၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ပြည်ခိုင်ဖြိုး ကျေးရွာတွေ မဲပေးလို့ ကျောက်တံခါးတွင် NLD မဲ အပြတ်အသတ်နိုင်

“ ပြည်သူတွေမှာ အပြောင်းအလဲကို လိုချင်နေကြသလို ကျနော်တို့ဘက်ကလည်း စည်းရုံးရေး ကောင်းခဲ့တယ်။ နောက်ပြီး ကျောက်တံခါးက ၁၉၉၀ မှာလည်း ရလဒ်ကောင်းတွေ ရခဲ့တယ်”


Want create site? Find Free WordPress Themes and plugins.

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်တွင်NLD ပါတီ မဲအပြတ်အသတ်ဖြင့် အနိုင်ရခြင်းမှာ ပြည်ခိုင်ဖြိုးကျေးရွာများ၏ မဲပေးမှုကြောင့်ဖြစ်ကြောင်း ကျောက်တံခါးမြို့နယ် NLD ပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုးကဆိုသည်။

“ ပြည်သူတွေမှာ အပြောင်းအလဲကို လိုချင်နေကြသလို ကျနော်တို့ဘက်ကလည်း စည်းရုံးရေး ကောင်းခဲ့တယ်။ နောက်ပြီး ကျောက်တံခါးက ၁၉၉၀ မှာလည်း ရလဒ်ကောင်းတွေ ရခဲ့တယ်” ဟု ဦးအောင်ကျော်မိုးက ဆိုသည်။

ကျောက်တံခါး ဒေသခံ သတင်းထောက် ဖြိုးကိုလင်းကလည်း ကျောက်တံခါးမြို့နယ်အတွင်းတွင် ပြည်ခိုင်ဖြိုးရွာဟု တရားဝင် ဆိုင်းဘုတ်များ ထားရှိသည့် ရွာများကလည်း နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် NLD ကို သိသိသာသာ မဲပေးခဲ့သည့်အတွက် NLD ပါတီမှ မဲ နှစ်သောင်းကျော်ဖြင့် ကြံ့ခိုင်ရေးပါတီကို မဲအသာစီးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။

“ ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ကျောက်တံခါးမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ဖို့ဆိုပြီး လွှတ်တော်မှာ တင်ပြတောင်းခံတာတွေ ရှိတယ်။ တင်ပြတောင်းဆိုတဲ့အခါမှာလည်း အခြားမြို့နယ်တွေထက် ပိုပြီး ရရှိခဲ့တော့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို တော်တော်လုပ်ပေးနိုင်တယ်။ အဲဒီတော့ ဒီမှာ ပြည်ခိုင်ဖြိုးရွာဆိုပြီး ဆိုင်းဘုတ်ထောင်နိုင်ခဲ့တာ လေးပုံ တပုံလောက် ရှိမယ်။ အခုတော့ အဲဒီလူတွေကပါ NLD ကို လိုလိုလားလား မဲပေးခဲ့တာ ကျောက်တံခါးအတွက် တော်တော်ထူးခြားတဲ့ ရလဒ်တခုပါပဲ” ဟု သတင်းထောက် ဖြိုးကိုလင်းက ပြောသည်။

ရွေးကောက်ပွဲနေ့တွင် ကျောက်တံခါးမြို့နယ် အောင်မြင်(တောကျွဲအင်း ) ကျေးရွာအုပ်စု အောင်မြင်ကျေးရွာတွင် ကော်မရှင် တံဆိပ်တုံးနှင့် လက်မှတ်မပါသည့် ကြိုတင်မဲ ၆၀ ကျော်ခန့်ပေးမှုမျိုး တွေ့ရှိရကြောင်း၊ နောက်ပြီး ပဲနွယ်ကုန်းမြို့၊ ဇရပ်ခင်ကျေးရွာ အုပ်စု အ.မ.က မဲရုံ(၂) တွင် လူတဦးထဲမှ မဲနှစ်ခါ ပေးသည့် ဖြစ်ရပ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၀ရှိကာ ကျေးရွာပေါင်း ၃၁၃ ရွာ ရှိကြောင်း သိရသည်။ ရွေးကောက်ပွဲအတွက် မဲရုံပေါင်း ၂၀၂ ရုံရှိပြီး မဲဆန္ဒရှင် လူဦးရေ ၁၇၀၀၀၀ ကျော်(၁၇၇၄၂၅) ဦး ရှိကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင် ကြိုတင်မဲ ၅၆၄၃ မဲနှင့် နိုဝင်ဘာလ ၈ ရက်နေ့ မဲဆန္ဒပြုသူ ၁၀၇၂၀၆ ရှိခဲ့ပြီး မဲပေးသူဦးရေမှာ စုစုပေါင်း ၁၁၂၈၄၉ ဦး ရှိကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်တွင် NLD မှ ၆၇၂၃၅ မဲ ရရှိပြီး ကြံ့ခိုင်ရေးပါတီမှ ၂၉၈၂၀ မဲ ရရှိသည့်အတွက် NLD က လေးသောင်းနီးပါးခန့် အသာစီး ရရှိသည်။

အမျိုးသား လွှတ်တော်တွင် NLD မှ ၆၆၀၀၁ မဲ ရရှိပြီး ကြံ့ခိုင်ရေးပါတီမှ ၂၉၇၀၀ မဲ ရရှိသည့်အတွက် NLD က လေးသောင်းနီးပါး အသာစီး ရရှိသည်။

တိုင်းဒေသကြီး အမှတ် ၁ တွင် NLD မှ ၃၅၀၅၄ မဲ၊ ကြံ့ခိုင်ရေးပါတီမှ ၁၁၀၇၆မဲ၊ တိုင်းဒေသကြီး အမှှတ် ၂ တွင် NLD မှ ၃၂၃၄၄ မဲ၊ ကြံ့ခိုင်ရေးပါတီမှ ၁၈၆၂၆ ရရှိနေကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.