fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ကြံ့ခိုင်ရေး၏သန်းခေါင်ယံ အပြောင်းအလဲကြောင့် မိတ်ဆွေစစ် ဆက်ဆံရေး ပိုခိုင်မာဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ည သန်းခေါင်ယံချိန်မှာ ဖြစ်ပျက် သွားတာတွေ ဒီမိုကရေစီမှာ ကျမတို့ မျှော်လင့် ထားတာမျိုး မဟုတ်ပါဘူး။ ဘယ်သူက ဒီအချိန်မှာ မိတ်ဆွေ စစ်သလဲ ဆိုတာ ပေါ်လာတာ ဆိုတော့ မိတ်ဆွေများ အချင်းချင်းကြားမှာ ပိုပြီးတော့ ခိုင်ခန့် သွားဖို့ပဲ ရှိတာပေါ့။


Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် (ကြံ့ခိုင်ရေး) သြဂုတ်လ ၁၂ ရက်နေ့ ညသန်းခေါင်ယံ ဖြစ်ပွားသော ခေါင်းဆောင် ပိုင်းအပြောင်းအလဲသည် ဒီမိုကရေစီနည်းလမ်းမကျဘဲ ယင်းအပြောင်းအလဲသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အတွက် မဟာမိတ် ဆုံးရှုံး ခြင်းမဟုတ်ကြောင်း၊ မိတ်ဆွေစစ်များနှင့် ဆက်ဆံရေးကို ပိုမိုခိုင်မာပေါ်လွင် လာစေကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် က ယနေ့ပြောဆိုလိုက်သည်။

သြဂုတ်လ ၁၈ ရက်နေ့ နေပြည်တော် လွှတ်တော်အဆောက်အအုံတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် က ယင်းသို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် သြဂုတ်လ ၁၇ ရက်နေ့ တွေ့ဆုံခဲ့မှုကို အတည်ပြု ပြောဆိုသည်။

“ညသန်းခေါင်ယံချိန်မှာ ဖြစ်ပျက်သွားတာတွေ ဒီမိုကရေစီမှာ ကျမတို့ မျှော်လင့်ထားတာမျိုးမဟုတ်ပါဘူး။ ဘယ်သူက ဒီအချိန်မှာ မိတ်ဆွေစစ်သလဲဆိုတာ ပေါ်လာတာဆိုတော့ မိတ်ဆွေများ အချင်းချင်းကြားမှာ ပိုပြီးတော့ ခိုင်ခန့် သွားဖို့ပဲ ရှိတာပေါ့။ (သူရဦးရွှေမန်းနှင့်) ဘာတွေဆွေးနွေးတယ်ဆိုတာ ထုတ်ပြန် ကြေညာလေ့မရှိဘူး။ ပုံမှန်ပေါ့။ လွှတ်တော်နဲ့ ပတ်သက်တဲ့ကိစ္စတွေ၊ ပါတီကိစ္စတွေပေါ။ နိုင်ငံရေးကိစ္စတွေပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယခုရက်ပိုင်း လွှတ်တော်အစည်းအဝေးတွင် အတည်ပြု ပြဋ္ဌာန်းရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တောင်းဆို နေသော လွှတ်တော်ကိုယ်စားလှယ် တာဝန် မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကိုလည်း NLD ကန့်ကွက်ကြောင်း၊ ယင်းဥပဒေတွင် မဲဆန္ဒရှင် ပြည်သူ ၁ ရာခိုင်နှုန်းက လက်မှတ်ရေးထိုးတောင်းဆိုလျှင် သက်ဆိုင်ရာ မဲဆန္ဒနယ်မှ လွှတ် တော်ကိုယ်စားလှယ်ကို ပြန်လည်ရုပ်သိမ်းနိုင်ရေး စုံစမ်းစစ်ဆေးရမည်ဆိုသော အချက်သည်လည်း အဓိပ္ပာယ်မရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ကျမတို့အနေနဲ့ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းခြင်းဥပဒေကို ကန့်ကွက်ပါတယ်။ အဲဒီဥပဒေမှာတဲ့ ၁ ရာခိုင်နှုန်း ဆိုတာက နည်းလွန်းပါတယ်။ စစ်ကိုင်းတိုင်းမှာဆိုရင် ကျမတို့ ရဲ့ လွှတ်တော်ကိုယ်စားလှယ်က ၉၂ ရာခိုင်နှုန်း ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ ၁ ရာခိုင်နှုန်းသော မဲဆန္ဒရှင်တွေက လက်မှတ်ထိုးလို့ လွှတ်တော် ကိုယ်စားလှယ်တာဝန်က ပြန်ရုပ်သိမ်းဖို့ဆိုတာကတော့ အဓိပ္ပာယ်မရှိဘူး။ ကျမတို့ ဒါကိုလည်း ကန့်ကွက်ပါတယ်။ ၁ ရာခိုင်နှုန်း ဆိုတာက အဓိပ္ပာယ်မရှိပါဘူး။ ကျမတို့က ၁ ရာခိုင်နှုန်းဆိုတာကို ကန့်ကွက်တယ်။ ၂၀ ရာခိုင်နှုန်း ပြင်ပေးဖို့ ကျမ တို့ တင်ပြထားပါတယ်။ ဒါအစပဲရှိသေးတယ်။ ၁ ရာခိုင်နှုန်းက လက်မှတ်ထိုးလို့ရှိရင် လုပ်ရမယ့် ကိစ္စတွေ အများ ကြီးပဲ။ လွှတ်တော်တခုအတွင်းမှာ အခြားအလုပ်တောင်လုပ်ဖို့ အချိန်မရှိတော့ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ကြံ့ခိုင်ရေးပါတီအတွင်း အပြောင်းအလဲသည် ရွေးကောက်ပွဲကို ထိခိုက်မှု မရှိသင့်ကြောင်း၊ ရှိလာမည်ဆိုလျှင်လည်း ဒီမိုကရေစီ နည်းလမ်းမကျကြောင်း၊ ရွေးကောက်ပွဲတွင် NLD ပါတီက ၁၀၀ ရာခိုင်နှုန်း အပြည့်အနိုင်ရရေး အရေးကြီး ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောဆိုသည်။

 

Did you find apk for android? You can find new Free Android Games and apps.