fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ရွေးကောက်ပွဲနေ့ မန္တလေးကုန်စည်ဒိုင်နှင့်ဈေးရုံများ ပိတ်မည်

အဲနေ့က အရေးကြီးတယ်လေ၊ လွတ်လွတ်လပ်လပ်မဲပေးနိုင်အောင် ဒိုင်ပိတ်တယ်၊ ဒိုင်ကြေငြာဘုတ်မှာလည်း တင်ထားပေးတယ်


Want create site? Find Free WordPress Themes and plugins.

၂၀၁၅ ရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် မန္တလေးမြိုရှိ ဈေးရုံကြီးများနှင့် ကုန်စည်ဒိုင်များ ပိတ်ထား မည် ဖြစ်ကြောင်း သိရှိရသည်။

မန္တလေးဈေးချိုအပါအဝင် ၈၄လမ်း တိုက်တန်း ရုံကြီး၊ မန်းမြန်မာပလာဇာ၊ ရတနာပုံဈေးကြီးများတွင် အရောင်း အဝယ် ပြုလုပ်နေသည့် ဈေးသူ၊ဈေးသားများ လွတ်လပ်စွာမဲပေးနိုင်ရန်  သက်ဆိုင်ရာ ဈေးအကျိုးတော်ဆောင် အဖွဲ့များက မန်းစည်ပင်ကော်မတီ ဈေးနှင့်သားသတ်ဌာနသို့  ဈေးရုံပိတ်ခွင့် တင်ပြခဲ့ရာ သက်ဆိုင်ရာ ပိတ်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့အတူ မန္တလေးမြို့ပွဲစားကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း(ပဲနှမ်းကုန်စည်ဒိုင်)၊ မြန်မာနိုင်ငံ သကြားနှင့် သကာရည် လုပ်ငန်းရှင်များ မဟာကထိန်တော်အသင်း(သကြားဒိုင်)၊ မန္တလေးဆန်စပါးကုန်စည်ဒိုင်တို့လည်း ၎င်းတို့နှင့် ချိတ်ဆက်လုပ်ကိုင်နေသည့်ကုန်သည်များလွတ်လပ်စွာမဲပေးနိုင်ရန်၊ လုပ်သားများ နေရပ်ပြန် မဲပေးနိုင်ရန် ပိတ်မည် ဖြစ်ကြောင်း ၎င်းဒိုင်ပြန်ကြားရေးအဖွဲ့များထံက သိရသည်။

“အဲနေ့က အရေးကြီးတယ်လေ၊ လွတ်လွတ်လပ်လပ်မဲပေးနိုင်အောင် ဒိုင်ပိတ်တယ်၊ ဒိုင်ကြေငြာဘုတ်မှာလည်း တင်ထားပေးတယ်” ဟု သကြားဒိုင်ဥက္ကဋ္ဌ ဦးဆက်မြင့်မောင်က  ဧရာဝတီသို့ ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.