၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

မြိတ်မြို့နယ် ရပ်/ကျေး ကော်မရှင်တချို့ ကြိုတင်မဲကိစ္စ နားလည်မှု လွဲနေ

တနသာၤရီတိုင်း၊ မြိတ်မြို့နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲအတွက် အောက်တိုဘာလ ၂၉ ရက်နေ့မှစ၍ ကြိုတင်မဲပေးသည့် ကိစ္စနှင့် ပတ်စက်၍ ရပ်ကွက်နှင့် ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများမှာ နားလည်မှု လွဲမှားလျက် ရှိကြောင်း သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများက ပြောသည်။


Want create site? Find Free WordPress Themes and plugins.

တနသာၤရီတိုင်း၊ မြိတ်မြို့နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲအတွက် အောက်တိုဘာလ ၂၉ ရက်နေ့မှစ၍ ကြိုတင်မဲပေးသည့် ကိစ္စနှင့် ပတ်သက်၍ ရပ်ကွက်နှင့် ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများမှာ နားလည်မှု လွဲမှားလျက်ရှိကြောင်း သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများက ပြောသည်။

ကြိုတင်မဲကို ခရီးသွားမည့်သူများ၊ မဲဆန္ဒနယ်ပြင်ပသို့ အရေးပေါ် ဆေးဝါးသွားရောက် ကုသမည့်သူများ ပေးခွင့်ရှိသည်ဟု နားလည်ထားကြောင်း မြိတ်မြို့နယ် အတွင်းရှိ ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တချို့က ပြောသည်။

မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးအောင်က“ခရီးသွားမယ့် သူတွေအတွက် ကားလက်မှတ် အထောက်အထားနဲ့ တကွ ကြိုတင်မဲ ပေးမည် ဆိုပါက ပေးနိုင်ပါတယ်”ဟု ပြောသည်။

ထို့ပြင် အရေးပေါ် ဆေးဝါး သွားရောက် ကုသရမည့်သူများအတွက် လိုအပ်သည့် ဆရာဝန်ထောက်ခံစာ အပြည့်အစုံဖြင့် တင်ပြလာပါက ကြိုတင် မဲပေးရန် ခွင့်ပြုပေးမည်ဟု ရပ်/ကျေး ကော်မရှင်တချို့ကလည်း ပြောသည်။

မြိတ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲ အရာရှိ ဦးလှိုင်ဘွားက“အမှန်တော့ ပေးခွင့်မရှိပါဘူး။ တယောက်ပေးလိုက်ရင် နောက် ၁၀ ယောက် ထွက်သွားလိမ့်မယ်။ ကော်မရှင်က ရှင်းပြထားတာနဲ့ နားလည်မှုလွဲတာ ဖြစ်နိုင်ပါတယ်”ဟု ပြောသည်။

ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်၍ ကြိုတင်မဲ ပေးခွင့်ပြုထားခြင်း မရှိသကဲ့သို့ ခရီးသွားမည့်သူများကိုလည်း ကြိုတင်မဲ ပေးခွင့်မပြုထားကြောင်း ဦးလှိုင်ဘွားက ဆိုသည်။

ကော်မရှင်မှ ယင်းသို့ ကြိုတင် မဲပေးနိုင်သည်ဟု ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲများသို့ ပြောဆိုထားခြင်း မရှိသော်လည်း ရပ်/ကျေး ကော်မရှင်တို့က အထက်ပါ အတိုင်း ကြိုတင်ပေးမည်ဆိုပါက မဲပေးခွင့်ပြုမည်ဟု ပြောဆိုနေကြသည်။

ကြိုတင် ဆန္ဒမဲကို တပ်မတော်သားများနှင့် အတူနေ မိသားစုဝင်များ၊ မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသားများ၊ မဲဆန္ဒနယ် ပြင်ပရောက် သင်တန်းသားများ၊ အချုပ်ခံ နေရသူများ၊ ဆေးရုံသို့ တက်ရောက်နေရသည့် အတွင်းလူနာများ၊ အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများ ပေးခွင့်ရှိကြောင်း ရွေးကောက်ပွဲ နည်းဥပဒေများတွင် ပါရှိသည်။

ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မဲစာရင်း ပါရှိရာဒေသမှ ကျော်လွန်၍ တာဝန်ထမ်းဆောင်ရမည့် ဌာနဆိုင်ရာအသီးသီးမှ တိုင်းဦးစီးမှူးများနှင့် ရွေး ကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်မှ အဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများလည်း ကြိုတင် ဆန္ဒမဲ ပေးခွင့်ရှိကြောင်း၊ သာမန်မဲဆန္ဒရှင် ပြည်သူ များနှင့် ဝန်ထမ်းများအတွက်မူ ၎င်းတို့ မဲစာရင်းပါသည့် မဲဆန္ဒနယ်ပြင်ပသို့ ရောက်ရှိနေပါကရောက်ရှိနေသည့် မဲဆန္ဒနယ်တွင် မဲပေးနိုင်ရန် ပုံစံ (၄-က) ဖြင့် မဲစာရင်း ပါနေသည့် မဲဆန္ဒနယ်တွင်အမည်ကို ပယ်ဖျက်၍ ရောက်ရှိနေသည့် မဲဆန္ဒနယ်တွင် တောင်းဆိုကာ မဲပေးခွင့်ရှိကြောင်း တနသာၤရီတိုင်း ရွေးကောက် ပွဲ ကော်မရှင်က ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.