၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

၂၀၁၅ ရွေးကောက်ပွဲတွင် NLD ယှဉ်ပြိုင်ရန် မဆုံးဖြတ်ရသေးဟု ဒေါ်အောင်ဆန်းစုကြည် ပြော

အခုကျတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်လို စည်းမျဉ်း၊ စည်းကမ်း ဥပဒေတွေ ထုတ်ဦးမှာလဲ ဆိုတာလည်း အန်တီတို့ မသိသေးဘူုးလေ။ အဲဒါတွေ စောင့်ကြည့်ပြီးမှ ဆုံးဖြတ်ရမှာပေါ့


Want create site? Find Free WordPress Themes and plugins.

ပြည်တွင်းအင်အားကြီး အတိုက်အခံ နိုင်ငံရေးပါတီတခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနေဖြင့် လာမည့် ၂၀၁၅  အထွေထွေ ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် မဆုံးဖြတ်ရသေးဘဲ ဖြစ်ပေါ်လာသည့် အခြေအနေ များပေါ် မူတည်၍ ရွေးကောက်ပွဲ ဝင်၊ မဝင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက် သည်။

ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ NLD ရုံးတွင် ကျင်းပသည့် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ၏  သတင်းစာ ရှင်းလင်း ပွဲတွင် သတင်းထောက်တချို့၏ မေးမြန်းမှုကို အထက်ပါအတိုင်း ပြန်လည် ဖြေကြား လိုက်ခြင်း ဖြစ်သည်။

“ရွေးကောက်ပွဲကို ဘယ်တော့ ကျင်းပမယ်ဆိုတဲ့ တရားဝင် ကြေညာတဲ့အခါကျရင် အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒီရွေးကောက်ပွဲမှာ ဝင်ပြီး ယှဉ်ပြိုင်မှာလား ၊ မယှဉ်ပြိုင်ဘူးလားဆိုတာကို တရားဝင် ကြေညာမှာ ဖြစ်ပါတယ်။ ပြောရမှာ အခုချိန်က သိပ်စောပါသေးတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

NLD ပါတီအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက် မယှဉ်ပြိုင်ခဲ့ရခြင်းမှာ ပါတီဝင်များ အကျဉ်းကျနေ၍ ဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင်မူ  နိုင်ငံရေး အပြောင်းအလဲကြောင့် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း  ရွေးကောက်ပွဲ ဝင်၊ မဝင် နိုင်ငံရေး အခြေအနေပေါ် မူတည်၍ ဆုံးဖြတ်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“အခုကျတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်လို စည်းမျဉ်း၊ စည်းကမ်း ဥပဒေတွေ ထုတ်ဦးမှာလဲ ဆိုတာလည်း အန်တီတို့ မသိသေးဘူုးလေ။ အဲဒါတွေ စောင့်ကြည့်ပြီးမှ ဆုံးဖြတ်ရမှာပေါ့”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့ပြင် ၂၀၁၅ ခုနှစ်ကို NLD က စည်းရုံးရေးနှစ် အဖြစ် သတ်မှတ်ထားပြီး ရွေးကောက်ပွဲ တခုတည်း အတွက် ရည်ရွယ်ခြင်း မဟုတ်ဘဲ ဒီမိုကရေစီ အမြစ်တွယ်ရေးအတွက် ပြည်သူ အားလုံး ပါဝင်လာအောင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုသည်။

“ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေး လုပ်တယ်ဆိုတာလည်း စည်းရုံးရေးပဲ။ ရွေးကောက်ပွဲတခုတည်း နိုင်အောင် လုပ်တာဟာ စည်းရုံးရေး မဟုတ်ပါဘူး။ ဒါဟာ အင်မတန်မှ ကျဉ်းမြောင်းတဲ့ အမြင်ပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လက်ရှိ ဦးသိန်းစိန်အစိုးရ၏ပြုပြင်ပြောင်းလဲရေးကို ထိရောက်မှု မရှိသော ပြုပြင်ပြောင်းလဲရေးအဖြစ် ဒေါ်အောင်ဆန်း စုကြည်က ဝေဖန်ခဲ့ပြီး လတ်တလောဖြစ်ပွားနေသော လက်ပံတောင်းတောင် ပဋိပက္ခတွင် ပြဿနာ ပြေလည်ရေးနှင့် နိုင်ငံ အကျိုးဖြစ်ထွန်းရေး ဖြစ်စေလိုကြောင်း၊ ဒေါ်ခင်ဝင်းသေဆုံးမှုနှင့်ပတ်သက်၍ ထိရောက်သော အရေးယူမှု မဖြစ် မနေ လိုအပ်ကြောင်း၊ NLD အနေဖြင့် ရွေးကောက်ပွဲတွင် မဲရရရေးအတွက် ပြည်သူကို မဖြစ်နိုင်သော ကတိများ ပေးမည် မဟုတ် ကြောင်း ရှင်းလင်းပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.