fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ကြံ့ခိုင်ရေးနေရာ ဖယ်ပေးရန်မရှိဟု ရထားဝန်ကြီးဟောင်း ဦးသန်းဌေး ပြော

အပြောင်းအလဲအတွက် ဆိုင်းဘုတ်ကြီး တပ်ပြီး ဦးသန်းဌေး ခင်ဗျားဖယ်ပေးဆိုရင် လာလေ ပြိုင်မယ်။ ကိုယ့်ထက် ပိုသာ ရင် လက် ခုပ်တီးပေးမယ်။ အဲ့ဒီလောက်မှမလုပ်နိုင်ဘဲ နဲ့ငါတို့ကိုလာပြီးဟောက်စား မလုပ် နဲ့တသက်လုံး မဖယ်ဘူး။


Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး) အနေဖြင့် နိုင်ငံနှင့်လူမျိုးအတွက် အလုပ်မ လုပ်နိုင်သော သူများအတွက် နေရာ ဖယ်ပေးမည် မဟုတ်ကြောင်းရထားပို့ဆောင်ရေးဝန်ကြီးဟောင်းလည်းဖြစ်၊ ကြံ့ခိုင်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်သူ ဦးသန်းဌေးက ပြောဆိုလိုက်သည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ဘောလုံးအားကစားကွင်းတွင် ယနေ့ ကျင်းပပြုလုပ်သောကြံ့ခိုင်ရေး ပါတီ၏ လူထုတွေ့ဆုံပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပြီး ကြံ့ခိုင်ရေးပါတီထက် အလုပ်ပို၍ မလုပ်နိုင်သော ပါတီများကို နေရာဖယ်ပေးမည်မဟုတ်ကြောင်း၊ အပြောင်းအလဲ ဆိုင်းဘုတ်ထောင်ထားသူများကို နေရာဖယ်ပေးရန် မရှိဟု ဦးသန်းဌေးက ပြောဆိုခဲ့သည်။

“အပြောင်းအလဲအတွက် ဆိုင်းဘုတ်ကြီး တပ်ပြီး ဦးသန်းဌေး ခင်ဗျားဖယ်ပေးဆိုရင် လာလေ ပြိုင်မယ်။ ကိုယ့်ထက် ပိုသာ ရင် လက် ခုပ်တီးပေးမယ်။ အဲ့ဒီလောက်မှမလုပ်နိုင်ဘဲ နဲ့ငါတို့ကိုလာပြီးဟောက်စား မလုပ် နဲ့တသက်လုံးမဖယ်ဘူး။ ပါတီ ကိုကြည့်ပါ၊လူကိုမကြည့်ပါနဲ့ဆိုတာ အလကား။ အဲ့ဒီလူမှာ အစွမ်းအစ မရှိရင် ၊ ကြံရည်ဖန်ရည်မရှိရင် စေတနာမရှိရင်၊ လုပ်အားမရှိရင် ၊ ထကြွလုံ့လ မရှိရင် ဘာမှဖြစ် မလာဘူး။ ဟိုဆိုင်းဘုတ်ကြီးက ဘာမှမကယ်နိုင်ဘူး” ဟု ဦးသန်းဌေးက ပြောသည်။

