၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

၂၀၁၅ မှာ မီဒီယာတွေ လုံခြုံစိတ်ချစွာ သတင်းယူနိုင်ပါ့မလား

မီဒီယာ သမားလည်း ဖမ်းဖမ်း ဆိုပြီး ပြောတယ်။ ကျနော့်ကို မီဒီယာမို့ ဦးတည်ပြီးကို ရိုက်တယ်။ ကျနော့်ကို မင်း သတင်း ဘယ်နှစ်ပုဒ် ရပြီလဲ ဆိုပြီး ပြောပြီး ရိုက်တယ်။ မင်းတို့ မီဒီယာ တွေက ရေးနေတဲ့ အကောင်တွေ မဟုတ်ဘူး ဖွနေတဲ့ အကောင် တွေဆိုပြီး အထပ်ထပ် ပြောပြီးလည်း ရိုက်တယ်


Want create site? Find Free WordPress Themes and plugins.

၂၀၁၅ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ မီဒီယာများအပေါ် အစိုးရက တရားဥပဒေအရ ဖမ်းဆီး အရေးယူ ထောင် ချခြင်း၊ အကြမ်းဖက် ရိုက်နှက်ခြင်း၊ တပ်မတော်က ကိုးကန့် အဖွဲ့အကြောင်း သတင်းမရေးရန် သတင်း မီဒီယာများကို ဖိအား ပေး ခြင်း အပါအဝင် နည်းလမ်းမျိုးစုံ အသုံးပြု၍ ခြိမ်းခြောက်လာသည့် အခြေအနေများကြောင့် လာမည့်ရွေးကောက်ပွဲတွင် မီဒီယာ များ အနေဖြင့် လုံခြုံမှုရှိရှိနှင့် လွတ်လပ်စွာ သတင်းယူနိုင်မလားဟု ပြည်တွင်းပြည်ပ နိုင်ငံရေး အသိုင်းအဝိုင်းက မေးခွန်း ထုတ်လာကြသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့ ဝင် ဦးဇော်သက်ထွေးက “သတင်းသမားတွေအတွက် အန္တရာယ် ရှိတဲ့ ပုဒ်မ တွေ အများကြီးပဲ။ ၅၀၅(ခ)လို ပုဒ်မ ၅၀ဝ လိုမျိုး၊ နိုင်ငံတော် လျှို့ဝှက်ချက်လိုမျိုး တွေ ရှိနေတော့ အခုအချိန်မှာ သတင်း မီဒီယာ သမား တွေအတွက် အထူးသတိပြုရမယ့် အချိန်ရောက် နေတယ်လို့ပဲ ပြောချင် ပါတယ်” ဟု ဧရာဝတီသို့ ပြော သည်။

၂၀၁၅ ခုနှစ် ဝင်ရောက်သည်နှင့် သတင်း မီဒီယာသမားများကို ဖိနှိပ်အကြမ်းဖက်သော ဖြစ် စဉ်အများအပြား ပေါ်ပေါက် လာခဲ့ရာ ယင်းဖြစ်စဉ် များကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် မီဒီယာများ ဘေးကင်းလုံခြုံစွာ သတင်းရယူနိုင်ရေး ခြိမ်း ခြောက် ခံနေရပြီဟု သတင်းမီဒီယာသမားအများစုက ပြောဆိုကြသည်။

