fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ရွေးကောက်ပွဲ ကောင်းမွန်စွာ ကျင်းပနိုင်မှု UEC ကို လေ့လာသူများ ဂုဏ်ပြု

ဒီတာဝန်က ဘယ်လောက်အထိ ခက်ခဲတယ်ဆိုတာ ကျနော်သိပါတယ်။ စီမံခန့်ခွဲရေးဆိုင်ရာ ကြီးမားတဲ့ လုပ်ဆောင်မှုတခုပါ။ သိန်းနဲ့ချီတဲ့၊ သန်းနဲ့ချီတဲ့ ပြည်သူတွေအတွက် အမှားအယွင်း လုံး၀ မရှိတဲ့ ရွေးကောက်ပွဲကို ပေးရပါမယ်။


Want create site? Find Free WordPress Themes and plugins.

ရွေးကောက်ပွဲကို စနစ်တကျ ကျင်းပနိုင်ခဲ့သည့်အတွက် ဂုဏ်ပြုကြောင်း နိုင်ငံတကာလေ့လာ စောင့်ကြည့်သူများက ပြည်ထောင်စု ရွေးကောက်ပွဲကျင်းပရေး ကော်မရှင် (UEC) သို့ ယနေ့ပြောကြားခဲ့သည်ဟု သိရသည်။

ယနေ့ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့် ASEAN Electoral Management Body ၏ ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးတင်အေးတို့ နေပြည်တော်၌ တွေ့ဆုံခဲ့ရာတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အဖွဲ့သည် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို လေ့လာရန် ၃ ရက်ခရီး လာရောက်ခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူများ ပျော်ရွှင် စိတ်အားထက်သန်စွာ မဲပေးနိုင်ကြရန် အတွက် UEC က ကောင်းစွာ ဆောင်ရွက်ပေးနိုင်ခဲ့သည်ဟု သူတို့က ပြောသည်။

IDEA  အဖွဲ့ဝင်နှင့် အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဟောင်း Dr. S Y Quraishi က “ပွင့်လင်းမြင်သာပြီး၊ ငြိမ်းချမ်းတဲ့၊ အောင်မြင်တဲ့ ရွေးကောက်ပွဲတခုကို ကျင်းပနိုင်ခဲ့လို့ ကျနော် ဂုဏ်ပြုချင်ပါတယ်” ဟု ပြောသည်။

အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဟောင်း တယောက်အနေဖြင့် Dr. S Y Quraishi က “ဒီတာဝန်က ဘယ်လောက်အထိ ခက်ခဲတယ်ဆိုတာ ကျနော်သိပါတယ်။ စီမံခန့်ခွဲရေးဆိုင်ရာ ကြီးမားတဲ့ လုပ်ဆောင်မှုတခုပါ။ သိန်းနဲ့ချီတဲ့၊ သန်းနဲ့ချီတဲ့ ပြည်သူတွေအတွက် အမှားအယွင်း လုံး၀ မရှိတဲ့ ရွေးကောက်ပွဲကို ပေးရပါမယ်။ ဒါတွေဟာ သင်တို့ရဲ့ အောင်မြင်မှု ဖြစ်ပါတယ်” ဟု ပြောသည်။

ရွေးကောက်ပွဲကာလအတွင်းတွင် မဲဆန္ဒရှင်များ၊ ပါတီကိုယ်စားလှယ်များမှသည် မဲရုံဝန်ထမ်းများအထိ ပြည်သူအမျိုးမျိုး နှင့် စကားပြောခွင့် ရခဲ့သည်ဟု လေ့လာစောင့်ကြည့်သူများက ပြောသည်။ မဲဆန္ဒရှင်များ၏ စိတ်ဝင်စားမှုနှင့် ကောင်းစွာ လေ့ကျင့်ထားသည့် ဝန်ထမ်းများကြောင့် လုပ်ငန်းများ အဆင်ပြေချောမွေ့မှု ရှိသည်ဟုလည်း ၎င်းတို့က ဆိုသည်။