မိမိကိုယ်ကိုကိုယ် တိုင်းပြည်နှင့်လူထုက အထင်ကြီးသော ခေါင်းဆောင်အဖြစ် မှတ်ယူနေသူများကိုလည်း မရွေးချယ်ကြရန် လိုကြောင်း၊ ထိုသို့သော သူမျိုးကို ရွေးချယ်ပါက မိမိ၏ သေတွင်း မိမိတူးသကဲ့သို့ ဖြစ်နေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် သွေးထွက်သံယိုမရှိဘဲ ဒီမိုကရေစီအပြောင်းအလဲ ဖော်ဆောင်နိုင်ခြင်းမှာ သမ္မတဦးသိန်းစိန်၏ ဆောင်ရွက်ချက်ကြောင့် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“တိုင်းပြည် နဲ့လူထုကအထင်ကြီးတဲ့ခေါင်းဆောင်တစ်ယောက် လိုသိပ်ထင်လာရင် အဲ့ဒီလူကိုခင်ဗျား တို့ မရွေးလိုက်ပါနဲ့။ ကိုယ့် သေတွင်းကိုယ် တူးချင်လို့ရွေးချင်လည်းရွေးလိုက်ကြတဲ့။ ကျနော်ပြောတာမဟုတ်ဘူး။ အဲ့ဒီ ဆိုင်းဘုတ်ကြီးထဲက ဦးထုပ်ကြီးနဲ့ ဗိုလ်ချုပ် အောင်ဆန်း ပြောထားတာ” ဟု ဦးသန်းဌေးက ဆက်လက်ပြောကြားသည်။

ကြံ့ခိုင်ရေးပါတီသည် မြန်မာလူမျိုး ကမ္ဘာ့မြေပုံမှ မပျောက်စေရန် လုပ်ဆောင်နေကြောင်း၊ မျိုးစောင့်ဥပဒေသည် ကြံ့ခိုင်ရေးပါတီ၏ ကြိုးပမ်းဆောင်ရွက်ချက်ဖြစ်ကြောင်း၊ မျိုးစောင့်ဥပဒေသည် ဘာသာရေးကို နိုင်ငံရေးကို အသုံးချနေသည်ဟု ပြောဆိုနေသူများသည် အောက်တန်းကျသူများဖြစ်ကြောင်း ဦးသန်းဌေးက ဆိုသည်။

“ကျနော်တို့ကာလမှာ ကျနော်တို့အစိုးရ လက်ထက်မှာ မြန်မာနိုင်ငံအတွက် အပြောင်းအလဲများစွာအနက် ဟောဒီလူမျိုး တွေ ကမ္ဘာ့မြေပုံထဲက မြန်မာနိုင်ငံမပျောက်အောင် လုပ်ခဲ့တဲ့လုပ်ကွက်တစ်ခု ရှိတယ်။အားလုံးသိပါတယ်။ မျိုးစောင့်ဥပဒေ။ ဟုတ်တယ်နော်။ ကျနော်တို့ ဥပဒေထုတ်ပြီးမှမကာကွယ်ရင်မရတော့ဘူး။ အဲ့ဒါဘာသာရေးနဲ့ဘာမှ မဆိုင်ဘူး။ အဲ့ဒါကို ဒီနေ့ကျနော်တို့ကို ဘာသာရေးကိုခုတုံးလုပ်တယ်။ အင်မတန် အောက်တန်းကျတဲ့ အလုပ်ဖြစ်တယ်။ အဲသလိုပြောနေတဲ့ လူတွေရှိတယ်။ အဲ့သလိုပြောနေတဲ့လူတွေကသာ အောက်တန်းကျတဲ့ လူတွေဖြစ်တယ်ဆိုတာ မှတ်ထားပါ ” ဟု ပြောကြားခဲ့သည်။

ရထားပို့ဆောင်ရေးဝန်ကြီးဟောင်း ဦးသန်းဌေးသည် ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု၍ မြန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ကြံ့ခိုင်ရေးပါတီ မဲဆွယ်စည်းရုံးရေးပြုလုပ်သော အားကစားကွင်းသည် အားကစားဝန်ကြီးဌာနပိုင် ခရိုင်အားကစားဖြစ်ပြီး ပါတီနိုင်ငံရေးအတွက် ယင်းကွင်းအသုံးပြုခွင့်မပေးဟု ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားသော်လည်း ကြံ့ခိုင်ရေး ပါတီကိုမူ အသုံးပြုခွင့်ပေးခဲ့သည့်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) သာယာဝတီမြို့နယ်က ကန့်ကွက်သွား မည်ဟု သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.