၂၀၁၅ ခုနှစ်တွင် သတင်းမီဒီယာသမားများ စတင်ခြိမ်းခြောက်ခံရသည့် ဖြစ်စဉ်မှာ မတ်လ ၄ ရက်နေ့က ရွှေပြည်သာ စက်မှုဇုန်တွင် အခြေခံ လုပ်ခလစာ တိုးမြှင့်ရေးအတွက် ဆန္ဒပြ တောင်းဆို နေသည့် အလုပ်သမား သပိတ်ကို သတင်း ရယူခဲ့သည့် 7 day နေ့စဉ် သတင်းစာမှ ဓာတ်ပုံ သတင်းထောက် ကိုနစ်ကီနှင့်DVB သတင်းဌာနမှ သတင်းထောက် ကိုမျိုးဇော်လင်းတို့ကို မီဒီယာမှန်း သိလျက်နှင့် အာဏာပိုင်များက ဖမ်းဆီး ခေါ်ဆောင်ပြီး ခေတ္တထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဖြစ်ပွားပြီး ၂ ရက်အကြာ မတ်လ ၆ ရက်နေ့က လက်ပံတန်းမြို့နယ်တွင် အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင် ပေးရန် ဆန္ဒပြနေသည့် ကျောင်းသားများနှင့် ရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက် တွေ့ဆုံမှု ဖြစ်စဉ်တွင် သတင်း ဓာတ်ပုံ ရယူ နေသည့် ဧရာဝတီ သတင်းဌာန၊ ဓာတ်ပုံသတင်းထောက် စိုင်း ဇော်ကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီး ချုပ်နှောင်ခြင်းနှင့် ကင်မရာ လုယူခြင်းများ ပြုလုပ်ခဲ့ကြသည်။

မီဒီယာများကို အကြမ်းဖက်မှုနှင့် ပတ်သက်၍ ပိုမိုသိသာထင်ရှားစေခဲ့သည့် ဖြစ်ရပ်တခုမှာ မတ်လ ၁၀ ရက်နေ့ က လက်ပံတန်းမြို့တွင် အာဏာပိုင်များက ကျောင်းသားသပိတ်ကို ဖြိုခွင်းရာ သတင်းရယူ နေသည့် မီဒီယာများကို အကြမ်း ဖက် ရိုက်နှက်ခြင်း များ လုပ်ဆောင်ခဲ့ရုံသာမက သတင်းထောက် ၂ ဦး ကိုလည်း ၃ ရက်အထိ ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

သတင်းရယူနေသည့် သတင်းမီဒီယာများမှာ မီဒီယာသမားမှန်း မသိ၍ ရိုက်နှက်ခံရခြင်းမျိုး မဟုတ်ဘဲ သတင်း မီဒီယာ သမား ဖြစ်သဖြင့် မှတ်သားလောက်အောင် ရိုက်နှက် သတိပေးရန် လိုအပ် နေသည် ဆိုသည့် ပုံစံမျိုး အငြိုးရှိရှိ လုပ် ဆောင်မှု များကို တွေ့ရကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့သည့် သတင်း မီဒီယာသမားတချို့က ပြောဆိုသည်။

လက်ပံတန်း ကျောင်းသားသပိတ် ဖြိုခွင်းမှုတွင် ဖမ်းဆီးခံခဲ့ရသည့် မြန်မာပို့စ်ဂျာနယ်မှ သတင်း ထောက် ကိုဉာဏ် လင်းထွန်း(အလင်းဒီ)က ၎င်းအဖမ်း ခံရစဉ် ရဲအရာရှိကို သတင်းမီဒီယာသမားတဦး ဖြစ်ကြောင်း မီဒီယာကတ် ထုတ်ပြ သော်လည်း လက်မခံခဲ့ဟု ပြောဆိုသည်။

ကိုဉာဏ်လင်းထွန်းက “ကျနော်က မီဒီယာပါ ဆိုပြီး ကတ်ထုတ်ပြတယ်။ ဒါပေမယ့် မရဘူး။ ဒုရဲမှူး နန္ဒာဝင်း ကိုယ်တိုင်က မီဒီယာသမားလည်း ဖမ်းဖမ်း ဆိုပြီး ပြောတယ်။ ကျနော့်ကို မီဒီယာမို့ ဦးတည်ပြီးကို ရိုက်တယ်။ ကျနော့်ကို မင်းသတင်း ဘယ်နှစ်ပုဒ် ရပြီလဲ ဆိုပြီး ပြောပြီးရိုက်တယ်။ မင်းတို့ မီဒီယာ တွေက ရေးနေတဲ့ အကောင်တွေမဟုတ်ဘူး ဖွနေတဲ့ အကောင် တွေဆိုပြီး အထပ်ထပ်ပြောပြီးလည်း ရိုက် တယ်” ဟု ဆိုသည်။

