင်ကြီးမြို့တွင် မဲရုံ(၁၀၉) ရုံ နှင့် မဲဆန္ဒရှင် ၂သိန်း၇သောင်းကျော်ရှိကြောင်းလည်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့မှ စုံစမ်းသိရသည်။

ထိုနေရာတွင် ကြံ့ခိုင်ရေး ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်( SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် (SNDP)၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ( FUP)၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ၊ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် (PNO)၊ ပါတီ ကယန်း အမျိုးသားပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်ထောင်စု ပအိုဝ့် အမျိုးသား အဖွဲ့ချုပ်၊ ဓနု တိုင်းရင်းသားပါတီ( အိုးစည်ပါတီ)၊ တသီပုဂ္ဂလိက ဖြင့် လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

Did you find apk for android? You can find new Free Android Games and apps.