၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

မြန်မာပြည်သူတွေကို အိမ်ဖြူတော်ချီးကျူး

ပြီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မြန်မာပြည်သူတွေကို အမေရိကန်သမ္မတ အိမ်ဖြူတော်ကနေ ချီးကျူးလိုက်ကြောင်း VOA သတင်းမှာဖော်ပြထားပါတယ်။


ပြီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မြန်မာပြည်သူတွေကို အမေရိကန်သမ္မတ အိမ်ဖြူတော်ကနေ ချီးကျူးလိုက်ကြောင်း VOA သတင်းမှာဖော်ပြထားပါတယ်။

အိမ်ဖြူတော်ပြောခွင့်ရ Josh Ernest က“ထင်ရှားတဲ့အချက်ကတော့ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံမှာ လူသန်းပေါင်းများစွာဟာ အဓိပ္ပါယ် လေးနက်ပြီး ယှဉ်ပြိုင်ရတဲ့ ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတဲ့ အတွက်ပါပဲ။ ရွေးကောက်ပွဲအနေအထားနဲ့ စံနစ်မှာ ချို့ယွင်းချက်တွေရှိပေမယ့်လည်း တနင်္ဂနွေနေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဖေါ်ဆောင်မှုမှာ အရေးကြီးတဲ့ ခြေလှမ်းအဖြစ် ကိုယ်စားပြုတယ်လို့ အမေရိကန်ပြည်ထောင်စုက ယုံကြည်ပါတယ်” လို့ဆိုကြောင်း ဖော်ပြထားပါတယ်။

လတ်တလော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLDပါတီက အနိုင်ရနေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ရလာဒ်တွေကို လေးစားလိုက်နာဖို့ ဥရောပသမဂ္ဂ (EU)ကလည်း တိုက်တွန်းလိုက်ပြီး၊ ကုလသမဂ္ဂအထွေ ထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း စိတ်ရှည်သည်းခံပြီး တက်ကြွစွာ မဲပေးတဲ့ပြည်သူတွေကိုလည်း ချီးကျူးလိုက်ပါတယ်။

တရုတ်နိုင်ငံကလည်း ကြိုဆိုလိုက်ပြီး အကူအညီတွေ ဆက်လက်ပေးသွားမယ်လို့ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။