ယင်းသို့ မီဒီယာများ အကြမ်းဖက် ဖြိုခွင်းမှုကို ကန့်ကွက်ရှုတ်ချသည့်အနေနှင့် ၂၀၁၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှ ၂၉ ရက် နေ့အထိ ကျင်းပ ခဲ့သည့် နိုင်ငံတကာ မီဒီယာ နှီးနှောဖလှယ်ပွဲကို ပြည်တွင်း မီဒီယာအချို့ မတက်ရောက်ဘဲသပိတ် မှောက် ခြင်း၊ အခမ်းအနားကျင်းပရာ ချက်ထရီရမ် ဟိုတယ်အရှေ့တွင် ကန့်ကွက် ရှုတ်ချမှု စာတန်းပါ ဗီနိုင်းထောင်ပြီး ဆန္ဒပြ ခြင်းများကို မီဒီယာသမား တချို့က ဦးဆောင် ပြုလုပ်ခဲ့သည်။

နေ့စဉ် သတင်းစာ၊ အပတ်စဉ် ဂျာနယ် အများစုတွင် အောက်ခံ အနက်ရောင်ပေါ်တွင် အဖြူရောင် စာလုံးများ ဖြင့် မီဒီယာ ပေါ်အကြမ်းဖက် လုပ်ဆောင်မှုကို ကန့်ကွက်ရှုတ်ချကြောင်း စာသားများ ရေးသားဖော်ပြခဲ့ကြသည်။

အလားတူ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြခဲ့ကြသူများကို အကြမ်းဖက် ရိုက်နှက်ခဲ့သည့် လက်ပတ်နီ ဝတ်သူများအကြောင်း လှိုင်သာယာမြို့နယ်သို့ သွားရောက်သတင်းယူခဲ့သည် Popular News ဂျာနယ်မှ သတင်း ထောက်တဦးကို အကြမ်းဖက်ရာတွင် ပါဝင်ခဲ့သည့် လက်ပတ်နီ ဝတ်သူတချို့ က ခေါ်ယူပြီး ရိုက်နှက်၊ ပစ္စည်းယူသည့် ဖြစ်စဉ်တခု ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သည်။ ထိုအမှုမှာ ယနေ့အချိန်ထိ တရားခံ ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။

သတင်းမီဒီယာသမားများအနေဖြင့် သတင်း ရယူရာတွင် ခြိမ်းခြောက်မှုများစွာ ကြုံတွေ့နေရပြီး သတင်း ရေးသား ရာတွင် လည်း တရားစွဲဆို ခံရသည့် အခြေအနေများနှင့် ထပ်မံကြုံတွေ့လာနိုင်ကြောင်း ပြည်သူ့ခေတ် ဂျာနယ်မှ တာဝန်ခံ အယ်ဒီတာကိုဉာဏ်လှိုင်လင်းက ပြောသည်။

“အခုက ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့ အဆင့်ထိပါရောက်လာပြီ။ ဒီကျူးလွန်မှုတွေကို အခုထိ အရေးယူမှု တခုမှ မရှိ ဘူး။ ဒါတွေကို ကြည့် ခြင်းအားဖြင့် မီဒီယာဟာ ဒီ ၂၀၁၅ ခုနှစ်မှာ အဆိုး ဆုံး အခြေအနေနဲ့ ရင်ဆိုင်ရ နိုင်တယ်” ဟု ကိုဉာဏ် လှိုင်လင်းက ဆိုသည်။

ထိုကဲ့သို့ မီဒီယာများအပေါ် အကြမ်းဖက် နှိမ်နင်းမှုများကို ကြည့်ခြင်းအားဖြင့် မကြာခင် ကျင်းပမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် သတင်းသမားများ လုံခြုံစိတ်ချစွာ သတင်းရယူ နိုင်ရေးမှာ ရင်ဆိုင်ရမည့် စိန်ခေါ်မှုတရပ် ဖြစ်လာပြီ ဟု မော်ကွန်းမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ ဦးဇေယျာလှိုင်က ပြောသည်။

