fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သူ့အတွေး သူ့အမြင်

သမိုင်းတန်ဖိုးနဲ့ အဆုံးအဖြတ်

ဘယ်ပါတီပဲ အများစုရရ၊ ဘယ်ပါတီကပဲ သမ္မတ ဖြစ်ပြီး အစိုးရအဖွဲ့ကို ဖွဲ့ဖွဲ့ အရေးကြီးဆုံးကတော့ နိုင်ငံရေးတည်ငြိမ်မှုကို ဆက်လက် ထိန်းသိမ်းပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို တည်ငြိမ်အေးချမ်းစွာ ဆက်လက် ဆောင်ရွက်သွားနိုင်ဖို့ပဲ ဖြစ်သည်။


Want create site? Find Free WordPress Themes and plugins.

“လူတယောက်ရဲ့ တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံး ပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ် ဆိုတယ်ဆိုတဲ့ အချက်နဲ့တိုင်းတာရမှာပဲ” – ဗန်းမော်တင်အောင်

ကျနော်တို့ ဖြတ်သန်းခဲ့သည့် အထက်တန်းကျောင်းသား၊ တက္ကသိုလ်ကျောင်းသား ဘ၀ ၁၉၇၀ ပြည့်လွန်နှစ်များသည် ဆိုရှယ်လစ်အယူအဆ တနည်းဆိုရသော် လက်ဝဲ အယူအဆတွေ အားကောင်းမောင်းသန်ဖြစ်ခဲ့သော အချိန်ကာလဖြစ်သည်။ ထိုအချိန်က ကျနော်တို့၏ စံပြုသူရဲကောင်းများထဲတွင် ဆရာဗန်းမော်တင်အောင်လည်း ပါသည်။ ဒါ့ကြောင့် အဲဒီအချိန်က နိုင်ငံရေးခေါင်းဆောင်များ၏ နိုင်ငံရေးရေချိန်ကို ချိန်ထိုးရာတွင် ဆရာဗန်းမော်တင်အောင်၏ အဆိုအမိန့်က စံတခု ဖြစ်ခဲ့သည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နယက) လက်ထက် တွင် အစိုးရအကြီးအကဲများအနေဖြင့်လည်းကောင်း၊ အစိုးရအဖွဲ့ကိုယ်စား ထိုစဉ်က ပြန်ကြားရေး ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းကလည်းကောင်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ သံတမန်များ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံသည့်အခါတိုင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကျင်းပမည့် ရွေးကောက်ပွဲများသည် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်၏ ပန်းတိုင်မဟုတ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် (Process) ၏ အစသာဖြစ်ကြောင်း၊ နောက်ထပ် စဉ်ဆက်မပြတ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

ထို့ကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၁ ခုနှစ်တွင် ပေါ်ပေါက်လာသည့် အစိုးရ၊ တနည်းအားဖြင့် ထိုအစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခဲ့သည့် သမ္မတ ဦးသိန်းစိန် ပခုံးပေါ်ကျလာသည့်တာဝန်ကား မြန်မာ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို တည်ငြိမ်အေးချမ်းစွာ ဆောင်ရွက်ရန်၊ မြန်မာ့နို်င်ငံရေးတွင် ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံးပါဝင်လာအောင် ကြိုးပမ်းဆောင်ရွက်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဆက်လက်ဖော်ဆောင်ရန် ဖြစ်သည်ဟု ဆိုရပါမည်။

