၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

NLD ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်း အရိုးအကြော ဆေးရုံတွင် ပြောင်းလဲ ကုသရမည်

မဲဆွယ်စည်းရုံးရေး ပြုလုပ်နေစဉ် တိုက်ခိုက်ခံရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်း ကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ ကြည့်မြင်တိုင် မြို့နယ်ရှိ အရိုး၊ အကြော ဆေးရုံသို့ ပြောင်းလဲကုသမှု ခံယူရမည် ဖြစ်ကြောင်း


Want create site? Find Free WordPress Themes and plugins.

မဲဆွယ်စည်းရုံးရေး ပြုလုပ်နေစဉ် တိုက်ခိုက်ခံရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်း ကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ ကြည့်မြင်တိုင် မြို့နယ်ရှိ အရိုး၊ အကြော ဆေးရုံသို့ ပြောင်းလဲကုသမှု ခံယူရမည် ဖြစ်ကြောင်း ဦးနိုင်ငံလင်း၏ ဇနီး မခင်စန္ဒာဝင်း က ပြောသည်။

လာမည့် တနင်္လာနေ့တွင် အရိုး၊ အကြော ဆေးရုံသို့ ပြောင်းလဲ တင်မည် ဖြစ်ပြီး ဓားဒဏ်ရာရရှိခဲ့သည့် လက်ချောင်းများ ပြန်လည် ကောင်းမွန်ရန် ထပ်မံ ခွဲစိတ်သွားမည် ဖြစ်ကြောင်းလည်း မခင်စန္ဒာဝင်းက ပြောပြသည်။

“ခေါင်းမှာ ထိတဲ့ ဒဏ်ရာကတော့ အသက်အန္တရာယ် စိုးရိမ်စရာ မရှိတော့ဘူးလို့ ပြောပါတယ်။ အခုထိတော့ ရန်ကုန် ဆေးရုံကြီးမှာ ရှိနေပါသေးတယ်။ လာမည့် တနလာၤနေ့မှာတော့ လက်ချောင်းလေးတွေက အကြောတွေ ပြတ်သွားတဲ့အတွက် အဲဒါကို ထပ်မံ ခွဲစိတ်ရမှာပါ”ဟုလည်း ၎င်းက ဆိုသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ ညပိုင်း ၉ နာရီခွဲခန့်က သာကေတမြို့နယ်အတွင်း မဲဆွယ်စည်းရုံးရေး အလှပြယာဉ်ဖြင့် လှည့်လည် နေစဉ် သာကေတမြို့နယ် မာန်ပြေ ၈ လမ်းထိပ် အရောက်တွင် ဓားရှည်များ ကိုင်ဆောင်ထားသူ ၃ ဦးက NLD စည်းရုံးရေး အဖွဲ့ဝင် များအား ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စည်းရုံးရေး ဆင်းနေသူ ဦးနိုင်ငံလင်းသည် ဘယ်လက်နှင့် ဦးခေါင်းတို့တွင် ထိခိုက်ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး ရန်ကုန် ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်၍ ဆေးကုသမှု ခံယူနေရခြင်း ဖြစ်သည်။

ဦးနိုင်ငံလင်းသည် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် NLD ပါတီ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် လောင်း အဖြစ် သာကေတမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

လတ်တလော ဦးနိုင်ငံလင်း၏ ကျန်းမာရေးအတွက် ကူညီ စောင့်ရှောက်ပေးနေသော ဒေါက်တာ တင်မျိုးဝင်းက“လိုအပ်လာလို့ ရှိရင် အရွတ်ကို ပြင်ဆင်တာတွေ လုပ်ရမှာပေါ့။ ကျန်တာတွေတော့ အားလုံးကောင်းပါတယ်။ ဦးနှောက်မှာလည်း CT Scan ရိုက် လိုက်တယ်။ အထဲမှာ သွေးဆင်းနေတာတွေ၊ သွေးထွက်နေတာတွေ ဘာမှ မတွေ့ဘူး။ အားလုံးကောင်းပါတယ်”ဟု ပြောသည်။