“မီဒီယာတွေအတွက် ဒီ ၂၀၁၅ မှာ စိန်ခေါ်မှု တွေ အများကြီးနဲ့ ရင်ဆိုင်ရနိုင်တယ်။ အခု ဖြစ်စဉ်တွေကို ကြည့်ရင် ဥပဒေနဲ့တမျိုး သတင်းသမားတွေကို ချုပ်ဖို့ ကြိုးစားတယ်။ နောက်ပြီး အကြမ်းဖက်တာ တွေနဲ့ ဟန့်တားဖို့ ကြိုးစား နေတာတွေ တွေ့ရတယ်။ ဒါတွေဟာ သတင်းသမားတွေအတွက် အကြီးအကျယ် စိန်ခေါ်မှုပဲ” ဟု ဦးဇေယျာလှိုင်က ဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတ မှု ရှိစေရန်အတွက် မီဒီယာလောက၏ ကူညီမှု လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေလ ၃ ရက်နေ့က တောင်းဆို ထားသည်။

ထို့ပြင် ကာကွယ်ရေး ဦးစီးချုပ်ရုံး လက်အောက် ရှိ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ၂၀၁၅ ခုနှစ်၊ မေလ ၃ ရက်နေ့ ထုတ်ပြန်ချက်တွင် “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့ရှိ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ အစည်း အဝေး တွင် တက်ရောက်နေသည့် မြန်မာအမျိုးသား ဒီမို ကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ၏ သတင်းများကို သတင်းမီဒီယာများက ဖော်ပြခြင်း မပြုရန်နှင့် သတင်းမီဒီယာများအနေဖြင့် ရုပ်သံ ထုတ်လွှင့်ခြင်း၊ ပုံနှိပ်ဖော်ပြခြင်းများကို ပြုလုပ်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပါရှိသည်။

လတ်တလော သတင်းမီဒီယာများကို အစိုးရ က ဖမ်းဆီးထောင်ချမှုများ ပြုလုပ်လျက်ရှိရာ ၂၀၁၄ ခုနှစ်အတွင်း က ယူနီတီ ဂျာနယ်နှင့် Bi မွန်းတည့်နေ ဂျာနယ်အမှုများကို ပြစ်ဒဏ် ချမှတ်ရာတွင် အမြင့် ဆုံး ပြစ်ဒဏ်များ ချမှတ်ခဲ့ပြီး လက်နက် စက်ရုံသတင်း ရေးသားသည်ဟုဆိုကာ ယူနီတီ ဂျာနယ် သတင်း သမား ၅ ဦး တို့သည် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံနေရပြီး Biမွန်းတည့်နေ ဂျာနယ်မှ သတင်း သမား ၅ ဦးမှာလည်း နိုင်ငံတော် အကြည် ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ် ကျခံနေရသည်။

အရပ်သား အစိုးရ အမည်ခံ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် ၂၀၁၁ ခုနှစ်မှစ၍ သတင်းမီဒီယာသမား များအား လွတ်လပ်စွာ သတင်းရယူခွင့်၊ သတင်းရေးသားခွင့်တို့ကို အပြု သဘောဆောင် ခွင့်ပြုပေးခဲ့သော် လည်း ဥပဒေအရ အာမခံ သည့် သတင်းလွတ်လပ်ခွင့်မျိုး မရရှိသေး ကြောင်း၊ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မီဒီယာများ လွတ်လပ်စွာ သတင်း ရယူနိုင်ခွင့်မှာ အာမခံနိုင်ခြင်းမရှိသေးသည့် အခြေအနေတွင် ရှိနေ သည်ဟု သတင်းသမားအများစုက သုံးသပ် ပြောဆို ကြသည်။

Did you find apk for android? You can find new Free Android Games and apps.