fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ရွေးကောက်ပွဲ မဲဆွယ် အသုံးစရိတ် စောင့်ကြည့်လေ့လာသော အဖွဲ့မရှိဟု ဆို

ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ ဆယ်ဖွဲ့ကျော်အား ဆယ်သွယ်မေးမြန်းရာတွင် ကိုယ်စားလှယ်လောင်းများ ၏ အသုံး စရိတ်ကို စောင့်ကြည့်ရသည့် ကဏ္ဍ မပါဝင်ဘဲ ရွေးကောက်ပွဲနေ့ မဲပေးသည့် ကိစ္စရပ်များကိုသာ အများဆုံး လေ့လာစောင့်ကြည့်ကြသည်ဟု ပြောဆိုကြသည်။


Want create site? Find Free WordPress Themes and plugins.

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည် ရွေးကောက်ပွဲ၌ ပြည်တွင်းပြည်ပမှ စောင့်ကြည့်လေ့လာသူ ၁၀၀၀၀ ကျော် ရှိသော်လည်း ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲ မဲဆွယ်အသုံးစရိတ်နှင့် ပတ်သက်ပြီး စောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းမရှိကြောင်း ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့များက ပြောသည်။

ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ ဆယ်ဖွဲ့ကျော်အား ဆယ်သွယ်မေးမြန်းရာတွင် ကိုယ်စားလှယ်လောင်းများ၏ အသုံးစရိတ်ကို စောင့်ကြည့်ရသည့် ကဏ္ဍ မပါဝင်ဘဲ ရွေးကောက်ပွဲနေ့ မဲပေးသည့် ကိစ္စရပ်များကိုသာ အများဆုံး လေ့လာစောင့်ကြည့်ကြသည်ဟု ပြောဆိုကြသည်။

“ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်အသုံးစရိတ်နဲ့ ပတ်သက်ပြီး စောင့်ကြည့်ဖို့ သိပ်မလွယ်ဘူး၊ ပါတီကြီးတွေဆို ပိုဆိုးတယ်”ဟု Election Observers Network Mandalay (EON-M) အဖွဲ့မှ ဦးညီညီကျော်က ပြောသည်။

ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ကြသည့် အဖွဲ့အစည်းများ၏ ရွေးကောက်ပွဲအပြီး ထုတ်ပြန်ချက်များတွင် ကိုယ် စားလှယ်လောင်းများ၏ မဲဆွယ် အသုံးစရိတ်များအကြောင်း ဖော်ပြသည်ကိုမတွေ့ရဘဲ အသုံးစရိတ်နှင့်ပတ်သက်ပြီး လေ့လာစောင့်ကြည့်ရန် ခက်ခဲသည်ဟု လေ့လာစောင့်ကြည့်သည့် အဖွဲ့တချို့ကလည်း ပြောဆိုသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(ကြံ့ခိုင်ရေး) ပါတီဝင် ကိုယ်စားလှယ်လောင်း အများစုသည် လက်ရှိအစိုးရ အဖွဲ့ဝင်များ ဖြစ်ကြပြီး မဲဆွယ် စည်းရုံးရေး ခရီးစဉ်နှင့် အစိုးရလုပ်ငန်းစဉ် မသဲကွဲသောကြောင့် မဲဆွယ်စည်းရုံးရေး အသုံးစရိတ်ကို စိစစ်စောင့်ကြည့်ရန် အခက်အခဲ ရှိသည်ဟုလည်း ဦးညီညီကျော်က ဆက်ပြောသည်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တဦး၏ မဲဆွယ် အသုံးစရိတ်သည် ကျပ် သိန်း ၁၀၀ သတ်မှတ်ထားပြီး အကယ်၍ ထိုပမာဏထက် ပိုမိုသုံးစွဲပါက ဥပဒေချိုးဖောက်ရာ ရောက်မည် ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေတွင်လည်း ကိုယ်စားလှယ် တဦးသည် သတ်မှတ် အသုံးစရိတ်ထက် ကျော်လွန် သုံးစွဲကြောင်း ထင်ရှားပါက ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းခံရနိုင်ကြောင်း ပြဌာန်ထားသည်။

မဲဆွယ် အသုံးစရိတ်ဟု ဆိုရာတွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး စရိတ်နှင့် ပါတီစည်းရုံးရေး အသုံးစရိတ် နှစ်ခု ကွဲကွဲပြားပြား မရှိ သည့်အချက်၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများက ၎င်းတို့၏ မဲဆန္ဒနယ်မြေတွင် လှူဒါန်းပေးကမ်းမှုများသည် မဲဆွယ် အသုံး စရိတ်ဟု အကျုံးဝင် အဓိပ္ပာယ် ကောက်ယူ၍ ရ၊ မရ ဆိုသည့် အချက်များလည်း ရှိကြောင်း လေ့လာတွေ့ရှိရသည်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၌ ပြည်သူူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကြံ့ခိုင်ရေး ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သည့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကမူ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွင်း အဆိုပါဒေသ၌ လှူဒါန်းပေးကမ်းခဲ့သည့် ငွေကြေး ကျပ် သိန်း တစ်သောင်း ကျော်ရှိကြောင်း ထုတ်ဖော် ပြောဆိုမှုကို သတင်းများတွင် ဖော်ပြကြသည်။

Did you find apk for android? You can find new Free Android Games and apps.