fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ရွေးကောက်ပွဲနှင့် ပတ်သက်၍ သမ္မတ အိုဘားမား ဦးသိန်းစိန်ထံ ဖုံးဆက်ချီးကျူး

ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်သည့်အတွက် အမေရိကန်သမ္မတ အိုဘားမားက သမ္မတ ဦးသိန်းစိန် ထံသို့ ယနေ့နံနက် ၈နာရီခွဲခန့်က တယ်လီဖုံးဆက်ကာ ချီးကျူးဂုဏ်ပြုစကားပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ လူမှုကွန်ရက် Facebook မှာ ရေးသားထားသည်။


Want create site? Find Free WordPress Themes and plugins.

ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်သည့်အတွက် အမေရိကန်သမ္မတ အိုဘားမားက သမ္မတ ဦးသိန်းစိန် ထံသို့ ယနေ့နံနက် ၈နာရီခွဲခန့်က တယ်လီဖုံးဆက်ကာ ချီးကျူးဂုဏ်ပြုစကားပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ လူမှုကွန်ရက် Facebook မှာ ရေးသားထားသည်။

မြန်မာနိုင်ငံ၌ သမိုင်းတွင်မည့် လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်သည့်အတွက် နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့ကို ချီးကျူး ဂုဏ်ပြု ကြောင်း၊

ရွေးကောက်ပွဲ အောင်မြင်မှုသည် သမ္မတအနေဖြင့် ဂုဏ်ယူရမည်ဖြစ်ပြီး သမိုင်းမှတ်တိုင် တစ်ရပ်ဖြစ်ကြောင်း၊ သမ္မတ ဦးသိန်းစိန် ရဲဝံ့စွာ ဖော်ဆောင်ခဲ့သည့် ပြုပြင်ပြောင်းလဲရေး ဆောင် ရွက်ချက်များသည် မြန်မာနိုင်ငံအတွက် ထူးခြားပြောင်မြောက်သော အနာဂတ်ကို ဖော်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံအနေဖြင့် မြန်မာအစိုးရနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ် ကြောင်း ပြောကြားခဲ့တယ်လို့ ဖော်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.