သမ္မတကြီးအနေဖြင့် ထိုတာဝန်ကို မည်မ ျှအောင်မြင်အောင် ထမ်းဆောင်နိုင်ခဲ့ပြီလဲ။ မြန်မာနိုင်ငံနှင့်အတူ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို တပြိုင်တည်းလိုလို စတင်ခဲ့သည့် အီဂျစ်၊ လစ်ဗျား၊ ဆီရီးယား၊ ယီမင် စသည့် နိုင်ငံများ၏ ကြေကွဲဖွယ်ရာ အဖြစ်အပျက်များက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် အောင်မြင်မှုကို သက်သေပြခဲ့ပြီးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် အမျိုးသားညီလာခံနှင့် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည့် ပါတီတွေ ၂၀၁၂ နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပါဝင်လာတာ၊ နောက်ထပ် နိုင်ငံရေးပါတီတွေ ပေါ်ပေါက်လာတာ၊ ကိုမင်းကိုနိုင်တို့ ခေါင်းဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသားတွေ နိုင်ငံရေးနယ်ပယ်မှာ တက်ကြွစွာ ပါဝင်လှုပ်ရှားနေတာ၊ မြန်မာနိုင်ငံသမိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် နိုင်ငံရေးအရ အဖြေရှာမှုကို ဦးတည်သည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်ကို အတည်ပြုနိုင်တာတွေက သွေးမြေမကျသည့် မြန်မာ့ ပြု ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ၏ အောင်မြင်မှုပင် ဖြစ်သည်။

ဒီလိုအောင်မြင်မှုတွေရဖို့ အင်အားစုအားလုံး ပါဝင်ဆောင်ရွက်ခဲ့သည်မှာ မှန်သော်လည်း အဲဒီလိုအောင်မြင်မှုတွေ ရနိုင်ဖို့ လိုအပ်သည့် နိုင်ငံရေးယဉ်ကျေးမှုနှင့် ပတ်ဝန်းကျင်ကို သမ္မတ ဦးသိန်းစိန်က ဖော်ဆောင်ပေးခဲ့သည်ကိုတော့ အားလုံးလက်ခံရမည်သာ ဖြစ်သည်။

မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်ကြည့်လျှင် လွတ်လပ်ရေးရယူရန်အတွက်၊ ဒီမိုကရေစီကို ဖော်ဆောင်နိုင်ရန်အတွက်၊ ဆိုရှယ်လစ်စနစ်ကို ဖော်ဆောင်နိုင်ရန်အတွက်၊ အသွင်ကူးပြောင်းရေးကို ဖော်ဆောင်ရန်အတွက် သမိုင်းပေးတာဝန်ကို ပခုံးပေါ်တင်ပေးခံရသည့် ခေါင်းဆောင်အများအပြားရှိသည်။ ဘယ်သူတွေက အဲဒီတာဝန်ကို ထမ်းဆောင်နိုင် ခဲ့သည်၊ ဘယ်သူတွေက လုပ်ပါ့မယ် တဖွဖွပြောရင်း ဆယ်စုနှစ်များစွာသာ ကြာခဲ့ပြီး အပြောသာရှိ အလုပ်နဲ့ သက်သေ မပြနိုင်သည်၊ ဘယ်သူတွေက အပြောတခြား၊ အလုပ်တခြား လုပ်ခဲ့သည်ကို ပြန်ကြည့်လျှင် တွေ့နိုင်သည်။

သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ်ပါ ပူးတွဲတာဝန်ထမ်းဆောင်ရသည့် ကျနော့်ကို နိုင်ငံတကာမီဒီယာများက သမ္မတကြီးဦးသိန်းစိန်က ဘယ်လိုခေါင်းဆောင်မျိုးလဲဟု မကြာခဏ အမေးခံရသည်။ ကျနော်က ကိန်းဂဏန်းတွေနဲ့မပြော၊ အချက် ၂ ခုသာ ပြောခဲ့သည်။

ပထမအချက်ကတော့ သမ္မတကြီးဦးသိန်းစိန်သည် တံခါးပိတ်သူမဟုတ်၊ တံခါးဖွင့်သူဖြစ်သည်ဆိုသည့်အချက်ဖြစ်သည်။ သမ္မတကြီးသည် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ပိတ်ထားသည့် တံခါးများကို ဖွင့်ပေးခဲ့သူ၊ ပိုပြီး ပွင့်လာအောင်ကြိုးစားနေသူဖြစ်သကဲ့ သို့ ယခင်က နိုင်ငံသားများအပေါ် ပိတ်ထားသည့် အခြေခံလူ့အခွင့်အရေးများ၊ နိုင်ငံရေး စီးပွားရေး အခွင့်အရေးများကို ဖွင့်ပေးခဲ့သူဖြစ်သည်ဟု ရှင်းပြသည်။