ဦးနိုင်ငံလင်း၏ ဦးခေါင်းကို ၁၀ ချက် ချုပ်ခဲ့ပြီး ယနေ့ မွန်းလွဲပိုင်း ၃ နာရီခန့်က မေးမြန်းစုံစမ်းချက်များအရ အစားအစာများ စားသောက် နေပြီ ဖြစ်ကြောင်း၊ စကားများလည်း ပြောနိုင်နေပြီ ဖြစ်ကြောင်း မခင်စန္ဒာဝင်း ကလည်း ပြောပြသည်။

ယင်းသို့ ဓားဖြင့် တိုက်ခိုက်ခံရမှုတွင် ဦးနိုင်ငံလင်း အပါအဝင် ပါတီဝင် နှစ်ဦးပါ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သော်လည်း စိုးရိမ်ရသည့် အခြေအနေ မရှိကြောင်း စုံစမ်းသိရှိရသည်။

ယင်းသို့ ပါတီဝင်များ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ၎င်းတို့အနေဖြင့် သာကေတမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု NLD က ပြောသည်။

“ဒါက ရာဇဝတ်မှုပဲ။ ပြင်းထန်နာကျင်အောင် လုပ်ဆောင်တာ၊ နောက်ပြီး နဂိုကတည်းက NLD မဲဆွယ် စည်းရုံးရေးကို ဓားနဲ့ ခုတ် မယ်ဆိုတဲ့ ကြိုတင်ကြံစည်မှုကလည်း ရှိနေတယ်။ ဒါတွေကို တရားဥပဒေ လမ်းကြောင်းအတိုင်း ဆောင်ရွက်မှာပါ”ဟု ရန်ကုန် တိုင်း တာမွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း၊ လက်ရှိ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပြသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသူ တရားခံ ၃ ဦးဖြစ်သည့် ဇော်လတ် (အဘ – ဦးဝင်းအောင်)၊ ထက်အောင်နိုင် (အဘ – ဦးအောင်သိန်း)၊ မျိုးမင်းနိုင် (အဘ – ဦးရန်နိုင်) တို့ကို (ပ)၆၀၉/၂၀၁၅၊ ပြစ်မှု ပုဒ်မ ၃၂၆(ချွန်ထက်သည့် အရာဖြင့် အပြင်းအထန် နာကျင်စေမှု)၊ ပုဒ်မ ၃၂၃(တုံးသော အရာဖြင့် ထိခိုက်နာကျင်စေမှု)၊ ပုဒ်မ ၂၉၄(ဆဲဆိုမှု)၊ ပုဒ်မ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း သာကေတမြို့နယ် ရဲစခန်းက ပြောသည်။

“ကျနော်တို့ တရားခံ ၃ ဦးကိုလည်း လက်ရ ဖမ်းမိပြီးပါပြီ။ နောက်ပြီး သက်သေခံ ဓားကိုလည်း သိမ်းဆည်းပြီးပါပြီ။ တရားခံက ၃ ဦး ပါ။ အခု ခိုင်မာတဲ့ အမှု တည်ဆောက်နိုင်အောင် လိုအပ်တဲ့ သက်သေတွေကို ဆက်လက် စစ်ဆေးနေပါတယ်”ဟု သာကေတ ရဲစခန်းမှူး က ဆိုသည်။

ယနေ့တွင် အမှုနှင့်ပတ်သက်ပြီး တရားလိုဘက်မှ သက်သေ ၉ ဦးကို ရဲစခန်းတွင် စစ်ဆေးခဲ့ကြောင်း သက်သေတဦး အဖြစ် သွားရောက်စစ်ဆေးခံခဲ့သည့် သာကေတ မြို့နယ် ပြည်နယ်လွှတ်တော် (၂) မှ NLD ကိုယ်စားလှယ်လောင်း ဒေါ်သက်ထားနွယ်ဝင်းက ပြော သည်။

Did you find apk for android? You can find new Free Android Games and apps.