၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

မြန်မာ ပြည်သူများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ချီးကျူးဂုဏ်ပြု

မိမိတို့၏ အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ မဲပေးခဲ့ကြခြင်းသည် “မြန်မာပြည်သူတို့ ဆယ်စုနှစ်ပေါင်းများစွာ ပြသခဲ့သည့် သူရသတ္တိနှင့် စွန့်လတ်အနစ်နာခံမှုများ၏ သက်သေဖြစ်ပါသည်” ဟု ဂျွန် ကယ်ရီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


Want create site? Find Free WordPress Themes and plugins.

ငြိမ်းချမ်းသော သမိုင်းဝင် ရွေးကောက်ပွဲ ဖြစ်မြောက်ရန် ပူးပေါင်းဆောင်ရွက်ကြသည့် မြန်မာပြည်သူများနှင့် အဖွဲ့အစည်းများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီက ချီးကျူးဂုဏ်ပြုပါကြောင်းထုတ်ပြန်ပြောဆိုလိုက်သည်။

မိမိတို့၏ အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ မဲပေးခဲ့ကြခြင်းသည် “မြန်မာပြည်သူတို့ ဆယ်စုနှစ်ပေါင်းများစွာ ပြသခဲ့သည့် သူရသတ္တိနှင့် စွန့်လွှတ်အနစ်နာခံမှုများ၏ သက်သေဖြစ်ပါသည်” ဟု ဂျွန် ကယ်ရီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂျွန် ကယ်ရီက လွှတ်တော်တွင် စစ်တပ်ကိုယ်စာလှယ်များကို တိုက်ရိုက်ခန့်အပ်ခြင်း၊ မဲပေးခွင့် ရုပ်သိမ်းခံရသူများ ရှိနေခြင်း၊ ကိုယ်စားလှယ်လောင်းများ အပယ်ခံရခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အဟန့်အတားများရှိနေခြင်းတို့ကို ထောက်ပြထားပြီး ပြည့်ဝသော ဒီမိုကရက်တစ်နှင့် အရပ်သားအစိုးရအဖြစ် အကောင်အထည်ဖော်ရန် လိုအပ်နေသေးသည်ဟု ပြောဆိုထားသည်။

မဲရေတွက်ခြင်းကို ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ပြီး ပွင့်လင်းမြင်သာ၍ မှန်ကန်မှု ရှိရန်၊ တိုင်ကြားချက်များကို မှန်ကန်စွာ ဖြေရှင်းရန် တိုက်တွန်းထားသည်။

ဂျွန် ကယ်ရီက ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းသောကာလ အရေးပါကြောင်း ထောက်ပြထားပြီး ဒီမိုကရေစီ၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသား ရင်ကြားစေ့ရေးတို့ကို ဆက်လက် လုပ်ဆောင်ရန် အမေရိကန် ပြည်ထောင်စုက အားပေးကူညီမည်ဖြစ်ကြောင်းလည်း ကတိပြုထားသည်။

ယမန်နေ့ ရွေးကောက်ပွဲကျင်းပချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက် မစ်ချယ်သည် တောင်ကြီးမြို့နှင့် မန္တလေးမြို့တို့သို့ သွားရောက်ပြီး မဲပေးသည့် အခြေအနေများကို လေ့လာခဲ့သေးသည်။

Did you find apk for android? You can find new Free Android Games and apps.