၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ဒေါ်အောင်ဆန်းစုကြည် တောင်ကုတ် မြို့မကွင်းတွင် ဟောပြောခွင့် မရ

ပထမဆုံး မြို့မ အားကစားကို ဟောပြောပွဲ လုပ်ဖို့ တောင်းဆိုခဲ့တယ်။ ပြည်နယ် အား/ကာ ညွှန်မှူးက အစိုးရပိုင် ဖြစ်တဲ့အတွက် သုံးခွင့် မပေး ဘူးတဲ့ ။ အဲဒါနဲ့ ကိုင်းရှည်ရပ်ကွက်မှာ လုပ်ဖို့ ဖြစ်သွားတာ


Want create site? Find Free WordPress Themes and plugins.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာလ ၁၆ ရက်နေ့မှ အောက်တို ဘာ လ ၁၈ ရက်နေ့အထိ ရခိုင်ပြည်နယ်တွင် မဲဆွယ်စည်းရုံးရေး လှည့်လည် ဟောပြောမည်ဖြစ်ပြီး အောက်တိုဘာလ ၁၆ ရက် နေ့ တောင်ကုတ်မြို့ မြို့မအားကစားတွင် ဟောပြောခွင့် လျှောက်ထားခဲ့သော်လည်း အာဏာပိုင်များက လက်မခံဘဲ ပယ်ချ လိုက်ကြောင်း သတင်းရရှိသည်။

တောင်ကုတ်မြို့ မြို့မအားကစားကွင်းတွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောခွင့် လျှောက်ထားခဲ့ရာ အာဏာပိုင်များ၏ ပယ်ချမှုကြောင့်  ဟောပြောမည့် အစီစဉ်ကို ကိုင်းရှည်ရပ်ကွက်သို့ ရွှေ့ပြောင်းလိုက်ရကြောင်း တောင်ကုတ်မြို့  NLD ပါတီဝင်များကပြောသည်။

NLD ပါတီ တောင်ကုတ်မြို့နယ် တွဲဘက်အတွင်းရေးမှူး  ဒေါ်အေးအေးနိုင်က “ ပထမဆုံး မြို့မ အားကစားကို ဟောပြော ပွဲ လုပ်ဖို့ တောင်းဆိုခဲ့တယ်။  ပြည်နယ် အား/ကာ ညွှန်မှူးက အစိုးရပိုင် ဖြစ်တဲ့အတွက် သုံးခွင့် မပေး ဘူးတဲ့ ။ အဲဒါနဲ့ ကိုင်းရှည်ရပ်ကွက်မှာ လုပ်ဖို့ ဖြစ်သွားတာ” ဟုပြောသည်။

တောင်ကုတ်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ခရိးစဉ်အား ဆန္ဒပြမည်၊ ကန့်ကွက် မည်ဟု  သတင်းများ ထွက်ပေါ် လျက် ရှိသော်လည်း လက်တွေ့ အမှန်တကယ် ဆန္ဒပြမည့်သူမရှိကြောင်း၊ သို့သော်လည်း တောင်ကုတ်မြို့တွင်းတွင် NLD ဆန့်ကျင်သော စာများ ဖြန့်ဝေ မှု တချို့ ရှိခဲ့ ကြောင်း သိရှိရသည်။

NLD ပါတီ သံတွဲခရိုင်ဥက္ကဋ္ဌ ဦးဝင်းနိုင်က “ ဒီမှာ လက်ရှိအခြေအနေကတော့ အား လုံး အေးဆေးပါပဲ ။ ဆန္ဒပြမယ် ။ မပြ ဘူး ဆိုတာကိုတော့ ပြောလို့ မရဘူးဗျ ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ  ၁၆  ရက်နေ့တွင် ရန်ကုန်မြို့မှ လေကြောင်းဖြင့် သံတွဲမြို့ သို့  လာရောက် မည် ဖြစ်ပြီး  မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် တောင်ကုတ်မြို့   ကိုင်းရှည်ရပ် ကွက် ဘော လုံး ကွင်း တွင် ဟောပြောစည်းရုံး မည်ဖြစ်ကြောင်း၊  အောက်တိုဘာ ၁၇ ရက်နေ့တွင် သံတွဲမြို့တွင်လည်းကောင်း၊ အောက်တိုဘာ ၁၈ ရက်နေ့တွင် ဂွ မြို့နယ် သို့ သွားရောက်စည်းရုံးမည် ဖြစ်ကြောင်း သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.