၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

၂၀၁၅ ရွေးကောက်ပွဲကို နည်းစနစ်ဖြင့် စောင့်ကြည့်မည်ဟု PACE ထုတ်ပြန်

ကျနော်တို့ရဲ့ ပုဂ္ဂလိက ခံစားမှုအရ ပြောတာမျိုးမဟုတ်ဘဲ အချက်အလက်အရ ဘယ်ဟာတွေက ကောင်းတယ်။ ဘယ်ဟာ တွေက မကောင်းဘူးဆိုတာ တရားဝင်သက်သေ အထောက် အထားတွေနဲ့ ထောက်ပြနိုင်အောင် စနစ်တကျ စောင့်ကြည့် ဖို့လိုတယ်


Want create site? Find Free WordPress Themes and plugins.

ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့အစည်းတခုဖြစ်သည့် People’s Alliance for Credible Elections (PACE) အဖွဲ့သည် ၂၀၁၅ ရွေးကောက်ပွဲဖြစ်စဉ်ကို Systematic Observation (နည်းစနစ်ဖြင့် စောင့်ကြည့် လေ့လာ ခြင်း) နည်း အသုံးပြုကာ စောင့်ကြည့်လေ့လာသွားမည်ဖြစ်ကြောင်း သြဂုတ် ၁၀ ရက်နေ့တွင် တရားဝင် သတင်းထုတ်ပြန် သည်။

ရွေးကောက်ပွဲကို လေ့လာသော Systematic Observation နည်းစနစ်သည် နိုင်ငံပေါင်း ၅၀ ကျော်တွင် အသုံးပြုသည့် စနစ် တခုဖြစ်ပြီး မြန်မာ နိုင်ငံတွင်ပြုလုပ်မည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲဖြစ်စဉ်တခုလုံး၏ အားနည်းချက်၊ အားသာ ချက်များကို တိကျ ခိုင်လုံသည့် သက်သေအထောက်အထားများဖြင့် ထောက်ပြပြောဆိုနိုင်ရန် ယင်းစနစ်ကို ရွေးချယ်ရ ခြင်း ဖြစ်သည်ဟု PACE ၏ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ရဲ့ ပုဂ္ဂလိက ခံစားမှုအရ ပြောတာမျိုးမဟုတ်ဘဲ အချက်အလက်အရ ဘယ်ဟာတွေက ကောင်းတယ်။ ဘယ်ဟာ တွေက မကောင်းဘူးဆိုတာ တရားဝင်သက်သေအထောက်အထားတွေနဲ့ ထောက်ပြနိုင်အောင် စနစ်တကျ စောင့်ကြည့် ဖို့လိုတယ်။ ဒါမှ နောက်လာမယ့်ရွေးကောက်ပွဲတွေကို ဒီထက်ပိုပြီးကောင်းအောင် လုပ်ဆောင်နိုင်မှာပါ” ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ စနစ်တကျစောင့်ကြည့်လေ့လာခြင်းအားဖြင့် ပြည်သူလူထုကလည်း အနည်းနှင့်အများဆိုသလို ရွေး ကောက်ပွဲ ဖြစ်စဉ်အပေါ် ယုံကြည်မှုရှိလာမည်ဖြစ်ပြီး ရွေးကောက်ပွဲဖြစ်စဉ်ကို အသုံးချပြီး မသမာမှုပြုလုပ်မည့် သူများ လည်း လျော့ နည်း သွားမည်ဖြစ်ကြောင်း စိုင်းရဲကျော်စွာမြင့်က ဖြည့်စွက်ပြောသည်။

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲများနှင့်ပတ်သက်၍ PACE အနေဖြင့် ရွေးကောက်ပွဲ အကြို ကာလတွင် တနိုင်ငံလုံး မဲဆန္ဒရှင်စာရင်း ကြေညာပြသမှုနှင့် မဲဆွယ်စည်းရုံးမှုများကို စောင့်ကြည့်လေ့ လာခြင်း ပြုလုပ် သွားမည်ဖြစ်ပြီး ယင်းနောက် ရွေးကောက်ပွဲနေ့ကို စောင့်ကြည့်လေ့လာသွားမည်ဖြစ်ကြောင်း PACE ၏ ဘုတ်အဖွဲ့ဝင် ဦးဝင်းညီညီဇော်က ရှင်းပြသည်။

ရွေးကောက်ပွဲအကြိုကာလ စောင့်ကြည့်လေ့လာရေးတွင် ကာလရှည်စောင့်ကြည့်သူ ၁၁၀ ကျော်ဖြင့် မြို့နယ် ၁၁၀ ကျော် တွင် စောင့်ကြည့်လေ့လာမည်ဖြစ်ပြီး ရွေးကောက်ပွဲနေ့တွင် ကာလတိုစောင့်ကြည့်လေ့လာသူ (၂၀၀၀)ကျော်ဖြင့် တနိုင်ငံ လုံးတွင် စောင့်ကြည့်လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုကို တရားဝင်ဆောင်ရွက်နိုင်ရန် PACE ၏ စောင့်ကြည့်လေ့လာသူ အားလုံး အတွက် အသိအမှတ် ပြုလွှာနှင့် သက်သေခံကတ်ပြား လျှောက်ထားခြင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တွင် စတင်ဆောင်ရွက်နေ ပြီဖြစ်ကြောင်း သိရသည်။

PACE အဖွဲ့ကို ၂၀၁၃ ခုနှစ်တွင် ရန်ကုန်မြို့ အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၃ ဖွဲ့ဖြင့် စတင်တည်ထောင်ခဲ့ပြီး ရွေး ကောက်ပွဲ ဆိုင်ရာ လွတ်လပ်သောအဖွဲ့အစည်းတခုအဖြစ် ရေရှည်တည်တံ့နိုင်ရေးကို ရည်ရွယ်ကာ ၂၀၁၄ ခုနှစ်အစော ပိုင်းမှစ၍ သီးခြားအဖွဲ့အစည်းတခုအဖြစ် ဆက်လက်ရပ်တည်ခဲ့သည့် အဖွဲ့အစည်းတခုဖြစ်သည်။

New Myanmar Foundation ၏ ရွေးကောက်ပွဲဆိုင်ရာ အကြံပေး ဒေါ်မြနန္ဒာက “အဓိက EOP Myanmar ဆိုတဲ့ ရွေး ကောက်ပွဲပညာရေးနဲ့ စောင့်ကြည့်ရေးမိတ်ဖက်များ အဖွဲ့ရှိတယ်။ အဲဒီအဖွဲ့က ကျမတို့ရဲ့ partner တွေကို သင်တန်း ပေးပြီး Volunteer တွေစုဆောင်းနေတယ်။ ကိုယ်စားလှယ်လောင်းတွေ မှတ်ပုံတင်ကြတာနဲ့ပတ်သက်ပြီး Candidates Registration ဖြစ်စဉ်ကိုလည်း စောင့်ကြည့်သွားဖို့ရှိတယ်”ဟု ပြောသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာမည့် လူမှုအဖွဲ့ အစည်းများနှင့် မီဒီယာအဖွဲ့အစည်းများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က ထုတ်ပြန်ထားသည့် လုပ်ငန်းစဉ်များနှင့်အညီ လျှောက်ထားနိုင်ကြောင်း UEC က ဇူလိုင် ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.