၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ရွေးကောက်ပွဲ၌ ရုန်းရင်းဆန်ခတ် ဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် သတိပေး

လာမည့် နိုဝင်ဘာ ၈ ရက် ကျင်းပမည့် ရွေးကောက်ပွဲနေ့တွင် ရုန်းရင်းဆန်ခတ်ဖြစ်ရန် ပြုလုပ်နိုင်သူများစွာ ရှိနိုင်သည့် အတွက် ပြည် သူ များ သတိထားကြရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။


Want create site? Find Free WordPress Themes and plugins.

လာမည့် နိုဝင်ဘာ ၈ ရက် ကျင်းပမည့် ရွေးကောက်ပွဲနေ့တွင် ရုန်းရင်းဆန်ခတ်ဖြစ်ရန် ပြုလုပ်နိုင်သူများစွာ ရှိနိုင်သည့်အတွက် ပြည် သူ များ သတိထားကြရန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ယနေ့ သွားရောက်သည့် ရန်ကုန်တိုင်း မှော်ဘီနှင့် တိုက်ကြီး၌ ပြုလုပ်သည့် အောင်နိုင်ရေးဟောပြောပွဲတွင် ပြောဆိုခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “ကျမသတိပေးချင်တာက ရွေးကောက်ပွဲနေ့မှာ ပြည်သူတွေ သတိထားပါလို့ ပြောချင်တယ်။ အဲဒီနေ့မှာ ရုန်းရင်းဆန်ခတ် မဖြစ်ဖြစ်အောင် လုပ်ချင်တဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။ ဒါကြောင့် အချင်းချင်း သတိထားဖို့ လိုတယ်။ တချို့က ပြည်သူ တွေ မဲများများပေးမှာကို သိပ်စိတ်ပါပုံ မရဘူး”ဟု တက်ရောက်လာသည့် လူထုကို ပြောသည်။

ထို့အပြင် ရွေးကောက်ပွဲမတိုင်မီ ကြားကာလတွင်လည်း နိုင်ငံ တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ကြောင်း၊ မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှုများကို ဂရုမစိုက်ဘဲ စိတ်ထိန်းထားကြရန် လိုအပ်ကြောင်း၊ မလိုလားသူများ၏ အပြုအမှုများနှင့် ထောင်ချောက်များ အတွင်း သို့ မဝင်သွားရန် ဂရုစိုက်သင့်ကြောင်းလည်း ပြောဆိုသည်။

ဆက်လက်၍ သူက “NLD သာ အစိုးရဖွဲ့နိုင်ရင် သမ္မတနေရာအတွက် စဉ်းစားထားပြီးသားပါ။ ကျမပဲ ဦးဆောင်မယ်။ အစိုးရဖွဲ့နိုင် ရင် ကျမပဲ ဦးဆောင်မှာဖြစ်တယ်လို့ ပြတ်ပြတ်သားသား ပြောချင်တယ်။ တာဝန်ယူရဲလို့ အစိုးရလုပ်ချင်တာလို့ ပြောပါရစေ။ စနစ် ကို ၁၀၀ ရာခိုင်နှုန်းပြောင်းလဲ ချင်တာဖြစ်တယ်။ ကျမက အလုပ်ကို လုပ်မယ်ဆိုရင်လည်း ပီပီပြင်ပြင် လုပ်ချင်တယ်၊ မဲကို ၁၀၀ ရာခိုင်နှုန်း နိုင်ချင်တယ်။ NLD အစိုးရ ဖွဲ့နိုင်လို့ ကလဲ့စားချေဖို့ဆိုတဲ့မူ ကျမတို့ပါတီမှာ မရှိပါဘူး။ အတိတ်က ဖြစ်ရပ်တွေက သင်ခန်းစာ ယူဖို့ဖြစ်တယ်။ ဒေါသနဲ့ အာဃာတတွေ ထားဖို့ မဟုတ်ဘူး”ဟုလည်း လူထုကို ရှင်းလင်းပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မှော်ဘီမြို့နယ်၊ မြောင်းတကာ ကျေးရွာအုပ်စုဝင် ကုလားကုန်းကျေးရွာ ဘောလုံးကွင်းတွင်ပြုလုပ် သည့် အောင်နိုင်ရေး ဟောပြောပွဲအပြီးတွင် ဝါးနက်ကုန်း စံပြကျေးရွာတွင် တည်ရှိသည့် မစိုးရိမ် ဘုန်းကြီးကျောင်းတိုက်ရှိ ကျောင်း ထိုင် ဆရာတော် ဘန္ဒတ္တ ဦးသုမန အပါအဝင် သံဃာတော် ၄ ပါးကို ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ပြီး မြို့မိမြို့ဖ ၁၅ ဦးနှင့် လည်း တွေ့ဆုံခဲ့သေးသည်။