“မဲဆန္ဒရှင်တွေရဲ့  စိတ်အားထက်သန်မှုကတော့ တကယ့်ကို မှတ်သားလောက်ပါတယ်။ နာရီပေါင်းများစွာ တန်းစီပြီး  စောင့်ဆိုင်းခဲ့ရပေမယ့် သူတို့က ပြုံးနေတုန်းပဲ။ သူတို့ အရမ်းပျော်တယ်၊ သူတို့အတွက် ပွဲတော် တခုလိုပဲလို့ သူတို့က ပြောပါ တယ်” ဟု Dr. S Y Quraishi က ပြောသည်။
အာဆီယံ အတွင်းရေးမှူးရုံး Public Outreach and Civil Society Division မှ လက်ထောက် ညွှန်ကြားရေးမှူး Durudee Sirichanya က “ကျမ မနေ့က တွေ့ခဲ့ရတာကတော့၊ ကျမတို့ ကားနဲ့သွားမှ ရောက်တဲ့ ကျေးရွာတွေ အပါအဝင် နေရာဒေသ တော်တော်များများက ပြည်သူတွေနဲ့ ၁၂ နာရီ ကျော်လောက် စကားပြောကြည့်ခဲ့တဲ့ အခါ ပြည်သူတွေ အရမ်း ပျော်နေတာကို တွေ့ရပါတယ်။ အဲဒါက အရမ်း အရေးကြီးပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

“ဒီရွေးကောက်ပွဲအတွက် ပြင်ဆင်ဖို့အတွက် ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အစိုးရနဲ့ UEC က ကြိုးကြိုးစားစား လုပ်ခဲ့ပါတယ်” ဟု သူကပြောသည်။

“မြန်မာနိုင်ငံဟာ ဒီကိစ္စနဲ့ ပတ်သက်လို့ အရမ်းကို အလေးအနက် ထားခဲ့ပါတယ်။ ဘယ်အချိန်မှာလုပ်မယ်၊ ဘယ်မှာ လုပ်မယ်ဆိုတာကို ရုပ်သံနဲ့ သတင်းစာတွေလို လူများစု မီဒီယာတွေက တဆင့်သာ မဟုတ်ပါဘူး၊ မြန်မာပြည်သူတွေကို ပညာပေးဖို့ သူတို့အားလုံး လုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူတွေ သတိထားမိနိုင်ဖို့ သူတို့ မြို့နယ်တွေမှာတောင် ကြေညာခဲ့တယ်။ ပြည်သူတွေကို အိမ်တိုင်ရာရာက် ပြောပြခဲ့တယ်” ဟု ၎င်းက ဆက်ပြောသည်။

UEC ဥက္ကဋ္ဌ ဦးတင်အေးက “ကော်မရှင်က လေ့လာစောင့်ကြည့်သူတွေရဲ့ တွေ့ရှိမှု အစီရင်ခံစာကို နားထောင်သွားမှာပါ။ တိုင်းပြည်အတွက် အကျိုးရှိမယ့် အရာတွေကို လက်ခံပြီး အနာဂတ် ရွေးကောက်ပွဲတွေမှာ အဲဒါတွေကို အသုံးပြုသွားမှာ ဖြစ်ပါတယ်” ဟုပြောသည်။

Dr. S Y Quraishi က “၈၀ ရာခိုင်နှုန်းဆိုတာ ကြီးကျယ်တဲ့ ညွှန်းကိန်းတခုပါ။ အလွန်ပျော်ရွှင်စရာ အပေါင်း လက္ခဏာ ဆောင်တဲ့ တုံ့ပြန်မှု ဖြစ်ပါတယ်။ မဲဆန္ဒရှင် ပညာပေးရေး အစီအစဉ်က အလွန်အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့ တုန့်ပြန်မှုတွေ ရရှိခဲ့ပါတယ်” ဟု ပြောသည်။

သို့သော်လည်း “ဒါပေမယ့် မဲပြားတွေနဲ့ မဲပုံး လွဲမှားမှုတွေကိုလည်း ကျနော်တွေ့ခဲ့ရပါတယ်။ လူသား တွေဖြစ်တတ်တဲ့ အမှားအယွင်းတချို့  ရှိပါတယ်။ အရင် အချိန်တွေထက် ကျနော်တို့ ပိုပြီး ကောင်းအောင် လုပ်နိုင်မှာပါ” ဟု အကြံပြုခဲ့သည်။

UEC က ရွေးကောက်ပွဲရလဒ်များကို နိုဝင်ဘာလ ၉ ရက်နေ့ ညနေ ၆ နာရီတွင် စတင် ကြေညာမည် ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.