Party
အသေးစိတ်
ရုံးချုပ်
ဗဟန်းမြို့နယ်၊ ရန်ကုန်
"ကျွန်ုပ်တို့ ဆောင်ရွက်နိုင်သည်"

အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) သည် ရွေးကောက်ပွဲကို သပိတ်မှောက်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ထွက်ခွါခဲ့ကာ ၂၀၁၀ တွင် နိုင်ငံရေးပါတီ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲ တွင် နိုင်ငံလုံးအနှံ့ ယှဉ်ပြိုင်ခဲ့သော အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်ကာ ၁၆၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြည်ထောင်စု လွှတ်တော် နှင့် ဒေသဆိုင်ရာ ဥပဒေပြုရေး လွှတ်တော်တို့တွင် ၁၆ နေရာ အနိုင်ရရှိခဲ့သည်။

NLD ပါတီက ရွေးကောက်ပွဲ ပြန်လည်ဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည့်အခါတွင် NDF ပါတီ၏ လူကြိုက်များမှု များ လျော့ကျသွားခဲ့ပြီး NDF အဖွဲ့ဝင် အတော်များများလည်း ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ပါတီ သို့ ၂၀၁၂ တွင် ပြန်လည် မှတ်ပုံတင်ပြီးနောက် ပြောင်းရွှေ့သွားခဲ့သည်။ နိုဝင်ဘာလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲ သို့ NDF မှ ကိုယ်စားလှယ်လောင်း ၂၇၄ ဦး ပါဝင်ယှဉ်ပြိုင်မည်ဟု စာရင်းပေးထားသည်။

အနီရောင်ဖြင့်ပြထားသော ပြည်နယ်များ တိုင်းဒေသကြီးများသည် အဆိုပါတီ၏ ပြည်ထောင်စုအဆင့် သို့မဟုတ် ဒေသအဆင့် ကိုယ်စားလှယ်များ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် နေရာများ ဖြစ်သည်။

အလံ
အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) Flag
Major Players
  • ဦးခင်မောင်ဆွေ

    အသက် ၇၃ နှစ်အရွယ် NDF ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေ သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၏ ဗဟိုကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး NLD က ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ် လိုက်ပြီးသည့်အခါ ပါတီမှ ထွက်ခွါခဲ့ပြီး NDF ကို ထူထောင်ခဲ့သည်။