fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ကြံခိုင်ရေးပါတီ ၈၀ ရာခိုင်နှုန်းခန့်အနိုင်ရမည်ဟု ဦးဌေးဦးပြော

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပူးတွဲဥက္ကဌ ဦးဌေးဦးဟာ နိုဝင်ဘာလ ၈ ရက်နေ့ မနက် ၁၁ နာရီခွဲခန့်က ဟင်္သာတမြို့ အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်းမှာ ပြုလုပ်ထားတဲ့ တာငါးဆယ်တောင်ရပ်ကွက် မဲရုံအမှတ် (၇) မှာ မဲလာရောက်ပေးခဲ့ပါတယ်။


Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပူးတွဲဥက္ကဌ ဦးဌေးဦးဟာ နိုဝင်ဘာလ ၈ ရက်နေ့ မနက် ၁၁ နာရီခွဲခန့်က ဟင်္သာတမြို့ အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်းမှာ ပြုလုပ်ထားတဲ့ တာငါးဆယ်တောင်ရပ်ကွက် မဲရုံအမှတ် (၇) မှာ မဲလာရောက်ပေးခဲ့ပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အများအပြား လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ဧရာဝတီတိုင်းမှာ ကြံ့ခိုင်ရေးပါတီအနေနဲ့ ၉၀ % အထက် အနိုင်ရရှိလိမ့်မယ်လို့ ဦးဌေးဦးက ဧရာဝတီကို ပြောပါတယ်။

ဦးဌေးဦးဟာ ၎င်းရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ဟင်္သာတမြို့နယ်မှာတော့ ရာနှုန်းပြည့် အနိုင်ရရှိမယ်လို့ မျှော်မှန်းပြီး မြန်မာတနိုင်ငံလုံး အနေနဲ့ ဆိုရင်တော့ ၆၀% နဲ့ ၈၀% ကြား အနိုင်ရရှိနိုင်လိမ့်မယ်လို့ ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီဟာ မြန်မာနိုင်ငံမှာရှိတဲ့ ဧရာဝတီတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ ထောက်ခံသူ ရာနှုန်းတော်တော်များတယ်လို့ ဆိုပါတယ်။

ဧရာဝတီသတင်းထောက် တင်ထက်ပိုင် ဟင်္သာတမှ သတင်းပေးပို့သည်။

Did you find apk for android? You can find new Free Android Games and apps.