၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ရွေးကောက်ပွဲကာလ သီးခြားလုံခြုံရေး စီမံချက်ရေးဆွဲဆောင်ရွက်မည်

ရွေးကောက်ပွဲနေ့ (နိုဝင်ဘာ ၈ ရက်) လုံခြုံရေး အတွက် မန္တလေးတိုင်းတွင် အထူးရဲ ၅၄၁၀ ဦးနှင့် မန္တ လေးတိုင်း ရဲတပ်ဖွဲ့မှ ရဲအင်အား ၂၀၀၀ ခန့် တာဝန်ချထား ဆောင်ရွက် သွားမည်ဖြစ်ပြီး မဲရုံလုံခြုံရေး၊ မဲလက်မှတ်များ သယ်ယူပို့ဆောင်စဉ် လုံခြုံရေးအား အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲလုံခြုံရေးအတွက် မိတ္ထီလာ၊ မန္တလေးကဲ့သို့ ဘာသာရေး အခြေခံသည့် ပဋိပက္ခများ ဖြစ်ပွားဖူးသောကြောင့် သီးခြားလုံခြုံရေးစီမံချက်များ ရေးဆွဲဆောင်ရွက်သွားမည်ဟု မန္တလေးတိုင်းဒေသ ကြီးရဲတပ်ဖွဲ့၏ ရဲမှူးကြီးဟန်ထွန်းက ပြောသည်။

“မိတ္ထီလာလို နေရာ၊ တခြားဖြစ်နိုင်ခြေရှိတဲ့နေရာတွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး သီးခြားလုံခြုံရေး စီမံ ချက်နဲ့ဆောင်ရွက်သွားမယ်၊ အခုရေးဆွဲဖို့ ပြင်ဆင်နေပါပြီ” ဟု ၎င်းက ဆက်လက်ပြောသည်။

ရွေးကောက်ပွဲကာလ အဆိုပါဒေသများတွင် ပဋိပက္ခဖြစ်နိုင်ခြေရှိသည့်နေရာ၊ ဘာသာရေးအဆောက်အအုံများတွင် ရဲ တပ်ဖွဲ့ဝင်အင်အား ပိုမိုချထားခြင်း၊ လှည့်ကင်းများထားရှိခြင်းစသည့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်သွား မည်ဟု ဆိုသည်။

ရွေးကောက်ပွဲကာလတွင် ဖြစ်ပေါ်လာနိုင်သည့် လူမျိုးရေးပဋိပက္ခများ၊ အကြမ်းဖက်မှု၊ သဘာဝဘေး အန္တရာယ် ကျ ရောက်နိုင်မှု၊ ဆင်းရဲမွဲတေမှု၊ အကျင့်ပျက်ခြစားမှု၊ အိမ်နီးချင်းနိုင်ငံများ၏ မတည်ငြိမ်မှု၊ နိုင်ငံဖြတ်ကျော် မှုခင်းများနှင့် ကျား၊မ ကွဲပြားမှုကြောင့် ပဋိပက္ခများ အစရှိသည့် အခြေခံအချက်များအား ယခုမှစတင်ကာ မိမိတို့တပ်ဖွဲ့ဝင်များက ကြို တင်ဆန်းစစ်၍ လုံခြုံရေးသတိအပြည့်ဖြင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ရဲမှူးကြီးဟန်ထွန်းက ပြောသည်။

ရွေးကောက်ပွဲနေ့ (နိုဝင်ဘာ ၈ ရက်) လုံခြုံရေးအတွက် မန္တလေးတိုင်းတွင် အထူးရဲ ၅၄၁၀ ဦးနှင့် မန္တလေးတိုင်း ရဲတပ် ဖွဲ့မှ ရဲအင်အား ၂၀၀၀ ခန့် တာဝန်ချထားဆောင်ရွက်သွားမည်ဖြစ်ပြီး မဲရုံလုံခြုံရေး၊ မဲလက်မှတ်များ သယ်ယူ ပို့ဆောင် စဉ် လုံခြုံရေးအား အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီများအား ဗဟိုအဆင့်မှစတင်ကာ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်(သို့) ကျေးရွာအုပ်စုများအထိ ဖွဲ့စည်းသွားမည်ဖြစ်ပြီး လုံခြုံရေးနှင့် သက်ဆိုင်သည့် သတင်းအချက်အလက် များအား အချိန်နှင့် တပြေးညီပေးပို့ခြင်း၊ ရွေးကောက်ပွဲကာလတွင် ခရိုင်၊ မြို့နယ်အလိုက် ပိတ်ဆို့ယာဉ်စစ်ဆေးခြင်း၊ ရှောင်တခင်ဧည့်စာရင်းစစ်ဆေးခြင်းများအား ဆက်တိုက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

မန္တလေးတိုင်းတွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက်လုံခြုံရေးအဆင့် သတ်မှတ်ချက်ဖြင့် ကာလလေးခု ခွဲခြား ထားပြီး လက်ရှိရွေးကောက်ပွဲအကြိုကာလအား သာမာန်အခြေအနေ (အစိမ်းရောင်)၊ရွေးကောက်ပွဲ မဲဆွယ်ကာလ ခြိမ်းခြောက်မှု အန္တရာယ်သိသာထင်ရှားသည့် အခြေအနေ(အဝါရောင်)၊ ရွေးကောက်ပွဲကာလ (နိုဝင်ဘာ ၇ မှ ၈ ရက်) အား လုံခြုံရေးအရ ခြိမ်းခြောက်မှုအန္တရာယ် အမြင့်မားဆုံး အခြေအနေ (လိမ္မော်ရောင်)၊ရွေးကောက်ပွဲလွန်ကာလ စောင့်ကြည့်အခြေအနေ (အပြာရောင်) အဆင့်ဖြင့် သတ်မှတ်ဆောင်ရွက်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ် ဖွဲ့မှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.