fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ကြံ့ခိုင်ရေးမဲပေးလျှင် ဆိုလာ ပြားတပ်ဆင်ပေးမည်ဟု မဲဆွယ်

ကြံ့ခိုင်ရေးကို မဲထည့်မယ်ဆိုရင် အမှန်ခြစ်ပြီး NLD ကို မဲထည့်မယ့် လူတွေ ကို တော့ ကြက်ခြေခတ် သွားတယ်။ နောက်ပြီး ဆိုလာပြားပေးမယ့်အထဲမှာ NLD ဆိုင်းဘုတ်တင်ထားတဲ့အိမ် ၆ အိမ် မပါဘူး လို့ပြောတယ်။ ဒါသက်သက် ကျနော် တို့ရွာသားတွေကို စိတ်ဝမ်း ကွဲပြားအောင် လုပ်နေတာ


Want create site? Find Free WordPress Themes and plugins.

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို မဲထည့်ပါက ဆိုလာပြား တပ် ဆင်ပေးမည်ဟု မဲဆွယ်စည်းရုံးမှုများ ရှိနေပြီး ယင်းမဲဆွယ်စည်းရုံးမှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သာယာဝတီမြို့နယ်သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဝင်းထွန်းဇော်က ပြောသည်။

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို မဲထည့်မည်ဆိုပါက
ဆိုလာ ပြား ပေးမည် ဟုပြောဆို၍ စည်းရုံးမှုများဆောင်ရွက်လျက်ရှိပြီး ဒေသခံများအကြား စိတ်ဝမ်းကွဲပြားမှုနှင့် မကျေနပ်မှုများကို ပေါ်ပေါက်စေကြောင်း ဒေသခံများက ဆိုသည်။

“ ခုဟာက ကျနော်တို့ကိုအချင်းချင်း စိတ်ဝမ်းကွဲအောင်လုပ်နေတာ။ ကြံ့ခိုင်ရေးက ညောင်ကောက်ကွေး ကျေးရွာ အုပ်စု စည်းရုံးရေးမှူးက ခိုင်းတယ် လို့ပြောတယ်။ ကြံ့ခိုင်ရေးကို မဲထည့်မယ့် အိမ်ဆိုရင်ဆိုလာပြားပေးမယ်လို့ပြောတယ်။
ပြီးတော့ ရာအိမ်မှူးကနေရွာသားတွေကို ဖိတ်ပြီး အိမ်ထောင်စုအလိုက် ကြံ့ခိုင်ရေးကိုမဲထည့်မှာလား NLD ကိုမဲထည့်မှာ လား မေးပြီးတော့ စာရင်းမှတ်တယ်။ ကြံ့ခိုင်ရေးကို မဲထည့်မယ်ဆိုရင်အမှန်ခြစ်ပြီး NLD ကို မဲထည့်မယ့် လူတွေ ကို တော့ ကြက်ခြေခတ် သွားတယ်။ နောက်ပြီး ဆိုလာပြားပေးမယ့်အထဲမှာ NLD ဆိုင်းဘုတ်တင်ထားတဲ့အိမ် ၆ အိမ် မပါဘူး လို့ပြောတယ်။ ဒါသက်သက် ကျနော် တို့ရွာသားတွေကို စိတ်ဝမ်း ကွဲပြားအောင် လုပ်နေတာ” ဟု ကမ်းပြိုကျေးရွာမှ ဒေသခံ ကိုအေးနိုင်က ဧရာဝတီသို့ ပြောသည်။

သာယာဝတီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဝင်းထွန်းဇော်က “ ဘယ်ပါတီ မဆို မျှမျှတတ ယှဉ်ပြိုင်စေချင်တယ်။ ဥပဒေ ကို ချိုးဖောက်ရင်တော့ ကျနော်တို့က ကန့်ကွက်သွားမှာပဲ။ အခုလည်း ဒီကိစ္စ ကို သက်ဆိုင်ရာကော်မရှင် ကိုအသိပေးမယ်။ ပါတီအနေနဲ့လည်း ခရိုင်၊ တိုင်း ၊ ဗဟိုအထိ တင်ပြသွားမယ် ၊ ကျန်တာ ဘာဆက် လုပ်မယ်ဆိုတာတော့ ပြောလို့မရသေးပါဘူး ” ဟု ပြောကြားသည်။

သာယာဝတီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရှိ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာ ရေးဝန်ကြီး ဦးမြင့်လွင်ဦး၏ သာယာဝတီမြို့ရှိ နေအိမ်တွင် ဆိုလာပြားများ ရောက်ရှိနေကြောင်း ဒေသခံများထံသိရှိရသည်။

ကြံ့ခိုင်ရေးပါတီဘက်ကမူ ဆိုလာပြားပေးမဲဆွယ်မှုနှင့်ပတ်သက်၍ တစုံတရာ မှတ်ချက်ပေး ဖြေကြားခြင်းမရှိပေ။

Did you find apk for android? You can find new Free Android Games and apps.