ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးပိုက်ထွေးမှ ပြည်သူလွှတ်တော်ကိုယ်စားအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့် မကွေးတိုင်း၊ ကံမမြို့နယ်တွင် NLD ပါတီမှ လွှတ်တော်သုံးရပ်စလုံးတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင်၏ တရားဝင်ထုတ်ပြန်ထားသည့် စာရင်းများအရ ပြည်သူ့လွှတ်တော် ကိုယ်စာလှယ်နေရာတွင် NLD ၂၇၅၉၃ မဲ နှင့် USDP ၁၇၉၈၈ မှ မဲ၊ အမျိုးသားလွှတ်တော်နေရာတွင် NLD ၂၇၀၂၅ နှင့် USDP ၁၇၉၇၇ တို့ဖြစ်ပြီး၊ တိုင်းဒေသကြီး မဲဆန္ဒနယ် (၁) တွင် NLD ၁၄၁၀၄ နှင့် USDP ၈၁၆၈ ၊ တိုင်းဒေသကြီးမဲဆန္ဒနယ်(၂)တွင် NLD ၁၃၂၀၁ နှင့် USDP 9785 တို့ဖြစ်ကြောင်းသိရသည်။
ကံမမြို့နယ်အတွင်း မဲပေးခွင့်ရှိသူ ၅၇၁၉၆ ဦရှိပြီး မဲရုံ ၉၆ ရုံတွင် မဲရုံ ၈၀ တွင်အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း NLD တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇော်ဝင်းက ဧရာဝတီကို ပြောသည်။
ကောင်းမြတ်မင်း သတင်းပေးပို့သည်။