fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

Sexy မော်ဒယ်လ် တဦးလျှင် ငွေ ၁၀ သိန်းပေး ဖျော်ဖြေခိုင်းသည့် ကြံ့ခိုင်ရေးမဲဆွယ်ပွဲ ဝေဖန်ခံရ

သူတို့ပါတီ က မဲဆွယ်ပေးစရာလည်းမလိုဘူး။ မဲပေးပေးဖို့လည်းမဟုတ်ဘူး ။ သီချင်း ဖျော်ဖြေ ပေးဖို့ တရို တသေနဲ့ လာငှားတယ်။ ၁၀ သိန်းရတယ်။ ကျမတို့က တခုခုလုပ်တာနဲ့ စိတ်ဝင်တစား စောင့်ကြည့် နေတာ ဆို တော့ အခုလိုဝေဖန်ခံရတာလည်း တဖက်တလမ်း က နာမည်ကြီးတယ်လို့ ယူဆတယ်


Want create site? Find Free WordPress Themes and plugins.

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) က မဲဆွယ်စည်းရုံးရေး ဖျော်ဖြေပွဲများအတွက် ဇွန်သဉ္စာ၊ ဇာဇာထက် အပါအဝင် Sexy မော်ဒယ်တဦးလျှင် ငွေကျပ် ၁၀ သိန်းပေး၍ ငှားရမ်းဖြေဖျော်ခဲ့ရာယင်းသို့ ဖျော်ဖြေမှု နှင့် ပတ်သက်၍ ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ တွင် နိုဝင်ဘာလ ၁ ရက်နေ့နှင့် ၂ ရက်နေ့ ကျင်းပ ပြုလုပ်ခဲ့သည့် ကြံ့ခိုင်ရေးပါတီ၏ မဲဆွယ် စည်းရုံး ဖျော်ဖြေပွဲ တွင် Sexy မော်ဒယ်လ် များအသုံးပြုခဲ့ခြင်းသည် လူထုစိတ်ဝင်စားကာ ရွေးကောက်ပွဲတွင် မဲနိုင်ရန် နည်း လမ်း မျိုးစုံ အသုံးပြုနေခြင်းလားဟု လူမှုကွန်ရက်စာမျက်နှာများတွင် မေးခွန်းထုတ်၍ ဝေဖန်ပြောဆိုမှုများစွာ ရှိနေသည်။

ကြံ့ခိုင်ရေးပါတီက Sexy မော်ဒယ်လ်များဖြစ်သည့် ဇွန်သဉ္ဖာနှင့် ဇာဇာထက် တို့ အပါအဝင် မော်ဒယ်၊ အနုပညာရှင် ၅ ဦး ကို တဦးလျှင် ငွေကျပ် ၁၀ သိန်း နှုန်းဖြင့် ငှားရမ်းကာ ဖျော်ဖြေစေခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မော်ဒယ်လ် ဇာဇာထက်က “သူတို့ပါတီ က မဲဆွယ်ပေးစရာလည်းမလိုဘူး။ မဲပေးပေးဖို့လည်းမဟုတ်ဘူး ။ သီချင်း ဖျော်ဖြေ ပေးဖို့ တရိုတသေနဲ့ လာငှား တယ်။ ၁၀ သိန်းရတယ်။ ကျမတို့က တခုခုလုပ်တာနဲ့ စိတ်ဝင်တစား စောင့်ကြည့် နေတာ ဆို တော့ အခုလိုဝေဖန်ခံရတာလည်း တဖက်တလမ်း က နာမည်ကြီးတယ်လို့ ယူဆတယ်။ အနုပညာရှင်တယောက်က အနု ပညာ အလုပ်လုပ် နေတာလို့ပဲ ယူဆတယ်”ဟု ပြောဆိုသည်။

ကြံ့ခိုင်ရေးပါတီ သည် “အမျိုးသားရေး”၊ “အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး”နှင့် “ယဉ်ကျေးမှု ထိန်းသိမ်းရေးများ” လုပ်ဆောင်နေသည်ဟုဆိုကာ မကြာခဏပြောဆို မဲဆွယ်စည်းရုံးနေရာမှ Sexy မော်ဒယ်များဖြင့် မဲဆွယ်မှုသည် မဲရရန် နည်းမျိုးစုံ သုံးမည့်  အခြေအနေကို ထင်ဟတ်စေရာ ဝေဖန်မှုများ မြင့်တက်လာခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ တာဝန်ရှိသူ တဦးက “အနုပညာရှင်ဖြစ်လို့ ငှားတာပဲ။ ဘာမှပြောစရာမရှိဘူး”ဟု ဧရာဝတီသို့ တုံ့ပြန်ပြောဆိုသည်။

ပါတီ၏ မဲဆွယ်စည်းရုံး ဖျော်ဖြေပွဲတွင် သီချင်းသီဆိုခဲ့သူ ဇာဇာထက် ကလည်း ကြံ့ခိုင်ရေး ပါတီ သာမက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊ တိုင်းရင်းသားပါတီများမှ မဲဆွယ်စည်းရုံးပွဲများတွင် ဖျော်ဖြေပေးရန် ငှားရမ်းခဲ့ပါက လည်း သီဆိုပေးရန် အဆင့်သင့်ရှိနေကြောင်း၊ ကြံ့ခိုင်ရေး ပွဲတွင် သီဆိုခဲ့သူ အနုပညာရှင် များ၏ နာမည်ကို ထုတ်ဖော်ပြောကြားရန် အဆင်မပြေကြောင်းနှင့် အောင်မြင်သည့်အနုပညာရှင်ဖြစ်ရန် ကြိုးစား နေဆဲဖြစ်သလို ပြည့်စုံသည့်အခြေအနေလည်း မဟုတ်သဖြင့် လိုက်ပါသီဆို ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ကျောက်ဖြူမြို့ ဒေသခံများကမှု USDP ပါတီ ၏ ဖျော်ဖြေပွဲကို စိတ်ဝင်စားမှု နည်းကြောင်း၊ ရမ်းဗြဲမြို့နယ်ဒေသခံ များကို စည်းရုံးခေါ်ဆောင်လာကာ ပွဲကြည့်စေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဘယ်သူတွေက ဘယ်လိုဆက်ဆံနေတယ် တိုင်းရင်းသားတွေအပေါ် ဘယ်လိုလုပ်တယ်ဆိုတာ ပြည်သူတွေသိတယ်။ သိရသလောက်တော့ သူတို့ပါတီပွဲကို လာတာ ရမ်းဗြဲကဒေသခံတွေကို ခေါ်လာတာ။ ကျောက်ဖြူက လူထု က စိတ်မဝင်စားဘူး။ အချိန်တန်ရင် ကိုယ့်လူမျိုးပါတီပဲ မဲပေးမှာ”ဟု ကျောက်ဖြူမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန် က ပြောသည်။

မျိုးစောင့်ဥပဒေများကို လက်မှတ်ရေးထိုးခဲ့သည့် သမ္မတ ဦးသိန်းစိန် ဥက္ကဋ္ဌ တာဝန်ယူထားသည့် ကြံ့ခိုင်ရေး ပါတီ ကို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးကို လုပ်ဆောင်နေသဖြင့် ဆက်တိုက်ထောက်ခံအားပေးနေသည့် မဘသ အဖွဲ့ အစည်းမှာလည်း ယခုကိစ္စတွင် ဝေဖန်ရန် နှုတ်ဆိတ်နေဆဲဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.