ဒုတိယအချက်ကတော့ သမ္မတကြီးဦးသိန်းစိန်သည် ကွာဟချက်များကို ကျဉ်း မြောင်းစေသူဖြစ်သည်၊ ကျယ်ပြန့်စေသူမဟုတ်ဆိုသည့်အချက်ဖြစ်သည်။ သမ္မတကြီးသည် မတူကွဲပြားနေသည့် နိုင်ငံရေးအုပ်စုများ အကြား၊ တိုင်းရင်းသားအဖွဲ့အစည်းများ အကြား၊ မြို့ပြနှင့်ကျေးလက်ကြား၊ ပြည်မနှင့် ပြည်နယ်များအကြား ကွာဟချက်များကို နည်းနိုင်သမ ျှ နည်းအောင် လုပ် ဆောင်ပေးနေသည် ဟု ရှင်းပြသည်။

ဒီ်မိုကရေစီစနစ်၏ အရေးကြီးသည့် လက္ခဏာတခုမှာ အခိျိန်မှန် ကျင်းပသည့် လွတ်လပ်ပြီး တရားမ ျှတသည့် ရွေးကောက်ပွဲများနှင့် ထိုရွေးကောက်ပွဲများမှ ပေါ်ထွက်လာသည့် အစိုးရများကို အေးချမ်းစွာ စနစ်တကျ တာဝန်လွှဲပြောင်းပေးခြင်းပင် ဖြစ်၏။

ထို့ကြောင့်လည်း နိုင်ငံတော်သမ္မတက ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့ ညက မဲဆန္ဒရှင်ပြည်သူများကို မိန့်ခွန်းပြောရာတွင် “ဝင်ရောက် ယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေး အင်အားစုများ အားလုံးအနေနဲ့လည်း မဲဆန္ဒရှင်ပြည်သူများရဲ့ အဆုံးအဖြတ်ကို တညီတညွတ်တည်း သဘောထားကြီးကြီး လက်ခံကြရမှာ ဖြစ်ပါတယ်။ ကျနော်တို့ အစိုးရ၊ တပ်မတော် အနေနဲ့ တရားမျှတ လွတ်လပ်တဲ့ ရွေးကောက်ပွဲများရဲ့ ရလဒ်ကို လေးစားလိုက်နာ သွားမှာဖြစ်ကြောင်းကို ထပ်မံပြောကြားလိုပါတယ်” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒီတော့ ရွေးကောက်ပွဲကြီးကနေ ဘယ်ပါတီပဲ အများစုရရ၊ ဘယ်ပါတီကပဲ သမ္မတ ဖြစ်ပြီး အစိုးရအဖွဲ့ကို ဖွဲ့ဖွဲ့ အရေးကြီးဆုံးကတော့ နိုင်ငံရေးတည်ငြိမ်မှုကို ဆက်လက် ထိန်းသိမ်းပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို တည်ငြိမ်အေးချမ်းစွာ ဆက်လက် ဆောင်ရွက်သွားနိုင်ဖို့ပဲ ဖြစ်သည်။

ထိုတာဝန်သည်ပင် နောင်ပေါ်ပေါက်လာမည့် သမ္မတနှင့် အစိုးရအဖွဲ့၏ ပခုံးပေါ်သို့ ကျရောက်လာမည့် သမိုင်းတာဝန်ပင် ဖြစ်ပါသည်။ အဲဒီတာဝန်ကို ဘယ်သူ့ကိုပေးမလဲ ဆိုတာကတော့ ပြည်သူတွေရဲ့ အဆုံးအဖြတ်ပဲဖြစ်သည်။ အားလုံး စဉ်းစားဆုံးဖြတ်ရွေးချယ်မဲပေးကြပါစို့။

(ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သူ၏ ကိုယ်ပိုင် ဖေ့ဘွတ်စာမျက်နှာတွင် ရေးသားထားသော အမြင်သဘောထားကို ဧရာဝတီက ခွင့်ပြုချက် တောင်းယူ၍ တဆင့်ပြန်လည်ဖော်ပြသည်)

Did you find apk for android? You can find new Free Android Games and apps.