NLD ပါတီ ၏ အောင်နိုင်ရေး ဟောပြောပွဲခရီးစဉ် ကျင်းပရာ မှော်ဘီနှင့် တိုက်ကြီး မြို့နယ်များသည် တပ်မတော်မှ ခြေမြန် တပ်ရင်း ၃၉၁ ၊ အမှတ် ၁ ရုပ်မြင်သံကြား တပ်၊ ၁၀၆ ခြေမြန်တပ်များ အပါအဝင် အခြေစိုက် တပ်စခန်းများစွာရှိနေပြီး အစိုးရဝန်ထမ်းများစွာ အခြေချနေထိုင်ရာ နေရာတခုလည်း ဖြစ်သည်။

သို့ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည် က တပ်မတော်သားများနှင့် ဝန်ထမ်းများအနေဖြင့်လည်း သတ္တိရှိရှိဖြင့် NLD ပါတီကိုသာ မဲပေး ရန် စည်းရုံးပြောဆိုခဲ့သေးသည်ဟု သိရသည်။

“တပ်ဘက်က တချို့ကတော့ ကျနော်တို့ပါတီကို တိတ်တဆိတ် ထောက်ခံမှု ရှိတယ်။ အနှောင့်အယှက် ပေးတာမျိုးတော့ မရှိဘူး။ တချို့ကတော့ ထောက်ခံတယ်။ ဒီလူထုဟောပြောပွဲကို တက်ရောက်လာတဲ့သူလည်း မနည်းဘူး”ဟု မြောက်ပိုင်းခရိုင် အောင်နိုင် ရေး တာဝန်ခံ ဦးလှဝင်း က ဧရာဝတီသို့ ပြောသည်။

NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ အောင်နိုင်ရေး ဟောပြောပွဲများပြုလုပ်ရာ မှော်ဘီမြို့နယ် ကုလားကုန်း ကျေးရွာအုပ်စု တွင် ပြုလုပ်သည့် ဟောပြောပွဲသို့ လူဦးရေ ၅၀၀၀ ခန့် တက်ရောက်ကြောင်း၊ ထို့နည်းတူ နေ့လယ်ပိုင်း၌ တိုက်ကြီးမြို့နယ် ၌ ပြုလုပ်သည့် ဟောပြောပွဲတွင်လည်း လူဦးရေ ၁၀၀၀၀ နီးပါး တက်ရောက်ကြောင်း သိရသည်။

“ကျမဒီနေ့ ဈေးမရောင်းဘူး။ နားပြီးတော့ အန်တီစုကို လာအားပေးတာ။ သူ့ကိုလည်း တွေ့ချင်တာပါတယ်။ NLD ကိုပဲ မဲပေးမှာ။ သူတို့တွေက ပြောတဲ့အတိုင်း လုပ်ပေးမယ်လို့ ယုံကြည်ပါတယ်။ ၂၀၁၀ တုန်းကတော့ ဒီလောက်အနေအထား မဟုတ်ဘူး။ ဒီတခါကတော့ တကယ့်ကို လူတွေစိတ်ဝင်စားမှုက အစ မြင်တဲ့အတိုင်းပဲ”ဟု ကုလားကုန်းကျေးရွာ ဒေသခံ ဒေါ်အေးသန်း က ပြောပြ သည်။

Did you find apk for android? You can find new Free Android Games and apps.